"ဝ" ဒေသ မိုင်းပေါက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ယာဉ်နှင့် လူနေအိမ်အချို့  ရေနစ်မြှုပ်

"ဝ" ဒေသ မိုင်းပေါက်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ မော်တော်ယာဉ်နှင့် လူနေအိမ်အချို့  ရေနစ်မြှုပ်
Published 9 September 2024

UWSP/UWSA ထိန်းချုပ်ထားသည့် "ဝ" ဒေသမိုင်းပေါက်မြို့တွင် စက်တင်ဘာ ၉ ရက်က မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒေသခံအချို့၏ လူမှုကွန်ရက်တွင် တင်ထားသည့် ရုပ်သံဖိုင်အရ မိုင်းပေါက်မြို့တွင် မိုးရွာသွန်းပြီး တောင်ကျရေများကြောင့် မိုင်းပေါက်မြို့အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ နေအိမ်အချို့နှင့် မော်တော်ယာဉ်အချို့ ရေနစ်မြှုပ်နေသည်ကို တွေ့ရသည်။

အလားတူ သြဂုတ်လကုန်ပိုင်းကလည်း မိုးရွာသွန်းပြီး ရေကြီးမြေပြိုမှုများကြောင့် ပန်ဆန်းနှင့် မိုင်းပေါက်ကြား ဆက်သွယ်ထားသည့် ကားလမ်းပျက်စီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent