ယူကရိန်းလိုလားသော သတင်းမီဒီယာဌာန ၁၇၅ ခုအား ဝါဒဖြန့်ချိရေးအတွက် အမေရိကန်အစိုးရက အကူအညီပေးနေ

ယူကရိန်းလိုလားသော သတင်းမီဒီယာဌာန ၁၇၅ ခုအား ဝါဒဖြန့်ချိရေးအတွက် အမေရိကန်အစိုးရက အကူအညီပေးနေ
Published 8 May 2024
Ref: The Federalist

ယူကရိန်းလိုလားသော သတင်းမီဒီယာဌာန ၁၇၅ ခုအား ဝါဒဖြန့်ချိရေးအတွက် အမေရိကန်အစိုးရက အကူအညီပေးနေကြောင်း အမေရိကန်နိုင်ငံ နယူးယောက်အခြေစိုက် The Federalist သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရသည် ယူကရိန်းစစ်ပွဲ အမေရိကန်ကို ဝေဖန်နေသူများအား အသံတိတ်သွားစေရန် ယူကရိန်းလိုလားသော သတင်းမီဒီယာများက ဝါဒဖြန့်ခြင်းအတွက် အကူအညီများပေးနေသည်ဟုဆိုသည်။ 

အမေရိကန်ကျောထောက်နောက်ခံပြု ကာ ယူကရိန်း၏ရုရှားကို တွန်းလှန်တိုက်ခိုက် မှုသည် ဒွန်းဘက်စ်ဒေ၏ သွေးစွန်းနေသာ လျှိုမြောင်များထဲတွင်သာ တိုက်ခိုက်နေကြ ခြင်းမဟုတ်ဘဲ ပြည်သူတို့၏အသည်းနှလုံး များကို သိမ်းကျုံးယူရေးအတွက် သတင်းမီ ဒီယာစစ်ပွဲကိုလည်း ဆင်နွှဲနေသည်ဟု ဆို သည်။

အမေရိကန်အစိုးရ၏ အထောက်အပံ့  ကိုလည်း ရရှိထားပြီး အမေရိကန်အစိုးရ၏ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နေ သော သတင်းမီဒီယာအများအပြားသည် ရုရှားဝါဒဖြန့်ချိမှုများကို တန်ပြန်ရန်ဆောင် ရွက်နေကြရုံသာမက အစိုးရဆန့်ကျင်သော  သတင်းဌာနများ ပိတ်သွားအောင်လုပ် ဆောင်ခြင်းနှင့် ပြင်းထန်သည့် ဆင်ဆာဥပဒေများကိုလည်းထောက်ခံလျက်ရှိသည်။ ထို့ အပြင်အမေရိကန်အစိုးရထံမှ  အထောက် အပံ့များရယူထားသောမီဒီယာများသည် သတင်းမှားဖြန့်ခြင်းတို့ကို လုပ်ဆောင်နေကြ သည့်အပြင် အမေရိကန် နိုင်ငံသားများအပါ အဝင် စစ်ပွဲကို ဝေဖန်နေသူများ အသံတိတ် သွားစေရန် ကြိုးပမ်းလျက်ရှိသည်ဟု ဆို သည်။

ဘောဂဗေဒပညာရှင် ဂျက်ဖရီဆက်၊ သတင်းဝေဖန်သုံးသပ်တင်ဆက်သူ တက်ကာ ကာလ်ဆင်၊ ဂျာနယ်လစ် ဂလန်းဂရင်းဝါးလ် ၊ ချီကာဂိုတက္ကသိုလ်ပါမောက္ခ ဂျွန်မီယာရှိုင်း မားတို့သည် ရုရှား ၀ါဒဖြန့်ချိရေးကွန်ရက်၏ အစိတ်အပိုင်းအဖြစ်ပုံဖော်ခံရသော လက်ဝဲ၊ လက်ယာသမားတို့နှင့်စပ်လျဉ်း၍ ဝေဖန်ကြ သူများထဲတွင် ပါဝင်နေကြသည်။

အမေရိကန်ကွန်ဂရက်သည် ယူကရိန်း စစ်ပွဲကို အကူအညီပေးရေးအတွက် ထောက် ပံ့ငွေများကို မကြာသေးမီက အတည်ပြုခဲ့ သည်။ အမေရိကန် အခွန်ထမ်းပြည်သူများ၏ အဆိုပါငွေများသည် ယူကရိန်း သတင်းဌာန များကို ထောက်ပံ့သည့်အထဲတွင်ပါဝင်နေ ကြသည်ဟု ဆိုသည်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက ယူကရိန်းသတင်းမီဒီယာဌာန ၁၇၅ ခုသည် အမေ ရိကန်အစိုးရ၏ အထောက်အပံ့များကို လက်ခံ ရရှိထားသည်ဟု ဆိုသည်။ ထို့အပြင်အဆို ပါ ယူကရိန်းသတင်းဌာနများအတွက် အမေ ရိကန်အစိုးရက အာဘော်များချပေးနေသည် ဟုဆိုသည်။ သို့ရာတွင် အိမ်ဖြူတော်သည် အယ်ဒီတာ့အာဘော်တို့ကို ထိန်းချုပ်ခြင်းမရှိ ဟု ဆိုသည်။

ယူကရိန်းသတင်းဌာနတစ်ခုဖြစ်သော Vox Ukraine သည် ဂျက်ဖရီဆက်၊ မီယာရှိုင်း မား၊ ဂရင်းဝါးလ်တို့အပါအဝင် အမေရိကန် အစိုးရကို အတိုက်အခံလုပ်သော လှုံ့ဆော် သံများ၏ အများလက်ခံယုံကြည်မှုကို ဝေဖန် တိုက်ခိုက်ထားသော ဗီဒီယိုများကို ထုတ်ပြန် ခဲ့သည်။

သြဇာအကြီးဆုံး မီဒီယာစောင့်ကြည့်ရေး အုပ်စုတစ်ခုဖြစ်သည့် detector Media သည် အမေရိကန်အစိုးရကို ဝေဖန်နေသူများ အား ရုရှား သတင်းမှား စစ်ဆင်ရေး၏အစိတ် အပိုင်းများအဖြစ် တံဆိပ်ကပ်ထားသည့် လူမှုမီဒီယာပို့စ် အများအပြားကို အလားတူ တင်ခဲ့ကြောင်းသိရသည်။ အဆိုပါသတင်းဌာ နများသည် ပြည်တွင်းရေးအငြင်းပွားမှုများ ကိုလည်း အသားပေးဖော်ပြနေသာ မီဒီယာ များဖြစ်သည်။ detector Media ၏ထုတ်လွှင့်မှုများထဲတွင် အတိုက်အခံ သ တင်း မီဒီယာများကို ယူကရိန်းအစိုးရကပိတ်ရန် ဆောင်ရွက်မှုများကို ဝေဖန်နေသူများအား သရော်ထားသည့် အ ကြောင်းအရာများပါဝင်ခဲ့သည်။

နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အတွက် အမေရိကန်အစိုးရဌာန USAID က ထောက်ပံ့ပေးထားသော မီဒီယာအုပ်စုများ က ပစ်မှတ်ထားသော အစိုးရဆန့်ကျင့်ရေး လှုံ့ဆော်သံများကိုလည်း detector media က သရော်ခဲ့သည်ဟု ဆိုသည်။ USAID အရှေ့အလယ်ပိုင်းတွင်လည်း ယင်းသို့သော ထောက်ပံ့မှုများကို လုပ်ဆောင်လျက်ရှိသည်။

အလားတူ မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း အမေရိကန်အစိုးရသည် Exile သတင်းဌာနများစွာကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ထောက်ပံ့မှုများရှိနေသည်။

 

အမေရိကန်အစိုးရက အတည်ပြုထားသည့် Burma Act အရ ၂၀၂၄ ခုနှစ်အတွက် အမေရိကန်က မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာသန်း ၁၂၀ ကျော် အကူအညီပေးမည်ဖြစ်ပြီး အဆိုပါအကူအညီများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အမေရိကန် နိုင်ငံတကာဖွံ့ဖြိုး ရေးအေဂျင်စီ (USAID)တို့က တစ်ဆင့် ပေးအပ်ခြင်းဖြစ်သည်ဟုဆိုသည်။ 

အမေရိကန်အစိုးရသည် ထောက်ပံ့မှုများကို လက်ရှိတွင် ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်တို့တွင် အခြေစိုက်နေသည့် Exile သတင်းမီဒီယာများကို အဓိကထောက်ပံ့ပေးနေခြင်းဖြစ်ပြီး အဆိုပါမီဒီယာများတွင် မြန်မာသတင်းသမား ရာနှင့်ချီ လုပ်ကိုင်နေကြကြောင်း သိရသည်။

 

                  

Most Read

Most Recent