ခရမ်းလွန်ရောင်ခြည်နှင့် နွေရာသီ

ခရမ်းလွန်ရောင်ခြည်နှင့် နွေရာသီ
Published 5 May 2024
ဒေါက်တာလွင်သန့်

နွေရာသီရောက်ပြီဆိုရင် အခြားရာသီဥတုတွေထက်နေရောင်ခြည်နဲ့ထိတွေ့မှုပိုများလာပါတယ်။ သည်အချိန်မှာ အဓိကဒုက္ခပေးနိုင်တဲ့၊ မမြင်ရတဲ့ရန်သူကတော့ခရမ်းလွန်ရောင်ခြည်ပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်လှိုင်းအရှည်ကိုနာနိုမီတာ(Nanometer)ဆိုတဲ့ယူနစ်နဲ့တိုင်းတာပါတယ်။ အတိုအနေနဲ့(nm)လို့ရေးပါတယ်။တစ်နာနိုမီတာဆိုတာ တစ်မီတာရဲ့တစ်ဘီလျံပုံရင်တစ်ပုံပဲရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်တွေဟာနာနိုမီတာ(၁၀၀-၄၀၀)ကြားရှိပါတယ်။နာနိုမီတာ ၄ဝဝအထက်ရှိမှသာ မျက်စိနဲ့မြင်ရတဲ့အလင်းတန်းဖြစ်လို့ခရမ်းလွန်ရောင်ခြည်ရောင်စဉ်ကိုမြင်ရတဲ့အလင်းတန်းလို့ဆိုနိုင်ပါတယ်။ လှိုင်းအတိုအရှည်ပေါ်အခြေခံပြီး သုံးမျိုးခွဲထားပါသေးတယ်။

ခရမ်းလွန်ရောင်ခြည်အေ(A)က (၃၁၅-၄၀၀)နာနိုမီတာ(nm)အထိရှိပါတယ်။ရှည်ပါတယ်။ခရမ်းလွန်ရောင်ခြည်ဘီ(B)က(၂၈၀-၃၁၅)နာနိုမီတာ(nm)အထိရှိတယ်။ အလယ်အလက်ဖြစ်တယ်။ စီ(င)ကအတိုဆုံးဖြစ်ပြီး(၁၀၀-၃၁၅)နာနိုမီတာ(nm)အထိပဲရှိတယ်။ လှိုင်းတိုလေ အန္တရာယ်ပေးလေမို့ခရမ်းလွန်ရောင်ခြည်စီဟာ အဆိုဆုံးရန်သူပဲဖြစ်ပါတယ်။ ဒုတိယပြင်းအားများတဲ့ရန်သူက ခရမ်းလွန်ရောင်ခြည်ဘီ(B)ဖြစ်တယ်။ အရေပြားနေလောင်စေပြီး နီရဲသွားတာဟာ (ဘီ)ကြောင့်ဖြစ်တယ်။

သက်ရှိသတ္တဝါတွေနဲ့သစ်ပင်တွေအားလုံးအတွက်အဆိပ်လိုအန္တရာယ်ရှိတဲ့ခရမ်းလွန်ရောင်ခြည်က လေထုထဲကအိုဇုန်းလွှာကြီးကအပြည့်အဝစုပ်ယူထားလို့ အားလုံးကံကောင်းနေကြတာပဲဖြစ်တယ်။

ခရမ်းလွန်ရောင်ခြည်ဘီကိုလည်း အိုဇုန်းလွှာနဲ့ရေနွေ့တွေကကာကွယ်ပေးထားပေမယ့် ၁၀ ရာခိုင်နှုန်းလောက်မြေပြင်ကိုရောက်လာပါတယ်။

လှိုင်းရှည်တဲ့ခရမ်းလွန်ရောင်ခြည်အေ(၃၁၅-၄၀၀)နာနိုမီတာ(nm)ကတော့မြေကမ္ဘာကိုအတာအဆီးမဲ့ အပြည့်အဝကိုအင်နဲ့အားနဲ့ဆင်းလာပါတယ်။အာကာသကြီးကသူကိုမကာကွယ်နိုင်ရှာဘူး။ သည့်အတွက်လူသားတွေရင်ဆိုင်ရတာက ခရမ်းလွန်ရောင်ခြည်အေကအများဆုံးဖြစ်ပါတယ်။ စီကတော့အနည်းအကျဉ်းပါပါတယ်။ ဒါပေမဲ့ ခရမ်းလွန်ရောင်ခြည်အေကတော့ မြေကမ္ဘာကိုအတားအဆီမရှိအပြည့်အဝကိုအင်နဲ့အားနဲ့ဆင်းလာပါတယ်။ အာကာသကြီးကသူကိုမကာကွယ်နိုင်ရှာပါဘူး။ သည်တော့လူသားတွေရင်ဆိုင်ရတာကခရမ်းလွန်ရောင်ခြည်အေ(A)ကအများဆုံးဖြစ်တယ်။(B)ဘီကတော့အနည်းအကျဉ်းပါတယ်။(အေ)ရော(ဘီ)ပါဆိုးကျိုးတွေပေးပါတယ်။

                လူခန္ဓာကိုယ်အရေပြားဟာခန္ဓာကိုယ်ရဲ့အပြင်ဘက်ဆုံးအကြီးမားဆုံးခံတပ်ကြီးဖြစ်ပါယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ထိပ်တိုက်တွေ့ရပါတယ်။ ဆိုရရင် ခရမ်းလွန်ရောင်ခြည်ရဲ့အနေအထားအခံရဆုံး၊ ဒဏ်ရာအရဆုံး၊ကိုယ်အင်္ဂါဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ရဲ့ထိုးနှက်ချက်တွေခံရရှာတယ်။ အိုဇုန်းလွှာရဲ့ရေငွေ့တွေကိုတောင်ထီမထင်ဘဲ တိုးဖောက်လာခဲ့တဲ့ ခရမ်းလွန်ရောင်ခြည်အေဟာ အရေပြားနဲ့အလယ်လွှာအထိကိုဝင်ရောက်သွားနိုင်ပါတယ်။

          ခရမ်းလွန်ရောင်ခြည်ဘီကတော့ အရေပြားရဲ့အပေါ်လွှာအထိပဲထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။ သည်လိုဝင်ရောက်လာတဲ့မမြင်ရတဲ့ရန်သူရောင်စဉ်တွေကိုအရေပြားကလည်းမယ်လာနိုင်ဆိုဆေးဓာတ်တွေနဲ့ဖမ်းယူပေးတယ်။ အဖိုးတန်အရေပြားလာလာပ်စည်းတွေနေမခရလေအောင် မယ်လာနင်ဓာတ်ကထီးလိုမိုးပေးထားတယ်။ ဒါပေမဲ့ နေပြင်းပြင်းထိဖန်ဖျားရင်တော့ အပြည့်အဝကာကွယ်မှုမပေးနိုင်ပါဘူး။ အသားညို၊အသားမည်းသူတွေမှာမယ်လနင်ဓာတ်များတော့နေဒဏ်ကိုပိုပြီးခံနိုင်ရည်ရှိတယ်။ မယ်လာနင်နည်းတဲ့အသားဖြူသူတွေကတော့ နေထိမခံနိုင်ရှာပါဘူး။ နေပြင်းပြင်းခဏထိတာနဲ့အသားလောင်ပါတယ်။ ပင်ကိုရှိပြီးသားဝက်ခြံ၊တင်း၊ထိပ်၊မှဲ့ခြောက်၊အရေပြားလေးဖက်နာပြသာနာတွေကိုပိုဆိုးစေကာလည်း ခရမ်းလွန်ရောင်ခြည်တွေပါပဲ။

                အချို့ဆေးတွေသောက်ပြီးတဲ့အခါ နေနဲ့ထိတွေလို့အသားမည်းသွားတာ၊ ယားတာ၊အဖုအပိမ့်၊ အင်ပြင်ထွက်ကာလည်းခရမ်းလွန်ရောင်ခြည်ရဲ့ပယောဂပါပဲ။ပြောရရင်နေကိုကြောက်တဲ့သောက်ဆေးအများကြီးရှိသလို နေပူမထိသင့်တဲ့အရေပြား၊ရောဂါတွေလည်းအများကြီးရှိပါတယ်။

             ခရမ်းလွန်ရောင်ခြည်တွေကြောင့်အရေပြားမှာ ပြဿနာတွေများလှပါတယ်။ စစ်စစ်ပေါက်ပေါက်ရေတွက်ရင်များပါတယ်။သာမန်နေလောင်တာ(sun Burn)ကနေအရေပြားကင်ဆာအထိအမျိုးစုံရှိပါတယ်။ အရေပြားမှာယားတာ၊ အဖုအပိမ့်ထွက်တာစတဲ့လတ်တလောဆိုးကျိုးတွေရှိသလို နှင်းခူ၊အသားအရောင်ရင့်ကာအိုစာတာ၊ ကင်ဆာဖြစ်တာစတဲ့ရေရှည်ပြဿနာတွေကလည်းအများကြီးဖြစ်တယ်။

               တစ်ဖက်တည်းဆိုရရင် အရေပြားတွေနဲ့အတူ မျက်စိပြဿနာ(contarast)တွေလည်းရှိနေပါတယ်။ နေဒဏ်ကြောင့်ကြားရင်မျက်စိအတွင်းတိမ်စွဲခြင်း(Contract)ဖြစ်ကာ မျက်လုံးကွယ်တဲ့အထိဖြစ်တတ်ပါတယ်။

              ခရမ်းလွန်ရောင်ခြည်က လူသားအပေါ်ကောင်းကွက်အချို့ရှိပါတယ်။ ခရမ်းရောင်ဘီနဲ့ထိတွေ့မှသာ အရေပြားကဗီတာမင်ဒီကိုချက်လုပ်ပေးနိုင်မှာဖြစ်တယ်။ဗီတာမင်ဒီ လုံလုံလောက်လောက်ရှိမှသာစားတဲ့သောက်တဲ့အစားအစာတွေထဲမှာကယ်ဝီယမ်ဓာတ်ကိုအူတွေကသွေးထဲရောက်သွားအောင်စုပ်ယူပေးနိုင်ပါတယ်။ကယ်လဆီယမ်ဓာတ်များရင် အားလုံးသိကြတဲ့အတိုင်း အရိုးအဆစ်သန်မာစေတယ်။ တစ်နည်းဆိုရရင်အရိုးအဆစ်သန်မာစေဖို့ခရမ်းလွန်ရောင်ခြည်ပြကြစို့လိုတောင်ပြောရမလိုဖြစ်တယ်။ နံနက်ခင်း ၁၀ နာရီမတိုင်မီ နေရောင်ခံသင့်ပါတယ်။

            ဒါပေမဲ့ လူတစ်ယောက်ဟာ တစ်နေ့တာအတွင်း နေရောင်ခြည်နဲ့မိနစ်အနည်းငယ်လောက်ထိတွေ့မိတာနဲ့ဗီတာမင်ဒီ‌ဓာတ်ကိုလုံလုံလောက်လောက်ရသွားနိုင်ပါတယ်။ သွားရင်းလာရင်းနေနဲ့ခဏတဖြုတ်ထိတွေ့တာမျိုးနဲ့တင်လုံလောက်ပါတယ်။ ပိုဆိုးနိုင်ပေမဲ့ အရေပြားရောဂါအချို့ဟာ နေရောင်ကြောင့်နေရောင်ခြည်နဲ့ထိတွေ့မှသက်သာသွားတဲ့ရောဂါတွေလည်းရှိပါတယ်။အချို့နှင်းခူ(Eczema)တွေ၊ ဆိုရီငယးစစ်(soliasis)တွေဆိုတဲ့ဂျွတ်ပွေးနာတွေ၊ခရုဆင်းတွေဟာတခုတ်တရကိုခရမ်းလွန်ရောင်ခြည်ပေးပြီးကုသရပါတယ်။မွေးကင်းစကလေးတွေအသားဝါရင်၊ ခဏတစ်ဖြုတ်မီးချောင်းပြပေးတာကိုအလင်းပြခြင်း(phototherapy)လို့ခေါ်ပါတယ်။

           သည်ကုထုံးမှာသုံးတဲ့ရောင်ခြည်ကခရမ်းလွန်ရောင်ခြည်မဟုတ်ပါဘူး။ လှိုင်းအရှည်(၄၀၀-၅၀၀)(mm)နာနိုမီတာကြားရှိတာဖို့မြင်ရတဲ့ရောင်ခြည်ပဲဖြစ်တယ်။နေရောင်ခြည်ထဲကအလင်းတန်းတစ်ခုဖြစ်တယ်။မီးပြခြင်း (phototherapy) မီးချောင်းမရှိရင်အချို့က ကလေးအသားဝါတာကို ကလေးရဲ့မျက်စိကိုဖုံးအုပ်ပြီးနေရောင်ခြည်နုနုကို ခဏတဖြုတ်ပြပေးကြပါတယ်။

               တီဆီဆေးတွေမပေါ်ခင်က အရေပြားတီဆီကိုခရမ်းလွန်ရောင်ခြည်ဆီနဲ့ အောင်မြင်စွာကုသပေးခဲ့နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဆီထုတ်လွှတ်တဲ့မီးချောင်းထီတွင်ပြီး ကုရပါတယ်။သည်ကုထုံးကိုတွေရှိတဲ့ဒေါက်တာနေးလ်ဖစ်ဇင်း(Dr Neil Fixzen)ဟာ ၁၉၀၃ ခုနှစ်ဆေးပညာရှင်နိုဗယ်ဆုရသွားခဲ့ပါတယ်။ဒါကြောင့်နေရောင်ခြည်မှာလည်းကျန်းမာရေးအတွက် ကောင်းထွက်လေးတွေရှိတယ်လို့ပြောနိုင်တာပဲဖြစ်ပါတယ်။

                   မလွဲသာလို့အပြင်ထွက်ရင်အဆောင်းအကာ၊ ထီးနဲ့ဦးထုပ်နဲ့ခရမ်းလွန်ရောင်ခြည် ၉၉ ရာခိုင်နှုန်းကာကွယ်ပေးတဲ့မျက်မှန်တပ်သင့်ပါတယ်။စောင့်ဆိုင်းရတဲ့အလုပ်ဆိုရင်သစ်ပင်အရိပ်၊ အမိုးအကာအောက်ကစောင့်သင့်ပါတယ်။ ရိုးရိုးရောရေနွေးကြမ်းသောက်သင့်ပါတယ်။အဲကွန်းကားစီပြီး နေရှိန်ပြင်းတဲ့နေရာဆင်းရင် မဆင်းမီကြိုတင်ရေသောက်သင့်ပါတယ်။ကလေးသူငယ်များ၊သက်ကြီးရွယ်အိုများနဲ့ဆီးချိုရောဂါ၊နှလုံးရောဂါ၊သွေးတိုးရောဂါအခံရှိသူတွေအနေနဲ့ နေ့လယ်နေ့ခင်းအချိန်တွေမှာအရိပ်ရအေးမြပြီးလေဝင်လေထွက်ကောင်းတဲ့နေရာမှာသွားလာလှုပ်ရှားဖို့အလုပ်လုပ်ဖို့လိုအပ်ရင်လည်းအရိပ်လုံလောက်စွာရရှိတဲ့ ထီး၊ ဦးထုပ်ဆောင်းသွားသင့်ပါတယ်။

               အရိပ်ရအေးမြတဲ့နေရာမှာခေတ္တအနားယူခြင်းပြုသင့်ပါတယ်။ အလင်းပြန်တဲ့အဖြူရောင် သို့မဟုတ် ဖျော့တဲ့ပွပွချောင်ချောင်ချည်ထည်တွေကိုဝတ်ဆင်သင့်ပါတယ်။နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုးခြင်း၊မနက် ၁၀ နာရီမှညနေ ၅ နာရီအထိလွင်တီးခေါင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်တွေမှာ အဝတ်လျှော်ဖွပ်ခြင်း၊ရေချိူးခြင်းရှောင်ကြဉ်သင့်ပါတယ်။ မလွဲမရှောင်သာ အလုပ်လုပ်ရရင် တစ်နာရီခြားတစ်ခါလူစားလဲလုပ်စေခြင်း သို့မဟုတ် နာရီဝက်အရိပ်ထဲမှာနေခြင်း၊ မနက်(၆-၁၀)နာရီနဲ့ ညနေ(၄-၆)နာရီအထိအချိန်ပြောင်းရွှေ့လုပ်ခြင်းတို့လိုအပ်ပါတယ်။

Most Read

Most Recent