တောင်အာရှနှင့်အရှေ့တောင်အာရှတွင် အပူလှိုင်းကျရောက်နေချိန်တွင် ဗီယက်နမ်နိုင်ငံ၌ အပူချိန် စံချိန်တင်မြင့်တက်

တောင်အာရှနှင့်အရှေ့တောင်အာရှတွင် အပူလှိုင်းကျရောက်နေချိန်တွင် ဗီယက်နမ်နိုင်ငံ၌ အပူချိန် စံချိန်တင်မြင့်တက်
ဧပြီ ၃၀ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်ရှိ တိုက်ခန်းတစ်ခန်းတွင် အဲကွန်းအများအပြား တပ်ဆင်ထားပုံကို မြင်တွေ့ရစဉ်(Photo: AFP)
ဧပြီ ၃၀ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်ရှိ တိုက်ခန်းတစ်ခန်းတွင် အဲကွန်းအများအပြား တပ်ဆင်ထားပုံကို မြင်တွေ့ရစဉ်(Photo: AFP)
Published 4 May 2024

တောင်နှင့် အရှေ့တောင်အာရှတို့တွင် အပူလှိုင်းများကျရောက်နေချိန်တွင် ဗီယက်နမ်နိုင်ငံတစ်ဝန်းတွင် ဧပြီလ၌ အပူချိန်စံချိန်တင်ဖြစ်စဉ် ၁၀၀ ကျော်ရှိသည်ဟုတရားဝင် ထုတ်ပြန်ထားသည့် အချက်အလက်တွင်ဖော် ပြထားသည်။

မကြာသေးမီသီတင်းပတ်များအတွင်း အိန္ဒိယမှ ဖိလစ်ပိုင်အထိ အာရှတစ်ဝန်းတွင် ပြင်းထန်သော အပူချိန်ကြောင့် အပူလျှပ်၍သေဆုံးမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည့်အပြင် စာသင်ကျောင်းများကိုလည်း ပိတ်ထားရပြီးလူအများက အေးမြသောမိုးရွာသွန်း၍ဆုတောင်းလျက်ရှိသည်။

သိပ္ပံပညာရှင်များက လူသားများကြောင့် ဖြစ်သောရာသီဥတုဖောက်ပြန်ပြောင်းလဲမှုသည် အပူလှိုင်းများကို ပိုမိုပြင်းထန်စေပြီးမကြာခဏဖြစ်ပွားစေကာ ကာလကြာရှည်ဖြစ် ပေါ်စေလိမ့်မည်ဟု သတိပေးထားသည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလအတွင်း မြင့်မားသောအပူချိန်ရှိသည့် အပူလှိုင်းသုံးကြိမ်ဖြတ်သန်းခဲ့ကာ ယခုသီတင်းပတ်အစောပိုင်းတွင် မြို့နှစ်မြို့၌ အပူချိန်သည် ၄၄ ဒီဂရီ ဆဲလ်စီးယက်စ်အထိ ရောက်ရှိခဲ့သည်ဟု ရေအားလျှပ်စစ်-မိုးလေဝသခန့်မှန်းချက် အမျိုးသားစင်တာမှ မေ ၃ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်တွင်ဖော်ပြထားသည်။

အဆိုပါ အပူချိန်အမှတ်သည် ဗီယက်နမ်တွင် စံချိန်တင်အပူချိန်အောက်အနည်းငယ်သာ လျော့နည်းကာ လွန်ခဲ့သည့်နှစ် မေ ၇ ရက်က အပူချိန် ၄၄ ဒသမ ၂ ဒီဂရီဆဲလ်စီးယက်သည် အပူဆုံးအဖြစ် စံချိန်တင်ထား သည်။ ဗီယက်နမ်မြောက်ပိုင်းနှင့် အလယ်ပိုင်းတို့သည် အပူလှိုင်းဖြတ်သန်းမှုကို ကြုံတွေ့ခံစားခဲ့ရပြီး လွန်ခဲ့သည့်နှစ်အလားတူကာလအတွင်း ကြုံတွေ့ခဲ့သောအပူလှိုင်းထက်ပျမ်းမျှ နှစ်ဒီဂရီဆဲလ်စီးယက်မှ လေးဒီဂရီဆဲလ်စီးယက်အထိအပူချိန်ပိုမိုမြင့်တက်လာခဲ့ပြီး ဧပြီလတွင် နိုင်ငံတစ်ဝန်းရှိ မိုးလေဝသဌာန ၁၀၂ ခုတွင် စံချိန်တင်အပူချိန်မြင့်တက်သည့်မှတ်တမ်းများကို မြင်တွေ့ရသည်။

မိုးလေဝသဌာနခုနစ်ခုတွင် ဧပြီ ၃၀ ရက်၌ အပူချိန်သည် ၄၃ ဒီဂရီဆဲလ်စီးယက်အထိ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဗီယက်နမ်နိုင်ငံတွင် ပြင်းထန်သောရာသီဥတု၏ သိသားထင်ရှားသော လက္ခဏာတစ်ရပ်မှာ နိုင်ငံတောင်ပိုင်း ဒေါင်နိုင်းပြည်နယ်တွင် ရေလှောင်ကန်တစ်ကန်နှင့် ငါးအကောင်ရေ သိန်းချီသေဆုံးခဲ့သည်။

အစုလိုက်သေဆုံးမှုဖြစ်စဉ်သည် အပူလှိုင်းနှင့် စီမံခန့်ခွဲမှု အားနည်းခြင်းတို့ကြောင့် ရေပြတ်တောက်မှုများကြောင့်ဖြစ်သည်ဟု ပြစ်တင်ပြောကြားထားသည်။

ဗီယက်နမ် မိုးလေဝသအေဂျင်စီက မေလတွင် အပူချိန် ပိုမိုမြင့်တက်နိုင်သည့်အကြောင်း ခန့်မှန်းထုတ်ပြန်ထားကာ အပူချိန်သည် ယခင်နှစ်ထက် ၁ ဒသမ ၅ ဒီဂရီဆဲလ် စီးယက်မှ ၂ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်အထိ ပိုမိုပူပြင်းနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှတွင် ဧပြီလနှင့်မေလတို့သည် ပုံမှန်အားဖြင့် အပူဆုံးအချိန်ဖြစ်သော်လည်း အယ်နီညိုရာသီဥတုဖြစ်စဉ်သည် ယခုနှစ်၏ အပူချိန်ကို ပိုမိုမြင့်တက်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်လည်း ဧပြီလ၌ အပူချိန်စံချိန်တင်မြင့်တက်ခဲ့ကာ ယခုနှစ်စကတည်းက ထိုင်းနိုင်ငံတွင်အပူလျှပ်မှုကြောင့် သေဆုံးသူ ၃၀ ထက်မနည်းရှိခဲ့ပြီး ကမ္ဘောဒီးယားတွင် လူသေဆုံးမှုများဖြစ် စေသည့် လက်နက်ခဲယမ်းများပေါက်ကွဲမှုဖြစ်စဉ်သည် အပူချိန်မြင့်တက်မှုနှင့်ဆက်နွှယ် နေသည်ဟုထုတ်ပြန်ထားသည်။

Ref: AFP

Most Read

Most Recent