ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းထားတဲ့ အမျိုးသားလုပ်သား ပြည်ပထွက်ခွာနှင့် နောက်ဆက်တွဲဂယက်

ထွက်ခွာခွင့် ယာယီ ရပ်ဆိုင်းထားတဲ့ အမျိုးသားလုပ်သား ပြည်ပထွက်ခွာနှင့် နောက်ဆက်တွဲဂယက်
ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်သူများနှင့် လိုက်ပါပို့ဆောင်သူများကို ၂၀၂၄ ခုနှစ် မတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်သူများနှင့် လိုက်ပါပို့ဆောင်သူများကို ၂၀၂၄ ခုနှစ် မတ် ၂၈ ရက် ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 5 May 2024

မေ ၁ ရက်မှ စတင်ပြီး မြန်မာနိုင်ငံမှ သွားရောက်လုပ်ကိုင်နေသည့် ပြည်ပလုပ် သားများအနက် အမျိုးသားများကို ထွက်ခွာ ခွင့်ပြုမှု ယာယီရပ်ဆိုင်းထားလိုက်သည်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

“ကုမ္ပဏီတွေကို ဘယ်လိုပြောသလဲဆို တော့ လောလောဆယ်တော့ စာမထွက်သေး တော့ တရားဝင် မဖြစ်သေးဘူးလို့ ပြောရမယ်။ တရားဝင်စာထွက်ဖို့ပဲ ကျန်တော့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တင်ထားတဲ့ နောက်တိုး တွေကို တင်ခွင့်မပေးတော့ဘူး။ ကျွန်တော်တို့ Demand သုံးစောင်တောင် နှစ်စောင်ပဲ မီ လိုက်တယ်။ မေဒေးနေ့က တင်တာ နောက် ဆုံးပဲ။ အဲဒါတောင် ရုံးပိတ်ရက် ဆိုတော့မသေ ချာသေးဘူး။ နှစ်စောင်ကတော့ ရမယ်။ တစ် စောင်ကတော့ မသေချာဘူးဖြစ်နေတယ်” ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

ယခင်က အလုပ်သမားအေဂျင်စီများ နှင့် စာချုပ်ချုပ်ဆိုထားသည့် အလုပ်သမား အရေအတွက်သာ တင်ခွင့်ပြုထားပြီး ထပ်မံ တင်ပို့မည့် အလုပ်သမားခေါ်စာများကို ဝန် ကြီးဌာနဘက်က တင်ခွင့်မပေးတော့ကြောင်း အဆိုပါ ပြည်ပအေဂျင်စီက ပြောကြားသည်။

“အရင် စာချုပ်ချုပ်ထားတာတွေရှိတယ်။ အဲဒါတွေတော့ ရမယ်။ နောက်တိုး demand တွေ၊ နောက်ပိုင်း အလုပ်ခေါ်စာ တွေမှာ အမျိုးသားတွေကို အလုပ်လုပ်ခွင့် မပေး တော့ဘူး ပြောချင်တဲ့ သဘောမျိုးပေါ့” ဟု အဆိုပါအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဧပြီ ၃၀ ရက်က ပြုလုပ်သည့် အလုပ်သ မားဝန်ကြီးဌာနနှင့် ပြည်ပအလုပ်အကိုင် အေဂျင်စီများ တွေ့ဆုံမှုတွင် အလုပ်သမား ဝန်ကြီးဌာနဘက်က အလုပ်သမားအသစ် များ demand လက်ခံမှုကို ယာယီရပ်ဆိုင်း သည်ဟု ‌ပြောကြား‌ထားကြောင်း၊ မေ ၁ ရက်  မတိုင်မီ တရားဝင်သွားရောက်ခွင့် ရရှိထား သူများ မပါဝင်ကြောင်း အလုပ်အကိုင်အေ ဂျင်စီ အသိုင်းအဝိုင်းမှ သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်လုပ် ကိုင်လျက်ရှိသူများအနက် အမျိုးသားများကို သာ သွားရောက်လုပ်ကိုင်ခွင့် ယာယီပိတ်ထား ခြင်းဖြစ်ပြီး အမျိုးသမီးလုပ်သားများသွား ရောက်လုပ်ကိုင်ခွင့်ကို ပုံမှန်အတိုင်းခွင့်ပြု ထားသည်ဟု ပြည်ပအလုပ်အကိုင်အေဂျင်စီ အသိုင်းအဝိုင်း၏ ပြောကြားချက်များအရ သိရသည်။

“ အမျိုးသမီးတွေကတော့ ပုံမှန်အတိုင်း ပဲ ခွင့်ပြုထားတယ်” ဟု ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အလုပ်သမားများ၏ နောက်ဆက်တွဲဂယက်

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန် ထားသည့် သတင်းအချက်အလက်များအရ အလုပ်သမားများကို ယာယီပိတ်ထားခြင်းဟု သာ ဖြေကြားထားသည်။

မေ ၁ ရက်မှစတင်ပြီး ပြည်ပသို့ အမျိုး သားလုပ်သားများ အလုပ်လုပ်ခွင့်ကို ပိတ် သိမ်းထားသည်ဟု သတင်းများထွက်ပေါ် နေမှုနှင့် ပတ်သက်ပြီး မီဒီယာအချို့က မေး မြန်းချက်များအပေါ် အလုပ်သမားဝန်ကြီး ဌာနကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက မီဒီယာများကို ဖြေကြားထားသည်ကို တွေ့ရသည်။

အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီးအလုပ် သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ နောက်ဆက်တွဲမေးမြန်းခဲ့သော်လည်း ပြန် လည်ဖြေကြားခြင်းမရှိခဲ့ပေ။

မြန်မာနောင်းသတင်းဌာနသို့ အလုပ် သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက demand letter ဖြင့် တင်ရ မည့် မည်သည့်နိုင်ငံကမဆို အလုပ်သမား ခေါ်ယူခွင့်ကို ပိတ်ထားကြောင်း၊ မည်သည့် အချိန်တွင် ပြန်ဖွင့်ပေးမည်ဆိုသည်မှာ အ ခြေအနေပေါ်တွင် မူတည်ကြောင်း၊ ခွင့်ပြု ချက်ကျပြီးသူများအကြုံးမဝင်ကြောင်းဖြေ ကြားထားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့သွားရောက်လုပ် ကိုင်သူများမှာ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ကိုရီး ယား အစရှိသည့်နိုင်ငံများသို့ အများဆုံးသွား ရောက်လျက်ရှိသည်။

“ အခုကတော့ ဘယ်လိုမှန်းမသိရသေး ဘူး။ ကျွန်တော်တို့ကျတော့ ကိုရီးယားစာမေး ပွဲကို ဖြေရမလား မဖြေရဘူးလားဆိုတာစဉ်း စားနေရတယ်။ ဖြေတာကတော့ ဖြေရမယ်။ စာမေးပွဲအောင်ရင် ထွက်ခွင့်ရမရဆိုတာ မသိရသေးဘူး” ဟု ကိုရီးယားဘာသာစကား အရည်အချင်းစစ်စာမေးပွဲသို့ ဝင်ရောက်ဖြေ ဆိုမည့်သူတစ်ဦးက ပြောကြားသည်။

၁၆ ကြိမ်မြောက် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (eps-topik) အတွက် စာမေးပွဲဖောင်တင်သူ စုစုပေါင်း ၇၄၀၀၀ ကျော်ရှိပြီး ၂၀၂၃ ခုနှစ်ထက် နှစ်ဆ ကျော်များပြားကြောင်း သိရသည်။

စာမေးပွဲဖြေဆိုမည့်သူတစ်ဦးက “ဒီနှစ် ကတော့ စံချိန်တင်ပါပဲဗျာ။ မနှစ်ကတောင် ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုး/မွေးမြူ ရေး အားလုံးပေါင်းဖြေဆိုသူမှ သုံးသောင်း ကျော်ပဲရှိတာ။ ဒီနှစ်က ခုနစ်သောင်းကျော် ဆိုတော့ နှစ်ဆကျော်လောက်ကို များသွား တာ။ အောင်ဖို့ လွယ်တော့မလွယ်ဘူး။ ပြီး တော့ ဒီနှစ်က အခြေခံကျွမ်းကျင်မှု စစ်ဆေး ခြင်းဆိုတဲ့  skill test ပါ သတ်သတ်ဖြေရမှာ။ အောင်မြင်ဖို့ တော်တော်ကြိုးစားရတော့မယ်”ဟု ပြောကြားသည်။

ကိုရီးယားဘာသာစကားဝင်ရောက်ဖြေ ဆိုမည့်သူများအနေဖြင့် စာမေးပွဲဖောင် လျှောက်လွှာကို အွန်လိုင်းမှတစ်ဆင့် တင် သွင်းခဲ့ရာတွင် လျှောက်ထားသူများပြား သဖြင့် အခက်အခဲများဖြစ်ပေါ်ခဲ့သည်။

“စာမေးပွဲဖောင်တင်သွင်းတုန်းက ဖုန်း နဲ့သွင်းရတာဆိုတော့ အခက်အခဲအနည်းငယ် ဖြစ်ပေါ်ခဲ့ပါတယ်။ ပုံထည့်မရတာတို့၊ အဆင့် ထပ်နှိပ်မရတာတို့ စသဖြင့် ဖြစ်ပေါ်တာတွေ လည်း ကြုံခဲ့ရပါတယ်” ဟု စာမေးပွဲဖြေဆိုမည့် သူက ပြောကြားသည်။

ယင်းသို့ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် သူများပြားသဖြင့် စာမေးပွဲကြေးကိုလည်း ည အိပ်စောင့်ဆိုင်းကာ တန်းစီပေးသွင်းခဲ့ရ သည်။

“မတ် ၂၁ ရက်မှာ သွင်းဖို့အတွက်  ၂၀ ရက် ညနေ ၅ နာရီကတည်းက ကြိုတင်တန်းစီ နေကြပြီ။ လူဦးရေ ၃၀၀ နားတော့ ရှိပြီထင် တယ်ဗျ”ဟု ငွေသွင်းရန် စောင့်ဆိုင်းနေသူ တစ်ဦးက ပြောကြားသည်။

Eps ဖြေဆိုမည့် ကျောင်းသားတစ်ဦးက “ဒီနေ့မှ သွင်းရမှာကို မနေ့ညနေကတည်းက တန်းစီနေကြတာတော့ သူတို့တွေ အဲဒီမှာပဲ အိပ်ကြတာထင်တယ်ဗျ။ သူတို့ ဘာလို့တန်းစီ တာလဲဆိုတော့ စာမေးပွဲဖောင်တင်တုန်းက ဆော့ဖ်ဝဲအခက်အခဲဖြစ်ပေါ်လို့ payment no က နည်းနည်းနောက်ကျပေမဲ့ စောစော တန်းစီပြီး စောစောငွေသွင်းရင် ခုံနံပါတ်စော စောရချင်တယ်ထင်လို့ အဲဒီလိုစောစော တန်း စီကြတာလို့ပဲ မြင်ပါတယ်” ဟု ပြောကြား သည်။

စာမေးပွဲဖောင် လျှောက်လွှာတင်ထား သူများအား မတ် ၁၉ ရက်မှစ၍ ရက်အလိုက် သတ်မှတ်ဦးရေဖြင့် စာမေးပွဲကြေးပေးသွင်း ခဲ့ရပြီး မတ် ၁၉ ရက်တွင် ဝန် ဆောင်မှုလုပ်ငန်း ဖြင့် ဝင်ရောက်ဖြေဆိုမည့် မိန်းကလေးများ အားလုံး စတင်ပေးသွင်းခဲ့ရသည်။

ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို လည်း ယခုနှစ်တွင် စတင်ခေါ်ယူခဲ့သည်။

အလားတူ ဂျပန်သို့အလုပ်သွားရောက် လုပ်ကိုင်ရန်အတွက် ဂျပန်ဘာသာစကား ဖြေဆိုရမည့်စာမေးပွဲကိုလည်း ပြီးခဲ့သည့်နှစ် ကုန်ပိုင်းက ပြုလုပ်ရာ ဝင်ရောက်ဖြေဆိုသူ ထောင်နှင့်ချီရှိခဲ့ပြီး စာစစ်ဌာနများကို တိုးချဲ့ ပြုလုပ်ခဲ့ရသည်။

“ ဂျပန်ကို သွားကြတာက လုပ်ခလစာ လည်း ပိုရတာကြောင့် သွားကြတယ်။ ဒါပေမဲ့ သွားဖို့ကုန်တဲ့ စရိတ်ကျတော့ အများစုက မတတ်နိုင်ကြတော့ လူက ထောင်ဂဏန်း လောက်ပဲ ဖြေကြတာ။ ဒါပေမဲ့ ပြန်ရတာကျ တော့လည်း ဝင်ငွေကကောင်းတော့ လူငယ် တွေတော်တော်များများ စိတ်ဝင်စားကြတယ်” ဟု ပြည်ပအလုပ်အကိုင် ကျွမ်းကျင်သူတစ်ဦး က ပြောကြာသည်။

 

ထို့ပြင် ထိုင်းနိုင်ငံသို့လည်း မြန်မာလုပ် သားအများစု သွားရောက်လုပ်ကိုင်လျက်ရှိ ရာ MoU စနစ်ဖြင့် လုပ်ဆောင်လျက်ရှိသည်။

၁၁ လတာကာလအတွင်း ပြည်ပနိုင်ငံ များသို့ အလုပ်သွားရောက်လုပ်ကိုင်သူ မြန်မာ နိုင်ငံသား တစ်သိန်းခြောက်သောင်းကျော် ရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်ထားသည့်အချက်အလက်များအရ သိရ သည်။

ယခင်နှစ် ဧပြီမှ ယခုနှစ် ဖေဖော်ဝါရီလ ကုန်အထိ တရားဝင်လိုင်စင်ရပြည်ပအလုပ် အကိုင်အေဂျင်စီ ၄၄၀ မှ ပြည်ပနိုင်ငံများသို့ အလုပ်သမား ၁၆၇၉၂၆ ဦး ပို့ဆောင်ခဲ့ခြင်းဖြစ် သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက် အလက်များအရ သိရသည်။

အလုပ်သမားများ သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ကူဝိတ်၊ ကာတာ၊ ယူအေအီး၊ ကိုရီးယား၊ တူရ ကီ အစရှိသည့်နိုင်ငံများသို့ စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန် ထားသည့်အချက်အလက်များအရ ယခင်နှစ် ရှစ်လတာကာလအတွင်း တစ်လလျှင် ပျမ်းမျှ တစ်သောင်းခွဲခန့်သာရှိခဲ့သော်လည်း ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် တစ် သောင်းကိုးထောင်ခန့် သွားရောက်လုပ်ကိုင် လျက်ရှိသည်ကို တွေ့ရသည်။

“အခုကတော့ လေဆိပ်မှာ နေ့တိုင်းနီး ပါးလောက် လူကပြည့်နေတာပဲ။ အလုပ်သွား လုပ်မယ့်သူတွေကို လိုက်ပို့တဲ့သူတွေရော မ နည်းဘူး။ လေဆိပ်ထဲမှာ။ အကုန်လုံးက အ လုပ်သွားလုပ်ကြတာချည်းပဲ” ဟု မတ် ၂၈ ရက်ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသူတစ်ဦးက ပြောကြား သည်။

အလုပ်သမားဝန်ကြီးဌာန၏ တရားဝင် လိုင်စင်ဖြင့် လုပ်ကိုင်လျက်ရှိသည့် အေဂျင်စီ ၅၀၀ ကျော်ရှိသည်။

မြန်မာလုပ်သားအများစုမှာ ထိုင်းနိုင်ငံ သို့ သွားရောက်လုပ်ကိုင်လျက်ရှိပြီး အလုပ်သ မားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့်အချက် အလက်များအရ တစ်လလျှင် တစ်သောင်းခန့် သွားရောက်လုပ်ကိုင်လျက်ရှိသည်ကို တွေ့ရ သည်။

လက်ရှိတွင် ပြည်ပဝင်ငွေရှာဖွေရာတွင် အထောက်အကူဖြစ်နေသည့် မြန်မာရွှေ့ ပြောင်းလုပ်သားများကို ပြည်ပထွက်ခွာခွင့် ယာယီပိတ်သိမ်းထားမှုမှာ မည်သည့်နိုင်ငံများ ပါဝင်သည်၊ မည်သည့်အချိန်တွင် ပြန်ဖွင့်မလဲ ဆိုသည်ကို အလုပ်သမားဝန်ကြီးဌာနမှ ကျယ် ကျယ်ပြန့်ပြန့် ထုတ်ပြန်ရန်လိုအပ်နေပြီဖြစ် သည်။

“ အခုကတော့ ဘယ်လိုဆက်သွားမလဲဆို တာတော့ မသိရသေးဘူး။ လောလောဆယ် ယာယီပိတ်ထားတယ်ဆိုတာပဲရှိသေးတယ်။ demand letter တွေတော့ လက်ထဲကျန်နေ သေးတာပေါ့။ ပြန်ဖွင့်ချိန်မှပဲ အလုပ်ဆက် လုပ်လို့ရမယ့် သဘောမှာပဲရှိတယ်” ဟု ပြည် ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ပြောကြား သည်။

Most Read

Most Recent