လက်နက်ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆို၍ ဒေါ့မွန်ပရိသတ်များ ဆန္ဒပြ

လက်နက်ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆို၍ ဒေါ့မွန်ပရိသတ်များ ဆန္ဒပြ
Photo: X
Photo: X
Published 3 June 2024

ဒေါ့မွန်အသင်း၏ ပရိသတ်များသည် လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့သည့်အတွက် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အသင်းအား ဆန္ဒပြကန့်ကွက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါ့မွန်အသင်းသည် ဂျာမနီအခြေစိုက် လက်နက်ထုတ်လုပ်သည့် Rheinmetall ကုမ္ပဏီနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းတွင် (၃)နှစ်သက်တမ်းရှိ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကြော်ငြာဘုတ်များ၊ အခမ်းအနားများ၊ ကွင်းတွင်းကွင်းပြင် ဝန်ဆောင်မှုအစီအစဉ်များတွင် ယင်းအမှတ်တံဆိပ်ကို ဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။

ယင်းကုမ္ပဏီသည် ဥရောပတွင် အကြီးမားဆုံး လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်ပြီး ဒေါ့မွန်ပရိသတ်များက ဘောလုံးကို အသုံးချကာ ၎င်းတို့၏ပုံရိပ်ကို သန့်စင်အောင်ပြုလုပ်ခြင်းဟု ယူဆသည့်အတွက် ဝင်ဘလေကွင်းအတွင်း စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

ဂျာမန်-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည့် အဆိုပါစာတန်းများ၏ အဓိပ္ပာယ်မှာ ''Rheinmetall၊ ဘောလုံးကို အသုံးချပြီး သန့်စင်တဲ့ပုံရိပ်ဖြစ်အောင် ဖန်တီးနေတာလား။ ဒေါ့မွန်အသင်းကို Sportswashing ကနေ ကာကွယ်ဖို့က ငါတို့ရဲ့တာဝန်ပဲ''ဟူ၍ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent