■ အပြာရောင်လန်ဒန်တပ်သားသစ် (သို့မဟုတ်) ဖေးလစ်ယော်ဂန်ဆင်

■ အပြာရောင်လန်ဒန်တပ်သားသစ် (သို့မဟုတ်) ဖေးလစ်ယော်ဂန်ဆင်
Photo: Chelsea FC
Photo: Chelsea FC
Published 2 August 2024
Lin Oo Eain

ပြီးခဲ့တဲ့ရက်ပိုင်းက လန်ဒန်ထိပ်သီးကလပ် ချယ်လ်ဆီးအသင်းက ဗီလာရီးယဲလ်အသင်းရဲ့ ဒိန်းမတ်ဂိုးသမား ယော်ဂန်ဆင်ကို ယူရို (၂၄.၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့တယ်။ ချယ်လ်ဆီးအသင်းဟာ ယော်ဂန်ဆင်ကို (၇)နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး အမေရိကန် ခြေစမ်းပွဲခရီးစဉ်ကိုလည်း ခေါ်ဆောင်သွားခဲ့တယ်။ အသက် (၂၂)အရွယ်သာရှိသေးတဲ့ ယော်ဂန်ဆင်ဟာ အခုအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းကိုရောက်လာတဲ့ (၇)ယောက်မြောက် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ "ကျွန်တော့်အိပ် မက် အမှန်တကယ်ဖြစ်လာခဲ့ပါပြီ။ ချယ်လ်ဆီးလိုအသင်းမှာ ကစားခွင့်ရမှာဖြစ်တာကြောင့်လည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒီ(ချယ်လ်ဆီး)အသင်းဟာ ဥရောပထိပ်သီးအသင်းတွေထဲက တစ်သင်းပါ။ အသင်းဖော်အသစ်တွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး ပွဲထွက်ကစားခွင့်ရဖို့ မစောင့်စားနိုင်တော့ပါဘူး"လို့ ယော်ဂန်ဆင်က အပြာရောင်လန်ဒန်ကလပ်နဲ့ စာချုပ်ချုပ်ဆိုအပြီးမှာ ဖွင့်ဟခဲ့တယ်။

 

Most Read

Most Recent