နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် သြဂုတ် ၁ ရက်မှ စတင်၍ အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း ခံစားခွင့်ပြုမည်

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် သြဂုတ် ၁ ရက်မှ စတင်၍ အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း ခံစားခွင့်ပြုမည်
Published 26 July 2024

နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် သြဂုတ် ၁ ရက်မှ စတင်၍ အပိုထောက်ပံ့ကြေး ကျပ်သုံးသောင်း ထပ်မံခံစားခွင့်ပြုမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ယနေ့(ဇူလိုင် ၂၆ ရက်)တွင် ထုတ်ပြန်သည်။

နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ နိုင်ငံ့ဝန်ထမ်းများ နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့် သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေရန်အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပိုထောက်ပံ့ကြေးခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာမှစတင်၍ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ်ခံစားခွင့်ပြုခဲ့ပြီး ယခုအခါ နိုင်ငံ့ဝန်ထမ်းများအတွက် လက်ရှိလစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အပြင် ထပ်မံ၍ ကျပ် ၃၀၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမည်ဖြစ်ကြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ်ခံစား ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ထောက်ပံ့ကြေးများအား ၂ဝ၂၄ ခုနှစ်၊ ဩဂုတ် ၁ ရက်မှစတင် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent