ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့ အနီးအနားတွင် သဘာဝလိုဏ်ဂူတော်များ အတော်လေး များပြားသည်ကို လေ့လာတွေ့ရှိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အနီးတစ်ဝိုက်တွင် တွေ့ရှိရသော လိုဏ်ဂူ အမျိုးအစားများမှာ အဓိကအားဖြင့် သဘာဝထုံးကျောက်လိုဏ်ဂူ အမျိုးအစားဖြစ်ပြီး ရှေးနှစ်ပေါင်း များစွာကပင် ဖြစ်တည်လာသော လိုဏ်ဂူများဖြစ်သည်။
တောင်ကြီးမြို့နယ်အတွင်း ရှိကြသော လိုဏ်ဂူများမှာ (၁) မဟာပါသာဏ မုံတဝ လိုဏ်ဂူ၊ (၂) မင်္ဂလာဂူ၊ (၃) ပတ္တမြားလိုဏ်ဂူ တော် ၊ (၄) ထမ်းဘုရား သဘာဝ လိုဏ်ဂူ၊ (၅) ထမ်းဝိုးမွန် သဘာဝလိုဏ်ဂူတို့ ဖြစ်ကြသည်။ ထို့ပြင် ဟိုပုံးမြို့အထွက် လေးမိုင်တွင် ပါပန့်ဂူ လည်း တည်ရှိသည်။
ထို့ပြင် လူသူအရောက်အပေါက်မရှိဘဲ သဘာဝအတိုင်း တည်ရှိသော လိုဏ်ဂူများ လည်း ရှိပါသေးသည်။ တောင်ကြီး-ဟမ်းဆီး- နောင်ယာဆိုင်း-ကျောက်တစ်လုံး လမ်းပေါ် တွင် တည်ရှိသော ထီဆမ်းဆွေးကျေးရွာလမ်း အတိုင်း ဝင်သွားလျှင်ရောက်သော တနိုင်း လားကျေးရွာတွင် သဘာဝလိုဏ်ဂူတစ်ခုရှိပါ သေးသည်။ သို့သော်လည်း လူသူအရောက်အ ပေါက် မရှိခြင်းကြောင့် တောတွင်းသွားလမ်း ကို တစ်ယောက်တည်းသွားရန် မဖြစ်နိုင်သဖြင့် ရောက်ခွင့် မကြုံခဲ့ပါ။
ရှမ်းပြည်နယ်တောင်ပိုင်း၌ အခြားသော ပင်းတယရွှေဥမင်လိုဏ်ဂူ၊ ထမ်ဆမ်းလိုဏ်ဂူ၊ မြင်းမထိလိုဏ်ဂူ၊ ပွန်ချောင်းဂူ၊ ထမ်အိမ်ဂူ လိုဏ်ဂူ၊ ကောင်ဒေါသဘာဝလိုဏ်ဂူ၊ ရွာငံမြို့ နယ်မှ ဆင်လယ်ရေဝင်လိုဏ်ဂူနှင့် ပြဒါးလင်းဂူ တို့ လည်း တည်ရှိပါသည်။ ယခုဆောင်းပါး တွင် တောင်ကြီးမြို့ အနီးတစ်ဝိုက် ရှေးဟောင်း သဘာဝလိုဏ်ဂူများအကြောင်းကိုသာ သီး ခြားဖော်ပြသွားမည်ဖြစ်ပါသည်။
မဟာပါသာဏ မုံတဝလိုဏ်ဂူတော်ကြီး
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ တွင် မဟာပါသာဏ မုံတဝလိုဏ်ဂူတော်ကြီး တည်ရှိသည်။ ယခုအခါ မော်တော်ကား၊ မော် တော်ဆိုင်ကယ်တို့ဖြင့် သွားရောက်နိုင်သော လမ်းလည်း ဖောက်လုပ်ထားပြီးဖြစ်သည်။
မုံတဝလိုဏ်ဂူ ထူးခြားချက်များကို အရန် မီးသတ်တပ်ဖွဲ့ဝင် ဦးတင့်ဆွေ ပြောပြချက်များ ကို ပြန်လည်ဖော်ပြပါမည်။ ဂူက သုံးဆင့်ရှိပြီး သံလှေကား ၊ ၀ါးလုံးလှေကားတို့ဖြင့် ဆင်းကာ အောက်ဆုံးဂူ၌ နတ်သမီးရေကန်ရှိကြောင်း ဆိုသည်။ ဂလိုင်ပေါက် တွေ့ရကြောင်း၊ အောက် သို့ ပေ ၃၀ ကျော်ဆင်းသွားရကြောင်း၊ ဂူတွင်း ရေကန်သည် တောင်ခြေတွင် ရေထွက်သွား ကြောင်း ဆိုသည်။
၁၉၉၂ ခုနှစ်တွင် အေးသာယာမှ ကျောင်း သား လူငယ် ၁၁ ဦးသည် နံနက်ပိုင်း ၁၀ နာရီ အချိန် မုံတဝဂူအတွင်းသို့ ဝင်ရောက်ခဲ့ကာ ညနေပိုင်း ၄ နာရီ ထိုးချိန်အထိ ပြန်လည်ထွက် လာခြင်းမရှိသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ လိုက်လံရှာဖွေကြရာ ညဘက် မိုးသည်းထဲတွင် ကြိုးစားပမ်းစားရှာကြရလေသည်။ ပစောက် ပုံစံ အောက်ဘက်ဂူအတွင်းပိုင်းတွင် ရေတက် ပြီး ပိတ်မိနေကြောင်း ၊ ဘုန်းကြီးထံမှ ဆန်နှစ် ပြည်အလှူခံ၍ ကျိုချက်စားခဲ့ရကြောင်း၊ ထူး ခြားချက်မှာ သူတို့က အဖွဲ့လိုက်အော်ခေါ် ကြရာ ကယ်ဆယ်ရေးအဖွဲ့များ လုံးဝမကြားရ ကြောင်း၊ ရှာမတွေ့သဖြင့် ကယ်ဆယ်ရေး ရပ် တန့်မည်ဟု ပြောရာ မိဘများက မရပ်တန့်ရန် တောင်းပန်သဖြင့် မိုးလင်းပေါက် ရှာဖွေရ ကြောင်း ၊ မိုးလင်းခါနီးတွင် ကန်တော့ပွဲပေး၍ တောင်းပန်တော့မှ ကျောက်ကလပ်ပေါ်တွင် ရပ်နေကြသော လူငယ်များကို ပြန်လည်တွေ့ ရှိကြောင်း ဦးတင့်ဆွေက ဆိုသည်။
ထူးခြားချက် (၁) ကြိုးမဲ့ရေဒီယိုဆက် သွယ်ရေး အိုက်ကွန် လက်ကိုင်စကားပြောစက် များ ဂူအတွင်း အသုံးပြုမရတော့ခြင်း၊ (၂) ရှာဖွေရေးအဖွဲ့က ကလေးများကို ရှာမတွေ့ရ ကြောင်း၊ (၃) ကလေးတွေက မြင်ပြီး အော်ခေါ် သံကိုလည်း မကြားရကြောင်းဆိုသည်။ ထို ကလေးငယ်များ ပြောပြချက်မှာ ဝင်သွားချိန်မှ ပြန်ထွက်ချိန်တို့တွင် အချိန်ခဏလေးကြာ ကြောင်း ၊ တစ်နေ့လုံး တစ်ညလုံး ဘာမှမစား၊ ထမင်းမစား ရေမသောက်၊ ကျင်ကြီးကျင်ငယ် စွန့်ခြင်းမရှိဘဲ နေခဲ့ရသည်မှာ ထူးခြားကြောင်း သိရသည်။ ဂူတွင်း အစားအစာများ မျှောပေး ခြင်း၊ ဂူတွင်း ရေအောက်ငုပ်ရှာသော်လည်း မတွေ့ရကြောင်း ဆိုသည်။
မဟာပါသာဏ မုံတဝလိုဏ်ဂူတော်ကြီး သည် ရှမ်းပြည်တောင်ပိုင်းတွင် အကြီးဆုံး လိုဏ်ဂူတော်ဖြစ်ပြီး ဂူအတွင်းပိုင်းအရှည်ကို မည်သူမျှ အတိအကျမပြောနိုင်ချေ။ (ဂူပြုပြင် ရေးကြီးမှူးအဖွဲ့ ဂူတွင်း ငါးရက်ခရီး လေ့လာခဲ့ သည်မှာ အရှေ့တောင်အရပ် ဦးတည်သွား လာနေကာ မိုင် ၂၀ ခရီးပေါက်ခဲ့သော်လည်း လမ်းမဆုံးသေးကြောင်း သိရသည်။) တောင် ကြီးမြို့၏ အနောက်ဘက် တောင်စောင်း ချောက်ကမ်းပါးနံရံတွင် တည်ရှိပါသည်။ မုံတဝလိုဏ်ဂူသည် အဝင်ဝ ၁၀ ကိုက်ခန့်သာ ကျဉ်းမြောင်းနေပြီး လိုဏ်ဂူအတွင်း၌ လမ်း သွယ်ပေါင်းများစွာဖြင့် ဂူဝပေါင်းများစွာ တည် ရှိသည်။ ဂူအတွင်း သံလှေကားမှ ပေ ၁၀၀ ကျော်ဆင်းပြီးသွားလျှင် နဂါးဖိုကန်၊ နဂါးမ ကန် စသော ထူးဆန်းသောရေကန်များ၊ ရွှေငါး ငွေငါးများ၏ မြူးပျော်ရာ ရေကြောင်းရေလမ်း များဖြင့် စိတ်ဝင်စားဖွယ်ရာများကို တွေ့ရှိရ ကြောင်း သိရသည်။
ထမ်းဘုရား သဘာဝလိုဏ်ဂူတော်
ထမ်းဘုရား သဘာဝလိုဏ်ဂူသွားရန် တောင်ကြီး-ဟမ်းဆီး- နောင်ယာဆိုင်း- ကျောက်တလုံးလမ်းအတိုင်းသွားလျှင် ထီဟမ်း ဆွေး ၀ိပဿနာရိပ်သာအကျော်၊ ထီဟန်းဆွေး တံတားကျော်သည်နှင့် ထမ်းဘုရား သဘာဝ လိုဏ်ဂူတော် ဆိုင်းဘုတ်လမ်းခွဲကို ရောက်ရှိပါ သည်။
ဆိုင်းဘုတ်တွင် ရှေးဟောင်းလိုဏ်ဂူ ထမ်း ဘုရား၊ သဘာဝလိုဏ်ဂူထမ်းဘုရားဟူ၍ ရေး သားထားသည်။ လမ်းဆုံဆိုင်းဘုတ်မှ ရွာလမ်း အတိုင်း တစ်မိုင်ဝင်ရပြီး ထမ်းဘုရားဘုန်းတော် ကြီးကျောင်းကို ကျော်ပြီးလျှင် ထမ်းဘုရား သဘာဝလိုဏ်ဂူ ရောက်ရှိသည်။
အဆိုပါ ကျေးရွာမှာ ထမ်းငွါရွာဟု ဆိုင်း ဘုတ်လည်း ရေးထားသည်။ ထမ်းဘုရားသွား ရာ ကျေးရွာအတွင်းဝင်သောလမ်းတွင် အောင် မွူးရွာဟု ရွာနာမည်ရေးထားသည်။ ထမ်းဘု ရားကျောင်းတိုက်မှ လှမ်းကြည့်လျှင် တောင် ပေါ်ဘုရားများကို လှမ်းမြင်နိုင်သည်။ အဆိုပါ တောင်ပေါ်ဘုရားများမှာ နောက်ပိုင်းပြန် လည် တည်ဆောက်ထားခြင်းဖြစ်ကာ ထမ်း ဘုရား သဘာဝလိုဏ်ဂူသည် ရှေးဟောင်း သမိုင်းဝင်ဘုရားများ ဖြစ်သည်ဟု ဒေသခံ အဘွားက ဆိုသည်။
ထမ်းဆိုသောစကားမှာ ပအိုဝ်းလို အ ပေါက်ဝ၊ ဂူပေါက်ဝဟု ဆိုလိုကြောင်း အဘွား က ပြောသည်။
အောင်မွူးရွာဆိုသည်မှာ မြန်မာလို အောင်ပင်ဟု ဆိုသည်။ အရွက်မွှေး၍ ဘုရားပွဲ ကန်တော့ပွဲတင်လျှင် ပါသောအရွက်၊ အောင် ပင်ဟုဆိုသည်။ ဦးဆုံးအရင်ပေါ်လို့ အောင် ပင်၊ သပြေပန်း၊ ဘူးတို့ကို ကန်တော့ပွဲပြင်ရင် ပါလေ့ရှိကြောင်း ဆိုသည်။ အောင်ပင်သည် ဆေးပင်ဟုလည်း ဆိုသည်။
ထမ်းဘုရား သဘာဝလိုဏ်ဂူတွင် နှစ်စဉ် တန်ခူးလပြည့်ကျော် (၁) ရက် ထမ်းဘုရား ပွဲတော် ကျင်းပလေ့ရှိကြောင်း သိရသည်။
ဂျပန်ခေတ်က ကျားသုံးကြိမ်ပတ်ပြီး ဟိန်း ဟောက်ခဲ့ဖူးကြောင်း၊ ကာကွယ်တာဖြစ်နိုင် ကြောင်း ဒေသခံအဘွားက ဆိုသည်။ ၂၀၂၀ ခုနှစ်နောက်ပိုင်းတွင် ဘုရားတက်လမ်း စောင်း တန်း ထုပ်တန်းအမိုးတစ်လျှောက်တွင် ပတူ အိမ်များဆောက်ကာ မကောင်းသောနိမိတ် များ ပြဖူးကြောင်း ၊ ယခုအခါ မကျန်တော့ ကြောင်း ဆိုသည်။
ထမ်းဘုရား သဘာဝလိုဏ်ဂူနှင့် တောင် ခြေရင်းတွင် တည်ထားသော ရွှေရောင်စေတီ တော်စုများသည် ရှေးနှစ်ပေါင်းများစွာကပင် တည်ရှိလာကြောင်း ၊ ယွန်းရှမ်းတို့၏ လက်ရာ ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားအဘွား က ပြောပြသည်။ အဘွားတို့ ဘိုးဘေးစဉ်ဆက် ကပင် ဘုရားများ တည်ရှိလာပြီး မပြုမပြင်ဘဲ မူလလက်ရာအတိုင်း ထိန်းသိမ်းထားသည်မှာ စေတီတော်သုံးဆူရှိကြောင်း ဆိုသည်။
ထမ်းဘုရားတောင်ခြေတွင် ရွှေရောင် စေတီတော်စုများအနီး လှူဒါန်းထားသော ခေါင်းလောင်းတွင် သက္ကရာဇ် ၁၂၇၇ ပြာသိုလ (၄) ဟူးနေ့ ခေါင်းလောင်းကြီးကို လှူဒါန်း ကြောင်း ရေးသားထားသည်။ ထို့ပြင် ဂူပေါက်ဝ တွင် ထွင်းထုထားသော ကျောက်စာအရ သာ သနာတော်နှစ် ၂၄၀၄ ခုနှစ်ဟု ရေးထားသည်။
ထမ်းဘုရား သဘာဝလိုဏ်ဂူတော်အ တွင်း တည်ထားကိုးကွယ်သော ဘုရားရုပ်ပွား တော်လက်ရာမှာ ကက္ကူ၊ ပင်းတယ၊ ထမ်းဝိုးမွန် ဂူတို့၏ လက်ရာအတိုင်း ပုံစံတူသည်ကို မြင် တွေ့ရသည်။
ထမ်းဝိုးမွန်ဂူ
တောင်ကြီးမှ ဟိုပုံးသွားလမ်းတိုးဂိတ် ရောက်ခါနီး ဘယ်ဘက်လမ်းခွဲအတိုင်း ဝင် သွားလျှင် ထမ်းဝိုးမွန် သဘာဝလိုဏ်ဂူတော် ကိုရောက်သည်။ တောင်ကြီးနှင့် ဟိုပုံးအစပ် နားတွင်တည်ရှိကာ ဟိုပုံးမြို့နယ်၊ လွယ်အွန် ကျေးရွာအုပ်စုတွင် ထမ်းဝိုးမွန် ရှေးဟောင်း သဘာဝ လိုဏ်ဂူဘုရားကြီး တည်ရှိသည်။
တောင်ကြီး-ကျောက်တလုံးလမ်းပေါ် မှ (ညိုမီး) လေး လမ်းဆုံလမ်းအတိုင်း ဖြတ် ထွက်၍ ဟိုပုံးထွက်လမ်းအတိုင်း သွား၍ရပါ သည်။ လမ်းခွဲမှ ထမ်းဝိုးမွန်တောင်ပေါ်အထိ ဆိုင်ကယ်အတော်မောင်းရပြီး လမ်းကတော့ အနည်းငယ်ဆိုးပါသည်။ အဆင်းလမ်းဖြစ်သ ဖြင့် အပြန်တွင် ဂရုစိုက်မောင်းနှင်သင့်သည်။
ကျွန်တော်ရောက်သွားချိန် တံခါးပိတ် ထားတာမြင်လို့ တောင်ပေါ်ကို တက်ကြည့်ရာ ၁၀ ပေ ပတ်လည်နီးပါး ဂူသေးလေးတွင် ဘုရား ဆင်းတုတော် နှစ်ဆူတည်ထားသည်ကို တွေ့ရ သည်။ အမှန်တကယ်တော့ ဂူမှာ အောက်ခြေ ကျောင်းဆောင်တွင် တည်ရှိသည်။ ကျောင်း ဆောင်ကို တံခါးပိတ်ထားသဖြင့် ဂူမရှိဘူး အထင်နှင့် တောင်ပေါ်တက်ရှာရသည်မှာ မောပန်းသွားသည်။
ထိုမှ ပြန်တော့မည်ဟုလုပ်ရာ ဆရာ တော်အား ဖူးမြော်ဝတ်ဖြည့်ကာ စကားစပ်မိ ရင်း ကျောင်းဆောင်အတွင်းမှ ဘုရားဆင်းတု တော်များနှင့် လိုဏ်ဂူကို ကံထူးစွာ ဖူးခွင့်ရခဲ့ သည်။ ဘာမှမရှိဘူးအထင်နှင့် ပြန်သွားလျှင် ပင်ပန်းရကျိုးမနပ် ဖြစ်တော့မည်။ ဆရာတော် ကို မေးလျှောက်လိုက်သဖြင့် ကံကောင်းသွား ပေသည်။
ထမ်းဝိုးမွန်လိုဏ်ဂူအတွင်းရှိ ဆင်းတု တော်များ၏လက်ရာမှာ ကက္ကူ၊ ပင်းတယ၊ ထမ်းဘုရားကဲ့သို့ လက်ရာအတိုင်း ပုံစံတူ တည်ရှိသည်။ အဆိုပါ ရှေးဟောင်းဘုရားများ မှာ ယွန်းရှမ်းတို့၏ လက်ရာများဖြစ်သဖြင့် ပုံစံတူဖြစ်ကြောင်း ကျောင်းနေဆရာတော်က မိန့်ကြားသည်။
ထမ်းဝိုးမွန်ဟူသည် ဘုရားလောင်း နွား လောင်းဘဝတွင် (နတ်နွား) စပါးတို့ကို ပြန် သယ်ဆောင်၍ ထိုဂူတွင် ပြန်လည်ဝင်ရောက် နေထိုင်သည်ဟု ဆရာတော်ကမိန့်သည်။ ထမ်းဝိုးမွန်သည် ရှမ်းဘာသာစကားဖြစ်ကာ ထမ်း-ခိုင်းကောင်း၊ ၀ိုး-နွား၊ မွန်-မွဲပြာရောင် အဓိပ္ပာယ်မှာ ခိုင်းကောင်းတဲ့ မွဲပြာရောင် နွား တစ်ကောင်ဟု ဆိုလို ကြောင်း ဦးစိုင်းခေးလျှိုက ဆိုသည်။
ထမ်းဝိုးမွန် သဘာဝလိုဏ်ဂူသည် သက္က ရာဇ် ၁၁၂၁ ခုနှစ်တွင် တည်ထားကြောင်း၊ မွေတော်ကက္ကူတည်ပြီးနောက် ထမ်းဝိုးမွန် လိုဏ်ဂူတွင် လာရောက်နားခို၍ ထပ်မံတည် ထားခြင်းဖြစ်ကြောင်း၊ ထမ်းဝိုးမွန်လိုဏ်ဂူမှ သွားလျှင် ထမ်းဘုရားဂူ၊ ပြီးလျှင် မုံတဝဂူ၊ ပြီးလျှင် ပင်းတယမှ ပုဂံအထိ လမ်းပေါက် ကြောင်းဆိုသည်။ (ပါးစပ်ရာဇဝင်လည်းဖြစ် နိုင်ပါသည်။)
ထမ်းဝိုးမွန်သဘာဝလိုဏ်ဂူတွင် ကျောင်း သားတစ်ယောက်၊ ကိုရင်တစ်ပါး ဂူအတွင်း ပြုတ်ကျသွားပြီးနောက်ပိုင်း ယခင်ကျောင်း ထိုင်ဆရာတော်က ဂူပေါက်ဝကို အသေပိတ် လိုက်ကြောင်း၊ ယခုအခါ ဂူပေါက်ဝကို မမြင်ရ တော့ကြောင်း ဆရာတော်က မိန့်ကြားသည်။
ယခု ထမ်းဝိုးမွန် ရှေးဟောင်းသဘာဝ လိုဏ်ဂူဘုရားကြီး ၊ ဓမ္မာရုံ ကျောင်းတိုက်ကြီး အသစ် ပြန်လည် တည်ဆောက်ရေး အလှူခံ ထားကြောင်း သိရသည်။ တောင်ထိပ်ပေါ်မှ လှမ်းကြည့်လျှင် ဟိုပုံးလွင်ပြင်ရှုခင်းကို လှမ်း မျှော် မြင်တွေ့နိုင်ပါသည်။
တောင်နံရံ ကြီးများကို မြင်တွေ့ရသည်မှာ အံ့မခန်းလှပပါသည်။ တရုတ်စံကားပန်းများ ပွင့်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ တောင်နံရံကြီး၏အောက်ခြေတွင် တည်ထား သော ဘုရားဆင်းတုတော် ရုပ်ပွားတော်များ ကို ကျောင်းဆောင်ဖြင့် ဆောက်လုပ်တည်ထား ခြင်းဖြစ်သည်။ တောင်ပေါ်တွင် ဒေသနှာဂူ ဟု ရေးသားထားသည်ကို မသိဘဲ တောင်တက် ကြည့်ရာ ဂူပေါက်မတွေ့ဘဲ ပြန်ဆင်းလာရပါ သည်။ တောင်ပေါ်သို့ လမ်းလျှောက် တက်ရ သဖြင့် မောပန်းသွားပါသည်။
ကျောင်းဆောင်ကြီး မူလဂူပေါက်ကြီး၏ နံဘေးတွင် ကျောင်းဆောင်ငယ်တစ်ဆောင်ရှိ ကာ ပုခက်ဂူဟု ရေးထားသည်။ အထဲတွင် ဘုရားရုပ်ပွားတော်နှစ်ဆူကို ဖူးမြင်ရသည်။ မူလပင်မဂူပေါက်ကြီးတွင် တည်ထားသော ဘုရားရုပ်ပွားတော်လက်ရာများမှာ ယွန်းရှမ်း လက်ရာများဟု ဆရာတော်က မိန့်သည်။ လွန် ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်၊ ၃၀၀ နီးပါးခန့် က တည်ထားသော ယွန်းရှမ်းတို့၏ လက်ရာ များဟု မိန့်သည်။ ကောဇာသက္ကရာဇ် ၁၁၂၁ ခုနှစ်ကို ပြန်တွက်ကြည့်လျှင် နှစ်ပေါင်း ၂၆၅ နှစ်ခန့်က လက်ရာများ ဖြစ်ပေသည်။ မွေတော် ကက္ကူတည်ခဲ့သော ယွန်းရှမ်းများသည် ရှမ်း ပြည်တောင်ပိုင်းရှိ သဘာဝလိုဏ်ဂူများတွင် ဘုရားစေတီတော်များ တည်ထားကိုးကွယ် ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းရပါသည်။
မြန်မာရာဇဝင်တွင် ပုဂံမင်းအဆက်ဆက် ခေတ်အလိုက် စာရင်းကို ပြန်လည်ရှာဖွေရာ ၁၂ ရာစုခေတ် အလောင်းမင်းတရားလက် ထက်ဖြစ်ကြောင်း တွေ့ရသည်။
မြန်မာနိုင်ငံတွင် ရန်သူ သူပုန်များ ကုန် စင်သလောက်ရှိသွားသောအခါ ထိုခေတ်စစ် ဘုရင်ကြီးများ၏ ထုံးစံအတိုင်း ယိုးဒယားသို့ပါ ချီတက်တိုက်ခိုက်ပြန်ရာ အောင်မြင်မှုအလီလီ ရရှိတော်မူခဲ့သည်။ ၁၁၂၁ ခု၊ ၀ါဆိုလဆုတ် ၁၀ ရက် ကြာသပတေးနေ့တွင် ယိုးဒယားသို့ ချီတက်တိုက်ခိုက်ရန် အလောင်းမင်းတရား သည် ကျောက်မြောင်းဆိပ်တော်မှ အောက် ပြည်သို့ စုန်တော်မူသည်။
ကမ္ဘာ့စွယ်စုံကျမ်းတွင် ယွန်းရှမ်းများ အကြောင်း အောက်ပါအတိုင်း မှတ်တမ်းတင် ထားသည်ကို ဖတ်ရသည်။
ယွန်းပြည်ထောင် ယိုးဒယားဟူသည်မှာ ကျိုင်းသုံးကျိုင်း (ကျိုင်းမိုင် (ဇင်းမယ်)၊ ကျိုင်း တုံ၊ ကျိုင်းဟုံ) စုပေါင်းပါဝင်သော ဒေသကြီး ဖြစ်သည်။ ယွန်း၊ ယွန်းရှမ်းဟူသည်မှာ ယိုးနက ဗုဒ္ဓဘာသာဝင်ရှမ်းများဟုအဓိပ္ပာယ်ရသည်။
ရှမ်းဘာသာဖြင့် ရေးသားသော စမ်ကား မြို့သမိုင်းရှိသည်။ စံကားယွန်းရှမ်းတို့သည် ဗုဒ္ဓဘာသာ သာသနာပြုရန် စေတနာအ လျောက် လာခဲ့ခြင်းဖြစ်သော်လည်း ဘုရင့် နောင်မင်းတရားကြီးခေတ်၌ ဇင်းမယ်ကို အကြိမ်ကြိမ်တိုက်ရာ၌ ယွန်းရှမ်းများစွာကို ဖမ်းဆီးလာခဲ့သည်။ မြို့များစွာ၌ သစ္စာခံစေ ပြီးနောက် ဖြန့်၍ထားခဲ့ရာ ကက္ကူဒေသ၌ ယွန်း ရှမ်းရွာ၊ ကျွန်ရွာရှိသည်။ ယင်းရွာများသည် ဘုရင့်ထံသို့ အခွန်မပေးရပေ။ ကျွန်ဟုဆို သော်လည်း မင်းမျိုးမင်းနွယ်များ ပါဝင်သည်။ ကွယ်လွန်သောအခါ နောင်ဘဝ အဆက်ဆက် ကောင်းမွန်စေရန်အတွက် စေတီဘယ်နှဆူ၊ ကျောင်းဘယ်နှကျောင်း စသည်ဖြင့် ကမ္ပည်း ထိုး၍ လှူဒါန်းပေးကြသည်။ ကက္ကူဘုရားဝင်း အတွင်း၌ ကုသိုလ်ဖြစ် ယွန်းစာဖြင့် ကမ္ပည်းထိုး စေတီများ (ဘုံသုံးဆင့်ရှိသော) ကျောင်း ဆောင်များ တွေ့ရှိရမည်ဖြစ်သည်။
ယခု ကက္ကူဘုရားအနီး၌ သုံ့ပန်းယွန်း ရှမ်းရွာ ရှိခဲ့သည်။ သုံ့ပန်းရွာများ၊ ဘုရားကျွန် ရွာများသည် အခွန်တော်ပေးဆောင်ရခြင်း မရှိသောကြောင့် ရွာနာမည်သာရှိပြီး အခွန် ပေးဆောင်ရသော ရွာစာရင်း၌ မပါရှိပေ။ ထို သုံ့ပန်းယွန်းရှမ်းများ၌ မင်းညီမင်းသား၊ မင်း သမီးများ၊ လူဂုဏ်ထံများ၊ ပညာရှင်များ ပါရှိ သည်။ အင်းလေး၊ အင်းတိန်ပတ်ဝန်းကျင်၌ ယွန်းရှမ်းမင်းသမီး၏ အုတ်ဂူစသည်ဖြင့် ပြော ဆိုသံကြားရသည်။ ယွန်းရှမ်းဘာသာစကား ၌ (ကူ) ဆိုလျှင် ဘုရား အစုအဝေး၊ (ဂွတ်း) ဆို လျှင် နတ် (စင်) အစုအဝေးဖြစ်သည်။ ယွန်း ရှမ်းများ ကွယ်လွန်၍ ကုသိုလ်အဖြစ်လည်း ကောင်း၊ မှတ်တမ်းအဖြစ်လည်းကောင်း ဘုရားတည်၍ လှူဒါန်းကြသည်။ ငွေကြေး မတတ်နိုင်သူများ (ဘုံသုံးဆင့်ဘုရားကျောင်း ဆောင်) များတည်၍ လှူဒါန်းကြသည်။ ကက္ကူ ဘုရားသည် ယွန်းရှမ်းများ သေဆုံးပြီး လှူ ဒါန်းခဲ့သော (ဘုရားစေတီနှင့် ဘုရားကျောင်း ဆောင်) အစုအဝေးဖြစ်သည်။ ယွန်းရှမ်းကမ္ပည်း စာတမ်းများကို ဒေါက်တာသန်းထွန်းက မှတ် တမ်းတင်ပြီး အလှူရှင်နာမည်နှင့်ဆုတောင်း ခြင်းတို့၏ အဓိပ္ပာယ်ကို ဖော်ထုတ်ခဲ့ပြီးဖြစ် သည်။ မြန်မာပြည်တွင် (ပုဂံ၊ စစ်ကိုင်း၊ ပုပ္ပား၊ မန္တလေး) ၌လည်းကောင်း၊ ကယားပြည်နယ်၌ လည်းကောင်း၊ ယွန်းရှမ်းသုံ့ပန်းများ အနှံ့အ ပြား ရောက်ရှိနေကြသည်။ မထင်မရှားပင် နေရသောကြောင့် အချို့က ရှမ်းဟုခံယူပြီး အချို့ဒေသခံ၏ နာမည်ကိုသာ ယူလိုက်တော့ သည်။ စကား (စမ်ကား) မြို့ရှိ ယွန်းရှမ်းများ မှာမူ သုံ့ပန်းအဖြစ် ရောက်ရှိလာခြင်း မဟုတ် ဘဲ မိမိ၏ဆန္ဒအလျောက် ဗုဒ္ဓဘာသာ သာသ နာပြုရန် မင်းညီမင်းသားများနှင့်အတူ ၁၄၇၉ ခုနှစ် သီးသန့်ရောက်ရှိလာခြင်းဖြစ်ကြောင်း ကွဲပြား၍ မှတ်သားပေးရန်ဖြစ်သည်။ ယွန်းရှမ်း စေတီထီးတော်နှင့်ဗမာစေတီထီးတော်ပုံများ မတူကြောင်းလည်း ကက္ကူဘုရားမှာ တွေ့နိုင် သည်။
ထို့ပြင် အောက်ပါ ယွန်းရှမ်းအချက်အ လက်ကိုလည်း တွေ့ရသည်။
လန့်နားအင်ပါယာ ဘုန်းမီးနေလ တောက်စဉ်တုန်းက အေဒီ ၁၄၇၉ ခုနှစ်က စပြီး ကျိုင်းရိုင်းမှ ယွန်းရှမ်းများဟာ သံလွင်မြစ် အနောက်ခြမ်းရှိ ရှမ်းပြည်များသို့ ယွန်းဂိုဏ်း ထေရဝါဒဗုဒ္ဓသာသနာ ပြန့်ပွါးစေဖို့သာသနာ ပြုခဲ့သည်။ ထို့ကြောင့်သံလွင်မြစ်အနောက် ခြမ်းရှိ ရှမ်းပြည်တစ်ခုလုံး ယွန်းဂိုဏ်းထေရဝါဒ ဗုဒ္ဓဘာသာများ ဖြစ်ကုန်ခဲ့ကြသည် ဟူသော ဒေါက်တာ စိုင်းစံအိုက် ဖော်ပြထားသော တွေ့ ရှိချက်အရ သိရသည်။
ပတ္တမြား လိုဏ်ဂူ
တောင်ကြီး ၊ အရှေ့ဘက်တောင်တန်း ပေါ်ရှိ ရွှေဘုန်းပွင့်ဘုရားတောင်ခြေ လမ်းခု လတ်တွင် ပတ္တမြားလိုဏ်ဂူတော် တည်ရှိပါ သည်။
တောင်ကြီး ရွှေဘုန်းပွင့်ဘုရားမုခ်ဦးမှ တောင်ဆင်းလမ်းအတိုင်း သွားရောက်နိုင်သ လို တောင်ပေါ်မှ လူသွားလမ်းလေးအတိုင်း သွားလျှင်လည်း ပတ္တမြားဂူကို ရောက်ပါသည်။ ပတ္တမြားဂူရှေ့ရှိ ရင်ပြင်မှကြည့်လျှင် တောင် ကြီးမြို့ရှုခင်းကို လှပစွာမြင်တွေ့နိုင်သေး သည်။
ပတ္တမြားဂူတွင်းသို့ ဝင်ရန် ဂူပေါက်ဝ တစ်ပေါက်သာရှိပြီး အတွင်းထဲ ကျယ်ဝန်းပါ သည်။ ဂူတွင်းသို့ လှေကားအတိုင်း လမ်း လျှောက်ဆင်းရပြီး စေတီတော်တစ်ဆူ၊ ဘုရား ဆင်းတုတော်အများအပြားတို့ကို ဖူးမြင်နိုင်ပါ သည်။ ဂူအောက်ခြေတွင် အေးစိမ့်နေပြီး။ ဂူ အတွင်းပိုင်းရောက်လေ အေးစိမ့်မှု တိုးလာ လေဖြစ်သည်။
တောင်ကြီးတောင်ပေါ် ရွှေဘုန်းပွင့်စေ တီတော်ကို ယက္ကန်းစင်တောင် ဆရာတော် ဘုရားကြီး ဦးဆောင်မှုဖြင့် တည်ထားကိုးကွယ် ခြင်းဖြစ်သည်။ နွားလားဥဿဘတောင် (ခေါ်) ဘိုးမင်းတောင်သည် ပင်လယ်ရေပြင်မှ အမြင့် ပေ ၅၆၂၃ ပေ ခန့်မြင့်သည်။
တောင်ပေါ်အမြင့်ဆုံးနေရာတွင် နွားဘို့ ပုံစံ မြေကမူတောင်ကုန်းကို ဖြိုချမြေညှိ၍ ဘုရားတည်ရန် မင်္ဂလာနေရာအဖြစ် ၁၃၃၀ ခုနှစ် တန်ခူးလဆန်းရရက် ၂၄.၃.၁၉၆၉ တန င်္လာနေ့တွင် ရွေးချယ်သတ်မှတ်ခဲ့ကာ ဘုရား မြေနေရာသတ်မှတ်ပြီး တစ်ပတ်ခန့်အကြာ တနင်္ဂနွေနေ့ ၁၇.၄.၆၉ ၌ ပန္နက်တင်မင်္ဂလာ ငါးခုကို တစ်ပြိုင်တည်းဆောင်ရွက်ရန် ဆရာ တော်ကြီးက အမိန့်ရှိသည်။ ၁၃၃၁ နှောင်း တန်ခူးလဆန်း ရရက်နေ့ ၁၃.၄.၁၉၇၀ အင်္ဂါ နေ့ နံနက် ၉ နာရီ သင်္ကြန်အကြိုနေ့တွင် ရွှေ ဘုန်းပွင့်စေတီတော်ကြီး၏ ပင်မထီးတော်နှင့် အရံစေတီရှစ်ဆူကို တင်လှူနိုင်ခဲ့လေသည်။တစ်ဆက်တည်းမှာပင် ဘုရားအနေကဇာတင် မင်္ဂလာအောင်မြင်တော်မူခဲ့သည်။
ဆရာတော်ကြီးက ရွှေဘုန်းပွင့် စေတီ တော်ကြီးတွင် ကြေးထီးတော်တင်လှူရန် ဆန္ဒ ရှိ၍ မိန့်မှာတော်မူခဲ့သော်လည်း ဦးအာစရနှင့် ဒကာအချို့မှ သံထီးတော်ကို ပင့်ဆောင်လာ ခဲ့ကြသည်။ ဆရာတော်ကြီးလည်း မည်သူ့ကိုမှ အပြစ်မတင်တော့ဘဲ မြို့တွင်းသို့ ထီးတော်လှည့်လည်အပူဇော်ခံနိုင်ရေးကို ပြင်ဆင်ကြ လေသည်။ ရွှေဘုန်းပွင့်ဘုရား စတင်ပန္နက် ရိုက်သည်မှစ၍မာန်အောင်ဘုရား ဓာတ် ပေါင်းစုဘုရားလောကထိပ်တင် သက်တော် ရှင်ဘုရား အောင်ဝိဇ္ဇာဦး ဘုရားဟူ၍ ဘွဲ့တော် အမျိုးမျိုးဖြင့် ထင်ပေါ်တော်မူခဲ့ရာမှ ထီးတင် ခါနီး ရွှေဘုန်းပွင့်ဘုရားဟူ၍ အားလုံးအကြိုက် ညီ ဘွဲ့မည်တော်တွင်ခဲ့ခြင်းဖြစ်လေသည်။ (ယက္ကန်းစင်တောင် ဆရာတော်ဘုရား အတ္ထုပ္ပတ္ထိ မှ ဖော်ပြချက်)
ရွှေဘုန်းပွင့်ဘုရားတည်ပြီးနောက်ပိုင်း (ဘုရားထီးတော်တင်ပြီးနောက်ပိုင်း) တွင် လိုဏ်ဂူကို သတိထားပြီး ဆရာတော်များက ပတ္တမြားဂူကို ဆက်လက်တည်ဆောက်ခြင်း ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောပြသည်။
မင်္ဂလာဂူ
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ မင်္ဂလာဂူဝိပဿနာ ရိပ်သာ စာသင်တိုက် တွင် မင်္ဂလာ သဘာဝလိုဏ်ဂူရှိပါသည်။ အနောက် မြို့ပတ်လမ်းအတိုင်း မြေပုံလမ်းခွဲ မရောက်ခင် လမ်းဘယ်ဘက်ခြမ်းသို့သွားသော လမ်းအ တိုင်း ဝင်သွားလျှင် မင်္ဂလာဂူကို ရောက်ပါ သည်။ မင်္ဂလာဂူကျောင်းအတွင်း သဘာဝ လိုဏ်ဂူတည်ရှိပြီး ဂူအတွင်းပိုင်း ပေငါးဆယ် ပတ်လည်နီးပါး ကျယ်ဝန်းပါသည်။
မင်္ဂလာဂူဝိပဿနာရိပ်သာ စာသင်တိုက် တွင် တောင်ကြီးမြို့၏ တစ်ဆူတည်းသော လောကရတနာ ဆုတောင်းပြည့် ကျောက်စိမ်း စေတီတော် တည်ရှိသည်။ ထိုနေရာမှကြည့် လျှင် တောင်ကြီးအဆင်းလမ်း ဗျူးပွိုင့်နေရာ ကို လှမ်းမြင်နိုင်သည်။
တောင်ကြီးမြို့ပေါ်တွင် မင်္ဂလာဂူ တည်ရှိ သဖြင့် အလည်အပတ်ရောက်ရှိစဉ် သွား ရောက်လေ့လာနိုင်ပါသည်။
တောင်ကြီးအဆင်းလမ်းမှ သဲကျင်းဂူ
တောင်ကြီးအဆင်းလမ်းတွင် တည်ရှိ သော သဲကျင်းဂူသည် ထုံးကျောက်ဂူမဟုတ် ဘဲ သဲကျင်းတူးဖော်ထားသော ကျောက် တောင်နံရံဂူ အသေးလေးတစ်ဂူသာ ဖြစ်ပြီး ကျဉ်းမြောင်းပါသည်။ သဲကျင်းဂူကျောင်းတွင် အောင်ချမ်းသာ ကိုးနဝင်းစေတီတော်နှင့် နဂါး ခုနှစ်ကောင် အလိုတော်ပြည့်ဘုရားကို တည် ထားပါသည်။ သဘာဝဂူဟု သတ်မှတ်မရဘဲ လူသားတို့ပြုလုပ်ထားသော ဂူငယ်ပင်ဖြစ်ပါ သည်။
ရှမ်းပြည်နယ်အတွင်း တည်ရှိကြသော သဘာဝလိုဏ်ဂူများကို အခါအခွင့်ကြုံလျှင် ထပ်မံသွားရောက်လေ့လာ၍ မှတ်တမ်းတင် သွားမည်ဖြစ်ပါသည်။