ဆူဒန်တွင် အစားအစာမျှဝေကူညီပေးနိုင်ရန် သက်စွန့်ဆံဖျား လုပ်ဆောင်နေကြသည့် စေတနာ့ဝန်ထမ်းများ

ဆူဒန်တွင် အစားအစာမျှဝေကူညီပေးနိုင်ရန် သက်စွန့်ဆံဖျား လုပ်ဆောင်နေကြသည့် စေတနာ့ဝန်ထမ်းများ
Photo - AFP
Photo - AFP
Published 31 March 2024

ဆာမားမက်ကီ၏ အစားအစာ အခမဲ့မျှဝေပေးသည့်စင်တာသည် စျေးမှ မီတာ ၁၀၀ အကွာတွင်သာရှိ သော်လည်း ဆူဒန်၏ စစ်မက်ဖြစ်ပွားနေသော လမ်းများတစ်လျှောက် ကျည်ဆံများကြားမှ ယင်းနေရာသို့ သွားရောက်ရာတွင် အချိန်နှစ်နာရီ နီးပါးကြာမြင့်နိုင်သည်။

အသက် ၄၃ နှစ်အရွယ်မက်ကီ၊ ၎င်း၏ မိသားစုနှင့် ဒေသခံစေတနာ့ ဝန်ထမ်းများသည် စစ်တပ်နှင့်အရန် တပ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုများအကြားတွင် မိသားစုဝင် ၁၅၀ ဝန်းကျင်ကို အစားအစာစီစဉ်ပေးနိုင် ရန်အတွက် ချက်ပြုတ်စီစဉ်ပေးနိုင်ရန် စွန့်စွန့်စားစား လုပ်ကိုင်လျက်ရှိသည်။

“တစ်ခုတည်းသော အရေးကြီးတဲ့အရာကတော့ လူတွေအစားစား နိုင်ဖို့ပါပဲ။ကျွန်တော်သူတို့တွေ အတွက် ချက်ပြုတ်လုပ်ဆောင်နေတုန်း သေသွားခဲ့မယ်ဆိုရင်တောင် နောင်တမရပါဘူး”ဟု မက်ကီကဆိုသည်။

ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်ဖာတာ အယ်ဘာဟန်နှင့် အရန်တပ်ဖွဲ့RSF ကြား လွန်ခဲ့သည့်ဧပြီလက စတင် ဖြစ်ပွားသည့် စစ်ပွဲကြောင့် လူပေါင်းသောင်းချီသေဆုံးခဲ့ပြီး လူပေါင်း သန်းချီ အိုးအိမ်များကို စွန့်ခွာထွက် ပြေးခဲ့ကြသည်။

ဆင်းရဲချို့တဲ့နေသော ဆူဒန်နိုင်ငံတွင် အငတ်ဘေးကြုံတွေ့လုနီးပါးဖြစ်နေချိန်တွင် မက်ကီကဲ့သို့ကြိုး ပမ်းဆောင်ရွက်မှုများသည် လူအများအသက်ရှင်နိုင်ရန်အနည်းငယ်သော နည်းလမ်းများတွင် အပါအဝင် ဖြစ်သည်။

မက်ကီသည် ၎င်း၏သမီးအတွက် ဆေးဘက်ဆိုင်ရာအကူအညီ ရရှိနိုင်ရန် အီဂျစ်သို့ သွားရောက်ခဲ့ပြီး ၎င်း၏အစားအစာ ဝေငှရေးစင်တာကို ၎င်း၏မိခင်ဖြစ်သူနှင့်အိမ်နီးချင်း လူငယ်ပရဟိတသမားများထံ လွှဲပြောင်းအပ်နှံခဲ့သည်။

၎င်း၏တစ်နယ်တည်းသားများ ကဲ့သို့ပင် သူသည် လက်ရှိတွင်နိုင်ငံရပ်ခြားတွင် နေထိုင်နေသောဆူဒန် လူမျိုးများထံမှ အလှူငွေများကိုစီစဉ်ပြီး ပဋိပက္ခမှ အသက်ရှင်ရန် ရုန်းကန်နေရသူများထံ ပြန်လည်ပေးပို့ရန်စီ စဉ်လုပ်ဆောင်ပေးလျက်ရှိသည်။

ပဋိပက္ခ၏ ပထမဆုံးပစ်ခတ်မှုများ စတင်ဖြစ်ပွားလာပြီးနောက် မကြာမီတွင် လူငယ်များသည် ၎င်းတို့ ၏နေအိမ်များတွင် ချက်ပြုတ်ရန် စေတနာ့ဝန်ထမ်းများအဖြစ် စတင်လုပ်ကိုင်ခဲ့သည်ဟု ကိုင်ရိုရှိစေတနာ့ဝန် ထမ်းတစ်ဦးဖြစ်သည့် အဗ္ဗဒယ်ဂတ်ဖာအိုမာက ပြောကြားခဲ့သည်။

ယင်းစိတ်ကူးအကြံဉာဏ်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့သွားပြီး နိုင်ငံတစ်ဝန်းတွင် မိမိကိုယ်ပိုင်အားဖြင့် တည်ထောင်သော အဖွဲ့အစည်းအလိုက် အစားအစာလှူဒါန်းရေး စင်တာပေါင်းရာချီ ပေါ်ပေါက်ခဲ့သည်။

၎င်းတို့သည် COVID-19 တုံ့ ပြန်ဆောင်ရွက်မှုကို ညှိနှိုင်းပေးရာတွင် ကူညီပေးခဲ့သည့်အပြင် ယခင်က ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများကို ဦးဆောင်ခဲ့သည့် “တော်လှန်ရေးကော်မတီများ”ဟုလူသိများသော ဒေသခံလူငယ်အုပ်စုများကို အသုံးပြုခဲ့သည်။

စစ်ပွဲဖြစ်ပွားချိန်တွင် ကော်မတီများသည် စစ်ဒဏ်သင့်အရပ်သားများအား ကျန်းမာရေးစောင့်ရှောက်မှု၊ ဘေးလွတ်ရာရွှေ့ပြောင်းရေးနှင့် အစားအစာအကူအညီပေးရေးတို့အတွက် အရေးပေါ်တုံ့ပြန်ဆောင် ရွက်ရေးအခန်းများ(ERRs)ကို ဖန်တီးထူထောင်ခဲ့သည်။

ERRs အများစုသည် ကိုယ်ပိုင် အစားအစာဝေငှရေးစင်တာများကို လုပ်ဆောင်နေကြပြီး အခြားသူများက ညှိနှိုင်းဆောင်ရွက်ရေးနှင့် ရန်ပုံငွေများကို ကူညီပေးလျက်ရှိသည်။

နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များက ၎င်းတို့ကို ဆူဒန်၏ လူသားချင်းစာနာထောက်ထားမှု တုံ့ပြန်ဆောင်ရွက်ရေး၏ ရှေ့တန်းအဖြစ် ခေါ်ဆိုခဲ့ကြပြီး ကုလသမဂ္ဂက ERRs သည် ဆူဒန်တစ်ဝန်းတွင်ပြည် သူလေးသန်းကျော်ကို ကူညီပေးနေသည်ဟု ကုလသမဂ္ဂကဆိုသည်။

ယင်းစင်တာများသည် နေ့စဉ် လူအနည်းစုမှ မိသားစုပေါင်း ၂၀၀  အထိ ကျွေးမွေးလျက်ရှိသည်ဟုစေ တနာ့ဝန်ထမ်းအများအပြားက ပြောကြားခဲ့သည်။မြို့တော်အတွင်း၌ပင် လူပေါင်းသောင်းချီသည် နေ့စဉ်အစား အစာအတွက် ERRs များကို မှီခိုနေရသည်။မက်ကီကဲ့သို့ စေတနာ့ ဝန်ထမ်းများသည် ခါတွန်၏အမွှာ မြို့ဖြစ်သော အွန်ဒူရာမန်မြို့ရှိ ဒေသခံဗလီတွင် နေ့လယ်စာများကို မကြာခဏ ကျွေးမွေးလေ့ရှိသည်။

နိုင်းမြစ်ကို ဖြတ်သန်းသည့် ဘာရီဟု လူသိများသော ခါတွန်မြောက်ပိုင်း၏ အခြေအနေသည် တစ်နှစ်နီးပါးကြာ ဝန်းရံပိတ်ဆို့မှုကြောင့် သိသိ သာသာ ကွဲပြားခြားနားနေသည်။

“ဘာရီဟာ RSF ရဲ့ခြေကုတ် ယူထားတဲ့နေရာဆိုပြီး စစ်တပ်က ယူဆထားကြပါတယ်။အဲဒါကြောင့် ဘယ်အရာကိုပဲဖြစ်ဖြစ် RSF ရဲ့ ထောက်ပံ့ပစ္စည်းတွေလိုမျိုး ပြုမူနေကြပါတယ်။ကျွန်တော်တို့တွေရဲ့ ပစ္စည်းတွေကို မြို့ထဲရောက်အောင် ခိုးဝှက်သယ်ယူနေရပါတယ်”ဟုအမည်မဖော်လိုသော တက်ကြွလှုပ်ရှား သူတစ်ဦးကဆိုသည်။စေတနာ့ဝန်ထမ်းများသည် တစ်အိမ်တက်ဆင်း အစားအစာများကို ပို့ဆောင်ပေးနေ သော်လည်း ဘာရီမြို့ရှိလမ်းများ၌ အကူအညီများကို လုယက်သူဟု လူသိများသည့် အရန်တပ်သားများ ပြည့်နှက်လျက်ရှိသည်။

Ref:AFP

Most Read

Most Recent