ဟေတီနိုင်ငံ၌ ဖြစ်ပွားနေသည့် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ် ကာရီဘီယံညီလာခံ ကျင်းပ

ဟေတီနိုင်ငံ၌ ဖြစ်ပွားနေသည့် လူဆိုးဂိုဏ်းများ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အရေးပေါ် ကာရီဘီယံညီလာခံ ကျင်းပ
လက်နက်ကိုင် လူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီဘာဘီကျူးကို ၎င်း၏တပည့်များနှင့်အတူ မတ် ၅ ရက်က ပို့အော်ပရင့်တွင် တွေ့ခဲ့ရစဉ်(Photo:AFP)
လက်နက်ကိုင် လူဆိုးဂိုဏ်းခေါင်းဆောင် ဂျင်မီဘာဘီကျူးကို ၎င်း၏တပည့်များနှင့်အတူ မတ် ၅ ရက်က ပို့အော်ပရင့်တွင် တွေ့ခဲ့ရစဉ်(Photo:AFP)
Published 11 March 2024

ဆင်းရဲသော ကျွန်းနိုင်ငံ ဟေတီ၏မြို့ တော်ပို့အော်ပရင့်တွင် လူဆိုးဂိုဏ်းအကြမ်း ဖက်မှုများဖြစ်ပွားလျက်ရှိပြီးလွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်တွင် ပြည်ပသံတမန်များ ထွက်ပြေးခဲ့ရသောကြောင့်နိုင်ငံကြီးများက သံတမန်များသည် ဟေတီ၌ ဆိုးရွားလာနေသော အခြေအနေကို ကိုင်တွယ်ဖြေရှင်းရန် မတ် ၁၁ ရက်တွင် ကာရီဘီယံဒေသ၌ တွေ့ဆုံခဲ့ကြသည်။

ပို့အော်ပရင့်၏ နေရာအများအပြားကိုလည်းကောင်း၊ ဟေတီ၏အခြားဒေသများသို့ သွားသော ကားလမ်းများကိုလည်းကောင်း ထိန်းချုပ်ထားသော ပြစ်မှုကျူးလွန်နေသည့် အုပ်စုများသည် ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖယ်ရှားရန်လွန်ခဲ့သောရက်ပိုင်းတွင် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြသည်။

ကာရီဘီယံနိုင်ငံများ၏ မဟာမိတ်အဖွဲ့ ဖြစ်သော ကာရီကွန်းသည် ဟေတီ၌ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ ဟေတီကို အကူအညီများပေးမည့် နည်းလမ်းများကို ဆွေးနွေးရန် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ကနေဒါ၊ ကုလသမဂ္ဂတို့က သံတမန်များကို ဂျာမေကာနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေးသို့ ဖိတ်ကြားခဲ့သည်။

ယင်းနိုင်ငံများသည် တရားဥပဒေစိုးမိုးမှုပြန်လည်ရရှိရန်နှင့် ဟေတီပြည်သူမျာကြားထဲယုံကြည်မှုအချို့ ပြန်လည်ရရှိစေရန် နည်းလမ်းရှာကြလိမ့်မည်ဟု ဂိုင်ယာနာ ဒုတိယသမ္မတ ဘားရတ်ဂျက်ဒီယိုက မတ် ၁၀ ရက် တွင် ပြောကြားခဲ့သည်။

“ရာဇဝတ်သားတွေက နိုင်ငံကို အခုသိမ်းယူထားပါတယ်။ အစိုးရ အဖွဲ့မရှိပါဘူး။ ဟေတီဟာ ကျဆုံး လူ့အဖွဲ့အစည်းတစ်ခုဖြစ် လာနေပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဥပဒေမဲ့ လုပ်ရပ်များ တိုးလာခြင်းနှင့်အတူ ပို့အော်ပရင့် လမ်းများပေါ်၌ အလောင်းများ ပြန့်ကြဲနေသည်ကို တွေ့ရသည်။ မငြိမ်မသက်မှုများကြောင့် ဟေတီတွင် ပြည်တွင်းရွှေ့ပြောင်း ၃၆၅,၀၀၀ ဦးရှိလာသည်ဟု ရွှေ့ ပြောင်းများအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ် ၁၀ ရက်တွင် အမေရိကန်ပြည်ထောင်စုသည် ပို့အော်ပရင့်ရှိ အမေရိကန်သံရုံးမှ မရှိမဖြစ်မဟုတ်သော အမေရိကန်ဝန်ထမ်းများကို လေယာဉ်ဖြင့် ခေါ်ဆောင်ခဲ့သည်။

ပို့အော်ပရင့်ရှိ အမေရိကန်သံရုံး လုံခြုံရေးကို တိုးမြှင့်ရန် အမေရိကန်စစ်တပ်က စစ်ဆင်ရေးတစ်ရပ်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ယင်းသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် အမေရိကန်သံရုံး ဝန်ထမ်းများသည်  သံရုံးကိစ္စများကို ဆက်လက်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ကာ မရှိမဖြစ်မဟုတ်သော ဝန် ထမ်းများ ထွက်ခွာခွင့်ရလာမည်ဟု ဆိုသည်။

သို့သော်လည်း သံရုံးသည် ဖွင့်ထားဆဲ သို့မဟုတ်  သံရုံးကိစ္စများကို အကန့်အသတ်ဖြင့် လုပ်ဆောင်နေဆဲဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူက ပြောကြားခဲ့သည်။ ယင်းသို့ သံရုံးလုပ်ငန်းများကို အကန့်အသတ်ဖြင့် လုပ်ဆောင်လျက်ရှိစဉ် ဝန်ထမ်းအင်အားကိုလည်း လျှော့ချထားသည်ဟု ဆိုသည်။

မတ် ၁၀ ရက်တွင် ဟေတီမှ ဒိုမီနီကန်နိုင်ငံကို ထွက်ခွာသွားသော အခြားဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များထဲတွင် ဂျာမနီသံအမတ်လည်း ပါဝင်သည်ဟု ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြော ကြားခဲ့သည်။

“ဟေတီမှာ အလွန်ပြင်းထန်တဲ့ လုံခြုံရေးအခြေအနေကြောင့် ပို့အော်ပရင့်မှာရှိတဲ့ ဂျာမနီသံအမတ်နဲ့အမြဲတမ်း ကိုယ်စားလှယ်တို့ဟာ အီးယူကိုယ်စားလှယ်အဖွဲ့ရဲ့အခြားကိုယ်စားလှယ်တွေနဲ့အတူ မတ် ၁၀ ရက်မှာ ဒိုမီနီကန်နိုင်ငံကို အတူတကွထွက်ခွာလာခဲ့ကြပါတယ်”ဟု ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

၎င်းတို့သည် နောက်ထပ်ကြေညာချက် မထုတ်မချင်း ဒိုမီနီကန်တွင်နေထိုင်ပြီး  အလုပ်လုပ်ကြလိမ့်မည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent