ယူကရိန်း ဖောက်ခွဲရေး FPV ဒရုန်း ၁၀၀,၀၀၀ ဝန်းကျင်၏ရန်ကို ရှောင်ရန် ရုရှားစစ်သားများက ပြောင်းတို သေနတ်များကို တောင်းခံ

ယူကရိန်း ဖောက်ခွဲရေး FPV ဒရုန်း ၁၀၀,၀၀၀ ဝန်းကျင်၏ရန်ကို ရှောင်ရန် ရုရှားစစ်သားများက ပြောင်းတို သေနတ်များကို တောင်းခံ
ပြောင်းတိုသေနတ်ပေးရန် ရုရှားစစ်သား အကူအညီတောင်းခံနေသော ဗီဒီယိုကို Forbes မဂ္ဂဇင်းက ဖော်ပြထားသည်ကို တွေ့ရစဉ်
ပြောင်းတိုသေနတ်ပေးရန် ရုရှားစစ်သား အကူအညီတောင်းခံနေသော ဗီဒီယိုကို Forbes မဂ္ဂဇင်းက ဖော်ပြထားသည်ကို တွေ့ရစဉ်
Published 5 May 2024

ရုရှားစစ်တပ်၏ ဒရုန်းတိုက်ဖျက်ရေး ရေဒီယိုဂျမ်မာများသည် ရှေ့တန်းစစ်မျက်နှာ၏နောက် မိုင်ရာချီဝေးသော နေရာတွင်ရှိ သည့် စစ်အခြေစိုက်စခန်းများ၊ စက်ရုံများ၊ ရေနံသန့်စင်စက်ရုံများကို ပစ်မှတ်ထားသော ယူကရိန်းဒရုန်းများကို ဟန့်တားရာတွင် ကောင်းမွန်စွာ အလုပ်မလုပ်ဟု Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ထို့ကြောင့် ရုရှားစစ်စခန်းများရှိရာသို့ လတိုင်း ပစ်လွှတ်သော ယူကရိန်းဖောက်ခွဲ ရေးဒရုန်း ၁၀၀,၀၀၀ ဝန်းကျင်၏ရန်ကို ရုရှားစစ်သားသည် ခက်ခက်ခဲခဲ ကာကွယ်နေရ သည်ဟု ဆိုသည်။ ယူကရန်း ပစ်လွှတ် သော ဒရုန်းများသည် ဖောက်ခွဲရေး ဒရုန်းများဖြစ်ကာ အဝေးမှ ပစ်လွှတ်သူထံ တိိုက်ရိုက် ရိုက် ကူးသောဗီဒီယိုများကို ပြန်ပို့ပေးနိုင်သော first person view (FPV) ဒရုန်းများဖြစ် သည်။

ခဲကျည်ဆန်လေးများ ထည့်ပစ်ရသော ပြောင်းတိုသေနတ်များသည် အဆိုပါဒရုန်း များကို အသင့်အတင့်ကာကွယ်ပေးသော လက်နက်ဖြစ်သည်ဟု ဆိုသည်။ အလေးချိန် နှစ်ပေါင်ရှိသော အဆိုပါဒရုန်းများသည် ငှက်၏အရွယ်အစားရှိပြီး ငှက်၏မြန်နှုန်းအတိုင်း ပျံသန်းသော ဒရုန်းဖြစ်ကြောင်း သိရသည်။ မြန်မြန်ပစ်ချနိုင်သူသည် FPV ဒရုန်းကို ဘဲတစ်ကောင်ကဲ့သို့ ပစ်ချနိုင်သည်ဟုဆိုသည်။

ရုရှားစစ်တပ်သည် ဒရုန်းကာကွယ်ရေး တာဝန်အတွက် ပြောင်းတိုသေနတ်အနည်း ငယ်ကိုသာ ထုတ်ပေးထားခြင်းဖြစ်ရာ အင်အား ၄၀၀,၀၀၀ ရှိသော ယူကရိန်းတပ်ဖွဲ့ တစ်ခုလုံး၏ရန်မှကာကွယ်ရန် လုံလောက် မှုမရှိသည့် အနေအထားဖြစ်နေသည်။ ထို့ ကြောင့် ရုရှားစစ်သားတစ်ဦးသည် ၎င်းအတွက် ပြောင်းတိုသေနတ်ဝယ်ပေးရန် ရုရှားပြည်သူများကို မေတ္တာရပ်ခံရမည့် အနေအထား ဖြစ်နေသည်ဟု ဆိုသည်။

“ရေပြွတ်လို ပြောင်းတိုသေနတ်တွေနဲ့ ကျွန်တော်တို့ကို အကူအညီပေးပါဗျာ။ ဘယ် ပြောင်းတိုသေနတ်ဖြစ်ဖြစ် အလုပ်ဖြစ်ပါတယ်” ဟု  ရုရှားစစ်သားက ရုရှားနိုင်ငံရှိပြည်သူများကို ဗီဒီယို မက်ဆေ့တစ်ခုတွင် ပြောကြားထားသည်။

အဆိုပါစစ်သားက ပြောင်းတိုသေနတ် ပို့ပေးရန် ၎င်း၏မိတ်ဆွေများထံ မေတ္တာရပ်ခံမှုသည် ရုရှားအနေဖြင့် စစ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြောင်းတိုသေနတ်အများအပြား ဝယ်ယူရန် အခက်အခဲရှိနေခြင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပြီး ရှေ့တန်းရောက်တပ်ဖွဲ့များထံ ယုံကြည်စိတ်ချရ လောက်သည့် ဒရုန်းကာကွယ်ရေးစနစ်ကို အလုံအလောက်ပံ့ပိုးပေးနိုင်ခြင်းမရှိဆိုသည်ကို ထင်သာမြင်သာဖြစ်စေခဲ့သည်။

ထို့ကြောင့်လည်း ရုရှားတပ်ဖွဲ့တပ်ဖွဲ့သည် ဝင်လာသော FPV ဒရုန်းများကို ရှောင်တိမ်းရန် ၎င်း၏တပ်သားများကို စက်ဝိုင်းပုံ ၀ိုင်း၍ ပြေးခိုင်းသည့် နည်းကို သင်တန်ပေး လျက်ရှိသည်။

ယူကရိန်း ဒရုန်းပညာရှင် ဆာဟီးဘက် စခရက်တနော့က အဆိုပါလေ့ကျင့်ရေးကို အွန်လိုင်းတွင် ဗီဒီယိုတင်ကာ ပြက်လုံးထုတ်ခဲ့သည်။

“ဒုတိယကမ္ဘာစစ်က စစ်သားတွေရဲ့ တီ တွတ်တွေဟာ ယူကရိန်း FPV ဒရုန်းတွေကို ရှောင်တိမ်းဖို့ ကျွမ်းကျင်သင်တန်းတက်နေကြတယ်” ဟု ၎င်းင်းဖော်ပြခဲ့သည်။

အဝေးမှလာသော ဒရုန်း မပေါက်ကွဲမီ ရုရှားစစ်သားများသည် ဒရုန်းလာသော လမ်း ကြောင်းမှ ရှောင်ထွက်ရန်ကြိုးစားသော်လည်း မအောင်မြင်ဟုဆိုသည်။        

Ref: Forbes

 

Most Read

Most Recent