■နစက ဥက္ကဋ္ဌနှင့် ICRC ဥက္ကဋ္ဌ တွေ့ဆုံပြီးလိုအပ်သည့် ပြည်သူများထံ ထောက်ပံ့မှုရောက်စေရေးနှင့်  မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်စေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

■နစက ဥက္ကဋ္ဌနှင့် ICRC ဥက္ကဋ္ဌ တွေ့ဆုံပြီးလိုအပ်သည့် ပြည်သူများထံ ထောက်ပံ့မှုရောက်စေရေးနှင့်  မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်စေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Published 9 September 2024

နစက ဥက္ကဋ္ဌနှင့် ICRC ဥက္ကဋ္ဌတို့ တွေ့ဆုံခဲ့ပြီး ပြည်သူများလက်ဝယ်သို့ လိုအပ်သည့် ကူညီထောက်ပံ့မှုများ အမှန်တကယ်ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (International Committee of the Red Cross- ICRC) ဥက္ကဋ္ဌ Ms. Mirjana Spoljaric Egger ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် လာရောက်ဂါဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအနေဖြင့် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အကူအညီလိုအပ်လျက်ရှိသည့် ပြည်သူများလက်ဝယ်သို့ လိုအပ်သည့်ကူညီထောက်ပံ့မှုများ အမှန်တကယ်ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံသို့ မရောက်ရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ တပ်မတော်အနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross - ICRC) ဥက္ကဋ္ဌ နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent