ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲပြီးဆုံးသွားစေရေး အလံဖြူထောင်ရန် ပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းပယ်ချ

ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲပြီးဆုံးသွားစေရေး အလံဖြူထောင်ရန် ပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းပယ်ချ
Published 11 March 2024

ရုရှားနှင့်စစ်ပွဲပြီးဆုံးသွားစေရန် အလံဖြူထောင်ရမည်ဟုပြောခဲ့သော  ပုပ်ရဟန်းမင်းကြီး၏တောင်းဆိုမှုကို ယူကရိန်းက ပယ်ချလိုက်ပြီး ယူကရိန်းသည် ဘယ်တော့မှ အညံ့ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ရဲ့အလံဟာ အဝါရောင်နဲ့အပြာရောင်ဖြစ်ပါတယ်။ အဲဒီအလံဟာ ကျွန်တော်တို့ ရှင်သန်၊သေဆုံး၊ အောင်နိုင်တဲ့ အလံဖြစ်ပါတယ်"ဟု ယူကရိန်းသည် အလံဖြူထောင်ရန် သတ္တိရှိထားသင့်သည်ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပြီးနောက် တစ်ရက်အကြာ မတ် ၁၀ ရက်တွင် ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာက လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ယူကရိန်းသည် ရုရှားနှင့်စေ့စပ်ဆွေး‌နွေးသင့်သည်ဟု ဆွစ်ဇာလန်ရုပ်သံလွှင့်ဌာန RTS နှင့် အင်တာ‌ဗျူးတွင် အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်က ပြောကြားခဲ့သည်။

“အ‌ခြေအနေကို မြင်သူတွေဟာ အသန်မာဆုံးသူတွေဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြည်သူတွေကို ထည့်စဉ်းစားပါ။ အလံဖြူထောင်ဖို့ သတ္တိရှိပါ။ စေ့စပ်ဆွေးနွေးပါ”ဟု ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က အင်တာဗျူးတွင် ပြောကြားခဲ့သည်။ အဆိုပါ အင်တာဗျူးကို ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဗာတီကန်က ပြောသည်။

ကောင်းသည့်ဘက်တွင် ရပ်တည်ရန်၊ ဆန့်ကျင်ဘက်တွင် တစ်သားတည်း ရပ်တည်ခြင်းမပြုရန်နှင့် စေ့စပ်ဆွေးနွေးရေးကိုတောင်းဆိုခြင်းမပြုရန် ကူလီဘာက ပုပ်ရဟန်းမင်းကြီးကို တောင်းဆိုခဲ့သည်။

Ref:Al Jazeera

Most Read

Most Recent