ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် မော်တော်ယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွား
Published 13 May 2024

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၁၃ အနီးတွင် မေ ၁၃ ရက် နံနက်အစောပိုင်းက မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော ခြောက်ဘီးမော်တော်ယာဉ်တစ်စီး ဘရိတ်ရှူးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူများ ဒဏ်ရာရရှိခြင်းမရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကမော် တော်ယာဉ်က ဖြစ်တာက မန္တလေး နေပြည်တော်လမ်းပိုင်းမှာ ဖြစ်တာပါ။ သူက ဘရိတ်ရှူးငြိပြီးတော့ တာယာအပူလွန်ကဲပြီးတော့ မီးလောင်တာပါ။ မီးလောင်ပြီးတော့ ကားပဲလောင်သွားတာပါ။ ကားက ကုန်စိမ်းတွေပါလာတာပါ။ လူဘာညာတော့ ထိခိုက်မှုမရှိပါ ဘူး။ အမျိုးသားနှစ်ယောက်ပါလာတာ ဘာမှထိခိုက်မှုမရှိပါဘူး။ အဲ့ဒီကားပဲ ကားတာယာ လောင်တာနဲ့ ပစ္စည်းလေးနည်းနည်းလောင်တာ ဒါပဲရှိပါတယ်ခင်ဗျဟု အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် နာရီ မိနစ် ၂၀ ကျော်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းကျော်သူထွေး(အသက် ၃၉ နှစ်) (ပျော်ဘွယ်မြို့နေသူ) မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသားတစ်ဦးအတူ လိုက်ပါလာသော Nissan Condor အမျိုးအစား ခြောက် ဘီးမော်တော်ယာဉ်သည် လမ်းမကြီးမိုင်တိုင် အမှတ် ၂၁၃ မိုင် နှစ်ဖာလုံနှင့် သုံးဖာလုံကြားသို့အရောက် မော်တော်ယာဉ်နောက်ဘီး ဘရိတ်ရှူးအပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ပန်းတင်အမြန် လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူများ၊ ပန်းတင် အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ပလွေးအမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ သွားရောက်၍ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ မီးသတ်ရေသယ်ယာဉ်တစ်စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းကူညီငြိှမ်း သတ်ခဲ့ရာ နံနက် နာရီ မိနစ် ၅၀ ခန့်၌ မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် မော်တော် ယာဉ်မှာ ဘီးတာယာများ၊ ယာဉ်ကိုယ်ထည်နှင့် ယာဉ်ပေါ်ပါ ကုန်ပစ္စည်းအချို့ မီးလောင်ပျက် စီးသွားခဲ့သော်လည်း ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦးတို့မှာ ထိခိုက်ဒဏ် ရာရရှိခြင်းမရှိကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်အားမီးလောင်မှုဖြစ်ပွားအောင် မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်းအား ပန်းတင် အမြန်လမ်းမကြီးရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent