လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ

လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 11 June 2024

လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ် ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဇွန် ၇ ရက် နံနက် ၁၁ နာရီ ခွဲတွင် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့ နယ် မင်းရပ်ရပ်ကွက်၌ သေနတ်ဖြင့် ပစ်ခတ်ခံ ရ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက်စစ်ဆေးခဲ့ရာ လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာနေ မင်းရပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်သက်ဝင်း (၅၂ နှစ်) သည် မင်းရပ်ရပ်ကွက်ရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံး၌ရှိနေစဉ် PDF  တစ်ဦး (စိစစ် ဆဲ) က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဇော်သက်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူတစ်ဦးကို လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့ သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent