အာဆင်နယ်နောက်ခံလူ ဆာလီဘာကို လာမည့်နွေရာသီ၌ ခေါ်ယူရန် ရီးယဲလ် ချိန်ရွယ်နေ

အာဆင်နယ်နောက်ခံလူ ဆာလီဘာကို လာမည့်နွေရာသီ၌ ခေါ်ယူရန် ရီးယဲလ် ချိန်ရွယ်နေ
Photo: B/R Football
Photo: B/R Football
Published 9 September 2024

ရီးယဲလ်အသင်းသည် အာဆင်နယ်အသင်းမှ ပြင်သစ်နောက်ခံလူ ဆာလီဘာကို လာမည့် ၂၀၂၅ နွေရာသီ၌ ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။

ရီးယဲလ်အသင်းသည် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနေသည့် ဆာလီဘာ(၂၃ နှစ်)ကို စောင့်ကြည့်ရန် ကင်းထောက်များစေလွှတ်ထားပြီဖြစ်ကြောင်း သိရသည်။

ဆာလီဘာသည် အာဆင်နယ်အသင်း နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး Transfermarkt က ၎င်း၏ ပြောင်းရွှေ့ကြေးတန်ဖိုးကို ယူရိုသန်း(၈၀) ဟု သတ်မှတ်ထားသည်။

သို့သော် ဘောလုံးသုံးသပ်သူအချို့ကမူ ၎င်း၏ တန်ဖိုးမှာ ယူရိုသန်း(၁၀၀)အထက်ရှိနေပြီဖြစ်ပြီး  အာဆင်နယ်အသင်းအနေဖြင့် ယင်းပမာဏရရှိမှသာ ရောင်းချလိမ့်မည်ဟု သုံးသပ်ခဲ့သည်။

Most Read

Most Recent