ပျောက်ဆုံးနေသော တာတက်ဆော့ ယဉ်ကျေးမှုကို စပိန်၌ ရှာဖွေခြင်း

ပျောက်ဆုံးနေသော တာတက်ဆော့ ယဉ်ကျေးမှုကို စပိန်၌ ရှာဖွေခြင်း
Published 28 April 2024

ပျောက်ဆုံးနေသော တာတက် ဆော့ယဉ်ကျေးမှုသည် လျှို့ဝှက်စွာ ဖုံးကွယ်နေသည်မှာ ရာစုနှစ်ပေါင်း များစွာရှိပြီဖြစ်သည်။ သို့ရာတွင် အိုင်ဘာရီယန်ကျွန်းဆွယ်၌ စည်ပင်ထွန်းကားခဲ့ပြီးနောက် နှစ် ၃,၀၀၀  အကြာတွင် ရှေးဟောင်းသုတေသန ပညာရှင်များ၏ စေ့စပ်သေချာသော ဆောင်ရွက်ချက်များကြောင့် တာ တက်ဆော့ယဉ်ကျေးမှု၏ လျှို့ဝှက်ချက်များသည် တဖြည်းဖြည်း ပေါ်ထွက်လာသည်။

သမိုင်းပညာရှင်များက အနောက်ဥရောပ၏ သက်တမ်းအရင့်ဆုံးယဉ်ကျေးမှုအဖြစ် ရှုမြင်ခံရသော တာတက်ဆော့ ယဉ်ကျေးမှုသည် လျှို့ဝှက်ဆန်းကြယ်ပြီး ပဟေဠိဆန်သည်ဟု စဉ်းစားသုံးသပ်ခံရသည်မှာ အချိန်ကြာပြီဖြစ်သော်လည်း နည်းနည်းစီဖြင့် အပိုင်းအစများသည် ရုပ်လုံးပေါ်လာသည်ဟု ရှေးဟောင်းသုတေသနပညာရှင် ဆီယက်ရှန်ဆယ်လက်စတီနိုပီရက်က အေအက်ဖ်ပီကို ပြောသည်။

စပိန် အနောက်ပိုင်း အိတ်ထရီ မာဒူရာဒေသရှိ တူးဖော်ရာနေရာဖြစ်သော ကာဆက်ဒယ်လ်တူရူနျူရယ်လိုတွင် သုတေသနသမားများသည် ဂေါ်ပြားများ၊ brush များဖြင့် ခါးကုန်းပြီး အလုပ်လုပ်နေသော နေရာတွင် ရပ်လျက် ပီရက်က ပြောကြားခြင်းဖြစ်ပြီး ဤနေရာသည် အလွန်ကြွယ်ဝသည့် အရာများရှိနေသည်ဟု ဆိုသည်။

စပိန်အမျိုးသားသုတေသနကောင်စီ(CSIC)အဖွဲ့ဝင်ဖြစ်သော ပီရက်သည် ဤနေရာတွင် တူဖော်မှု စတင်သည့် ၂၀၁၅ ခုနှစ်ကတည်း  တူးဖော်သည့် အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်။ လွန်ခဲ့သောနှစ်တွင် သူတို့သည် ကျောက်ထွင်းမျက်နှာငါးခုကို တွေ့ခဲ့သည်။ ထိုငါးခုထဲက နှစ်ခုသည် အသေးစိတ်ထွင်းထားသော ကျောက်နားကပ်များပါသည်ကို တွေ့ခဲ့ကြသည်။

ယခုအချိန်တွင် ယင်းသည် ဤ ရှေးဟောင်းယဉ်ကျေးမှုနှင့်ပတ်သက်၍ မိမိတို့နားလည်ရာတွင် နက်နဲသော ပါရာဒိုင်းအပြောင်းအလဲကို ဖြစ်စေသည်ဟု ပီရက်က ပြောကြားခဲ့သည်။ နှစ်၄၀၀ ကြာပြီးနောက် ၎င်းယဉ်ကျေးမှု ရုတ်တရက် ပျောက်သွားသည့်အကြောင်းကို မိမိတို့ နားလည်ရာတွင် အပြောင်းအလဲ များဖြစ်နေသည်ဟု ဆိုသည်။

“တာတက်ဆော့ လောကထဲက လူပုံတွေကိုတွေ့တာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်”ဟုအသက် ၆၆ နှစ် အရွယ် ပီရက်က ပြောသည်။ ထိုနေရာသည် အကောင်းဆုံး အနေအထားတွင်ရှိနေပြီး ယင်းနေရာ၌ အလုပ်လုပ်ရသည်မှာ အကောင်းဆုံးဖြစ်သည်ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

တိုင်းရင်းသား အိုင်ဘာရီယာ ပြည်သူများနှင့် ဖီနစ်စီယာသို့မဟုတ်ဂရိမှ ကုန်သည်များနှင့်အ ဆက်အသွယ်မရှိဘဲ ပေါ်ထွက်လာသော လူ့အဖွဲ့အစည်းဖြစ်သည့် တာတက်ဆော့သည် ခရစ်ယာန်ဘာသာ မတိုင်မီ ကိုးရာစုမှ ငါးရာစုအထိ ထွန်းကားခဲ့ကာ ၎င်းတို့သည် အိတ်ထရီမာဒူရာမှသည် တောင်ဘက် အန်ဒါလူစီယာဒေသနှင့် ပေါ်တူဂီနှင့်ဆက်နေသော ဒေသတို့တွင်ရှိခဲ့ခြင်း ဖြစ်သည်။

ဟီရိုဒိုးတပ်နှင့်ပလီနီတို့၏ ရှေးဟောင်းစာပေများတွင် ဖော်ပြထားချက်အရ တာတက်ဆော့သည် သတ္တုနှင့် တွင်းထွက်<ကယ်ဝသည်ဟု ဆိုသည်။ သို့ရာတွင် တာတက်ဆော့သည် ကိုးရိုးကားရားနိုင်သော သီအိုရီများ၊ မကြာမကြာ ရှေ့နောက်မညီသော သီအိုရီများဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။

အချို့က တာတက်ဆော့ကို မြို့ကြီးဟုပြောကြသည်။ အချို့က ဘုရင့်နိုင်ငံဟု ပြောကြသည်။ အချို့ကမူ တာတက်ဆော့ကို အတ္တလန်း တစ်မြို့ကြီးနှင့်ဆက်စပ်နေသည်ဟု ပြောသည်။

သို့ရာတွင် ရှေးဟောင်းသုတေသနဆိုင်ရာ တွေ့ရှိချက်များက အဆိုပါ အဆိုများ မှန်ကန်မှုမရှိကြောင်း ဖွင့်ချလိုက်ပြီး အမှန်တကယ်အားဖြင့် တာတက်ဆီယန်တို့သည် မည်သူများဖြစ်သလဲဆိုသည်ကို ပညာရှင်များ စတင် နားလည်နိုင်အောင် လုပ်ပေးခဲ့သည်ဟု တူးဖော်ရာနေရာတွင် ပီရက်နှင့်အတူရှိနေသော အက်စသာရိုဒရီဂွက်ဇ်က ပြောသည်။

စပိန်တောင်ပိုင်းမြို့ကြီး ဆီဗီး၏အပြင်ဘက်၌ အယ်လ်ကာရမ်ဘိုလို ရတနာသိုက်ဟုခေါ်သည့် ၁၉၅၈ ခုနှစ် တွေ့ရှိမှုကြီးဖြစ်ပေါ်ခဲ့ပြီးနောက် ပထမဆုံးတူးဖော်မှုများ စတင်ခဲ့သည်။

ယင်းနေရာသည် တာတက်ဆော့တည်ရှိမှု၏ပထမဆုံး သက်သေဖြစ်လာခဲ့သည်။

ယင်းနောက်ပိုင်းတွင် ၎င်းတို့သည် အဆိုပါနေရာရှိ အကြွင်းအကျန်အမျိုးမျိုး၏ 3D ပုံများကို ပြန်လည်ဖန်တီးရန် နည်းပညာသစ်များကို အသုံးပြုကာ တူးဖော်မှုများကို အရှိန်မြှင့်ခဲ့သည်။

တာတက်ဆီယန်လူမျိုးတို့သည် တည်ဆောက်ရေးနှင့်ပတ်သက်၍ အသေးစိတ်နည်းလမ်းများကို အသုံးပြုခဲ့ကြောင်း တူးဖော်ထားသည့်ပစ္စည်းများအရ သိရသည်ဟု ရိုဒရီဂွက်ဇ်က ပြောသည်။ ယင်းနေရာသည် သတ္တုကြွယ်ဝသောနေရာ ဖြစ်သောကြောင့် ဂရိများနှင့် ဖီးနစ်စီယန်များ သဘောကျခဲ့သောနေရာ ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။                                            Ref:AFP

Most Read

Most Recent