အိန္ဒိယတွင် mpox  ရောဂါကူးစက်မှု သံသယဖြစ်စဉ်တစ်ခုကို တွေ့ရှိ

အိန္ဒိယတွင် mpox  ရောဂါကူးစက်မှု သံသယဖြစ်စဉ်တစ်ခုကို တွေ့ရှိ
“ mpox virus positive ”ဟု တံဆိပ်ကပ်ထားသော စမ်းသပ်ပြွန်များကို တွေ့ရစဉ်(Photo:Reuters)
“ mpox virus positive ”ဟု တံဆိပ်ကပ်ထားသော စမ်းသပ်ပြွန်များကို တွေ့ရစဉ်(Photo:Reuters)
Published 9 September 2024

အိန္ဒိယနိုင်ငံတွင် mpox ဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့နေသည့် နိုင်ငံသို့ လတ်တလောခရီး သွားလာခဲ့သည့် အမျိုးသားတစ်ဦးတွင် mpox ကူးစက်ခံနေရကြောင်း သံသယဖြစ်စဉ်တစ်ခုကို စံချိန်တင်တွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းလူနာကို ဆေးရုံတစ်ရုံတွင် သီးခြားထားရှိပြီး လူနာ၏ အခြေအနေသည် တည်ငြိမ်ကောင်းမွန်မှုရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းလူနာကူးစက်ခံရဖွယ်ရှိသည့် mpox  ဗိုင်းရပ်စ်မျိုးကွဲ အသေးစိတ်ကို ထုတ်ဖော် ပြောကြားထားခြင်း မရှိသော်လည်း ရောဂါကူးစက်မှုဖြစ်စဉ်ကို အတည်ပြုရန် စမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းပြော ကြားခဲ့သည်။ ထို့ပြင်ကျန်းမာရေးဝန်ကြီးဌာနက ထိုအမျိုးသားသည် မည်ကဲ့သို့ ကူးစက်လာဖွယ်ရှိကြောင်း ကိုလည်း ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

mpox ဗိုင်းရပ်စ်သည် အနီးကပ်ထိတွေ့သူများထံ ကူးစက်ပျံ့နှံ့နိုင်သည်။ရောဂါပြင်းထန်လေ့မရှိဘဲ ရှားပါးကူးစက်မှု ဖြစ်စဉ်များ၌သာ သေဆုံးလေ့ရှိသည်။ ယင်းဗိုင်းရပ်စ်ကြောင့် တုပ်ကွေးကဲ့သို့ ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရလေ့ရှိကာ ခန္ဓာကိုယ်ပေါ်တွင်  သေးငယ်သော အနာဖုများဖြစ်ပေါ်လေ့ရှိ သည်။

“mpox သံသယဖြစ်စဉ်ကို လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကိုင်တွယ်လုပ်ဆောင်နေပြီး အနီးကပ်ထိ တွေ့မှုရှိသူများကို ဖော်ထုတ်ကာ နိုင်ငံတွင်းဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်တွေကို အကဲဖြတ် စမ်းစစ်တာတွေ ပြုလုပ်နေပါတယ်”ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံတွင် mpox မျိုးကွဲအသစ် ကူးစက်မှုအ တည်ပြုဖြစ်စဉ် မရှိသေးကြောင်း သိရသည်။

အာဖရိကတွင် mpox ၏ မျိုးကွဲအသစ်သည် အလွန်ပြင်းထန်မှုရှိကြောင်း လေ့လာတွေ့ရှိခဲ့ပြီးနောက် အိန္ဒိယတွင် သတိပေးချက် ထုတ်ပြန်ထားကြောင်း Hindu နေ့စဉ်သတင်းစာတွင် လွန်ခဲ့သည့်လက ဖော်ပြထားသည်။

မျိုးကွဲအသစ်ကို ထုတ်ဖော်ကြေညာခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က mpox ရောဂါကို နိုင်ငံတကာအများပြည်သူ ကျန်းမာရေး စိုးရိမ်ဖွယ်ရောဂါအခြေအနေ (PHEIC) အဖြစ် ထုတ်ပြန်ကြေညာခဲ့ သည်။

အိန္ဒိယတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၄ခုနှစ် မတ်လအတွင်း Clade 2 ဟုလူသိများသည် ယခင်မျိုးကွဲကူးစက်မှုဖြစ်စဉ် ၃၀ ရှိကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်။

mpox ဗိုင်းရပ်သည် ၂၀၂၂ ခုနှစ်တွင် အာဖရိကပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့သွားခဲ့ကာ နိုင်ငံပေါင်း ၁၂၀ ရှိလူပေါင်း ၁၀၀,၀၀၀ ကျော် ကူးစက်ခံခဲ့ရသည်။

လက်ရှိတွင် WHO ၏သတိပေးချက် ထွက်ပေါ်ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ပေါ်ပေါက်လာသော mpox ဗိုင်းရပ်စ်၏ အန္တရာယ်အရှိဆုံး မျိုးကွဲသစ် clade 1 b ပျံ့နှံ့မှုအပေါ် စိုးရိမ်မှုများ ရှိလာခဲ့သည်။ ယင်းမျိုးကွဲသည် ၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့မှုကို ဖြစ်ပေါ်စေသည့်  clade 2 ထက် ပိုမိုကူးစက်မြန်သည်ဟု ဆိုသည်။

“ဒါဟာ နောက်ထပ် COVID-19 အမျိုးအစားမဟုတ်ပါဘူး”ဟု WHO ကပြောကြားခဲ့ပြီး ၎င်း၏ PHEIC သတိပေးချက်သည် အီဘိုလာနှင့် ဇီကာကဲ့သို့ သိသာထင်ရှားသည့် ရောဂါကူးစက်မှုဖြစ်စဉ်များအပေါ် အစပျိုးမှု ဖြစ်သည်ဟု ဆိုသည်။

Ref:AFP               

                                     

Most Read

Most Recent