စပိန်လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၃၄) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 5 May 2024

အိုဆာဆူနာ - ဘက်တစ် ( တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဥရောပဝင်ခွင့်တစ်နေရာအတွက် ဆိုစီဒက်ကိုဖိအားပေး နိုင်ဖို့ ဘက်တစ်အမှားခံမယ်မထင်ဘူး။ ဒါပေမဲ့ တိုက်စစ်မငြိမ် တာရယ်၊ အဝေးကွင်းထိန်းကစားလွန်းတာရယ်ကြောင့် အိမ်ကွင်း မာတဲ့ အိုဆာဆူနာတို့ အနိမ့်ဆုံးသရေတော့ကစားပါလိမ့်မယ်။

ဆယ်လ်တာဗီဂို - ဗီလာရီးယဲလ် ( တနင်္ဂနွေည ၈း၄၅ နာရီ)

တန်းဆင်းအန္တရာယ်နဲ့လွတ်ကင်းအောင် ဆယ်လ်တာဗီဂို အမှတ်ရှာနေရသေးတယ်။ ဒါကြောင့် နည်းပြသစ်လက်ထဲအိမ် ကွင်းကစားပုံတက်လာမှုကို ဒီပွဲမှာဆယ်လ်တာဗီဂိုဆက်အသုံး ချဖို့များနေတယ်။ ဗီလာရီးယဲလ်ကလည်း ကစားပုံအသားကျသ လို ဖြစ်လာပေမယ့် အဝေးကွင်းမှာတော့ စိတ်မချရသေးပါဘူး။ အမှတ်လိုနေတဲ့ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲရွေးထားမယ်။

ဗလင်စီယာ - အလာဗတ်စ် (တနင်္ဂနွေည ၉း၀၀ နာရီ)

ဗလင်စီယာကလည်း ဥရောပပွဲဝင်ခွင့် မျှော်လင့်ချက် လက်မလွှတ်ရဖို့ အိမ်ကွင်းမှာဆက်ပြီးအားထုတ်ဦးမှာသေချာတယ်။ တိုက်စစ်ကဂိုးသွင်းနှုန်းလျော့သလိုတွေ့ရပေမယ့် အဝေး ကွင်းအားနည်းတဲ့ အလာဗတ်စ်ကိုတော့ အနိုင်ကစားမှာပါ။

ဗယ်လက်ကာနို - အယ်မယ်ရီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

အယ်မယ်ရီယာကတော့ တန်းဆင်းသွားပါပြီ။ ဒါကြောင့် လည်း လက်ကျန်ပွဲတွေကို လွတ်လွတ်လပ်လပ်ပဲ ဖွင့်ကစားလာ ဖို့များနေတယ်။ ဗယ်လက်ကာနိုရဲ့ ဒီရာသီခြေစွမ်းကလည်းအား ရစရာသိပ်မရှိလှလို့  ဂိုးများသရေပွဲဖြစ်မလားထင်မိတယ်။

ဆီဗီလာ - ဂရန်နာဒါ (တနင်္လာနံနက် ၁း၃၀ နာရီ)

ဂရန်နာဒါကတော့ အတတ်နိုင်ဆုံးရုန်းနေပြီး နောက်ဆုံး (၃)ပွဲဆက်အရှုံးမရှိခဲ့ဘူး။ ဒါပေမဲ့ ဂရန်နာဒါရဲ့အဝေးကွင်းကစား နိုင်စွမ်းနဲ့တော့ ဆီဗီလာလိုအသင်းဆီက အမှတ်ရဖို့အတော်လေး အားထုတ်ရမှာသေချာနေတယ်။ ဆီဗီလာရဲ့တုံ့ပြန်မှုကပဲ ဒီပွဲရ လဒ်ကို အဖြေပေးမှာပါ။ ဂိုးအနည်း၊ သရေပွဲလို့ပဲမှန်းထားချင်တယ်။

Most Read

Most Recent