ကူးတို့လှေအဖြစ် ယာယီအသုံးပြုသောလှေ မိုဇမ်ဘစ်တွင် နစ်မြုပ်သွားသဖြင့် သေဆုံးသူ ၉၆ ဦးအထိ ရှိလာသည်ဟု အာဏာပိုင်များက ပြောကြား

ကူးတို့လှေအဖြစ် ယာယီအသုံးပြုသောလှေ မိုဇမ်ဘစ်တွင် နစ်မြုပ်သွားသဖြင့် သေဆုံးသူ ၉၆ ဦးအထိ ရှိလာသည်ဟု အာဏာပိုင်များက ပြောကြား
နမ်ပူလာကမ်းရိုးတန်းအလွန်ရှိ မိုဇမ်ဘစ်ကျွန်းကို သွားသည့် လှေတစ်စင်းကို ဖေဖော်ဝါရီလအတွင်းက ရိုက်ထားသော ပုံတွင်တွေ့ရစဉ်(Photo: AFP)
နမ်ပူလာကမ်းရိုးတန်းအလွန်ရှိ မိုဇမ်ဘစ်ကျွန်းကို သွားသည့် လှေတစ်စင်းကို ဖေဖော်ဝါရီလအတွင်းက ရိုက်ထားသော ပုံတွင်တွေ့ရစဉ်(Photo: AFP)
Published 8 April 2024

ယာယီအသုံးပြုသော ကူတို့လှေသည် မိုဇမ်ဘစ်မြောက်ပိုင်းကမ်းရိုးတန်းအလွန်တွင် နစ်မြုပ်သွားခဲ့ခြင်းကြောင့် သေဆုံးသူ စုစုပေါင်းသည် ၉၆ ဦးအထိ ရှိလာသည်ဟု ဧပြီ ၈ ရက်တွင် ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။

ငါးဖမ်းလှေအဖြစ်လည်း ပြောင်းလဲ၍ရသော ကူတို့လှေသည် လူ ၁၃၀ ခန့်ကို တင်ဆောင်ပြီး နမ်ပူလာပြည်နယ်ရှိ မိုဇမ်ဘစ်ကျွန်းသို့ သွားရန်ကြိုးစားစဉ် ဧပြီ ၇ ရက်တွင် နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“လွန်ခဲ့တဲ့ နာရီအနည်းငယ်အတွင်းမှာ နောက်ထပ်အလောင်းငါးလောင်းကို တွေ့ရှိခဲ့ပါတယ်။ အခုဆိုရင် သေဆုံးသူ ၉၆ ဦးရှိသွားပါပြီ”ဟု မိုဇမ်ဘစ်ကျွန်း၏အုပ်ချုပ်ရေးမှူးဆေဗာရီယိုနော်အိုင်တိုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ထပ်မံတွေ့ရှိသော အလောင်းငါးလောင်းထဲတွင် ကလေးသုံးဦး၏ အလောင်းများပါဝင်သည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသားများသည် အသက်ရှင်သူ ၁၁ ဦးကို တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လူပြည့်ကျပ်အောင်တင်ထားပြီး ခရီးသည်တင်ရန် မသင့်လျော်သောလှေသည် နစ်မြုစ်သွားသည်ဟုယုံကြည်ရကြောင်း ဧပြီ ၇ ရက်တွင် အာဏာပိုင်များက ပြောကြားခဲ့သည်။

လှေပေါ်တွင် လိုက်ပါသွားသူအများစုသည် ကာလဝမ်းရောဂါဖြစ်ပွားနေသည်ဟူသော သတင်းမှားကြောင့် အထိတ်တလန့်ဖြစ်ကာ ကုန်းမကြီးမှ လွတ်မြောက်ရန် ကြိုးစားကြသူများဖြစ်သည်ဟု နမ်ပူလာပြည်နယ် ဝန်ကြီးချုပ်ဂျေမီနီတိုက ပြောကြားခဲ့သည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သောမိုဇမ်ဘစ်သည် အောက်တိုဘာကတည်းက ဝမ်းရောဂါပွားသူ ၁၅,၀၀၀ နီးပါးရှိပြီး ၃၂ ဦး သေဆုံးခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။

ထိုအထဲတွင် နမ်ပူလာပြည်နယ်သည် ကာလဝမ်းရောဂါအဖြစ်အများဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ဝမ်းရောဂါဖြစ်သူအားလုံး၏ သုံးပုံတစ်ပုံမှာ ယင်းပြည်နယ်မှဖြစ်သည်ဟု ဆိုသည်။

လှေသည် မိုဇမ်ဘစ်ကျွန်းကို ဦးတည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ မိုဇမ်ဘစ်ကျွန်းသည် ပေါ်တူဂီ အရှေ့အာဖရိက၏မြို့တော်အဖြစ်အသုံးပြုနေသော သန္တာကျွန်းငယ်လေးဖြစ်ပြီး ကျွန်း၏အမည်ကို မိုဇမ်ဘစ်နိုင်ငံအမည်ပေးထားသော ကျွန်းဖြစ်သည်။

လွန်ခဲ့သော လများတွင် နမ်ပူလာပြည်နယ်သည် မြောက်ပိုင်းအိမ်နီးချင်း ကာဘိုဒဲလ်ဂါဒို ပြည်နယ်တွင် ဂျီဟတ် တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးလာသူ အများအပြားကို လက်ခံထားခဲ့သည်။

ပင်လယ်ပြင်၌ ပျောက်ဆုံးနေသူအရေအတွက်ကို မသိရသေးဟု နော်အိုင်တိုက ပြောကြားခဲ့ပြီး ယင်းလှေပေါ်တွင်လိုက်ပါသောခရီးသည် အရေအတွက် အတိအကျကိုလည်းမသိရသေးဟု ဆိုသည်။

အိန္ဒိယသမုဒ္ဒရာသို့ လမ်းပေါက်သောကုန်သွယ်ရေးနေရာတစ်ခုဖြစ်ပြီး ကနဦးပိုင်းတွင် အာရပ်ကုန်သည်များက အသုံးပြုခဲ့သော မိုဇမ်ဘစ်ကျွန်းကို နာမည်ကျော်စူးစမ်းရှာဖွေရေးသမား ဗာစကိုဒဂါးမားက ပေါ်တူဂီ အတွက်ရယူပေးခဲ့သည်။ မိုဇမ်ဘစ်သည် ၁၉၅၇ ခုနှစ်အထိ ပေါ်တူဂီကိုလိုနီဖြစ်ခဲ့သည်။                                              Ref: AFP

Most Read

Most Recent