■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက် 

■ ဘွန်ဒစ်လီဂါပွဲစဉ် (၃၂) ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 3 May 2024

ဒေါ့မွန် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၀၀ နာရီ)

ဒေါ့မွန်အသင်း ချန်ပီယံလိဂ်ပွဲတွေကြောင့် ရလဒ်ပိုင်းပါ ကျဆင်းသွားတယ်။ ဘွန်ဒစ်လီဂါမှာ အမှတ်မလိုတော့တဲ့ အနေအထားဖြစ်လို့ ဒီပွဲလည်း အားထည့်မယ်မထင်ဘူး။ ဥရောပဝင်ခွင့် မျှော်လင့်လို့ရနေတဲ့ အော့စ်ဘတ်နဲ့ စွန့်စားချင်တယ်။



ဝုလ်ဖ်ဘတ် - ဒမ်းစတက်ဒ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၀၀ နာရီ)

ဒမ်းစတက်ဒ်အသင်းက ဘွန်ဒစ်လီဂါကနေ တန်းဆင်းထားတဲ့အသင်းပါ။ အိမ်ကွင်းနိုင်ပွဲ ပြန်ရထားတဲ့ ဝုလ်ဖ်ဘတ်ကိုပဲ ရွေးချယ်ချင်တယ်။



၀ါဒါဘရီမင် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၀၀ နာရီ)

မိုချန်ဂလာဘတ်အသင်း တန်းဆင်းအန္တရာယ်က အပြီးသတ်လွတ်မြောက်ဖို့ အမှတ်အနည်းငယ်လိုနေပါသေးတယ်။ မိုချန် အမှတ်ရနိုင်တယ်။



စတုဂတ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၈:၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် သေချာထားပြီးသားဖြစ်လို့ ဂုဏ်သိက္ခာလောက်ပဲ အရေးကြီးတော့တယ်။ ဒါ့အပြင် ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲလည်းရှိနေလို့ ဘိုင်ယန်တို့ ဒီပွဲကို အာရုံထည့်ထားနိုင်မယ်မထင်ဘူး။ စတုဂတ်အသင်းကလည်း ချန်ပီယံဝင်ခွင့်တစ်နေရာ သေချာနေလို့ သိပ်အားထုတ်ဖို့တော့ မရှိလောက်ပါဘူး။ သရေကျဖို့များတယ်။ 



ကိုလုံး - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် မေလ ၄ ရက် ည ၁၁:၀၀ နာရီ)

ကိုလုံးအသင်းအဖို့ Do or Die အနေအထားကို ရောက်နေပြီး ဒီပွဲမနိုင်ရင် တန်းဆင်းရဖို့ အတော်လေးနီးစပ်သွားမယ်။ ကိုလုံး အနိမ့်ဆုံးသရေကစားမယ် ထင်တယ်။

Most Read

Most Recent