မိုးရွာသွန်မှုများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက်ထီရိုးတောင်ခြေ ကင်မွန်းစခန်းရှိ ညောင်ပင်ကြီးမှာ အမြစ်မှကြွတက်၍ လဲကျမှုဖြစ်ပွားခဲ့ရာမှ ဈေးဆိုင်ခန်းတစ်ခန်းနှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့

မိုးရွာသွန်မှုများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ကျိုက်ထီရိုးတောင်ခြေ ကင်မွန်းစခန်းရှိ ညောင်ပင်ကြီးမှာ အမြစ်မှကြွတက်၍ လဲကျမှုဖြစ်ပွားခဲ့ရာမှ ဈေးဆိုင်ခန်းတစ်ခန်းနှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့
■Photo – MFSD
■Photo – MFSD
Published 10 June 2024

မိုးရွာသွန်မှုများနှင့် လေပြင်းတိုက်ခတ်မှုကြောင့်  ဇွန်လ(၁၀)ရက်နေ့၊ နံနက်(၇)နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီရိုးတောင်ခြေ ကင်မွန်းစခန်း ဂေါပကအဖွဲ့ရုံးအရှေ့ရှိ ညောင်ပင်ကြီးမှာ အမြစ်မှကြွတက်၍ လဲကျမှုဖြစ်ပွားခဲ့ရာမှ ဈေးဆိုင်ခန်းတစ်ခန်းနှင့် လျှပ်စစ်မီးတိုင်များ ပြိုကျပျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးရွာသွန်းမှုများကြောင့် လဲပြိုကျခဲ့သည့် ညောင်ပင်ကြီးမှာအပင်လုံးပတ်(၂၀)ပေခန့်၊ အမြင့် (၅၀) ပေခန့်ရှိ ညောင်ပင်ကြီးမှာ လဲပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ ညောင်ကိုင်းတွေက၊ ညောင်ပင်ရဲ့ဘေးမှာရှိတဲ့ ဖူးဖူးလေး ယိုစုံဆိုင်ပေါ်ကို ပိကျတယ်။ နောက်ပြီးတော့ ကင်မွန်းစခန်းကနေ ကျိုက်ထီးရိုးရင်ပြင်တော်စခန်းပေါ်သို့ သွယ်တန်းထားတဲ့ လျှပ်စစ်ဓါတ်မီးတိုင် (၄) တိုင်လောက် ပြိုကျပျက်ဆီးကုန်တယ်။ အဲ့ဒီအပြင်ကို ထရန်စဖော်မာတစ်ခုလည်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့ပါတယ်။ လူထိခိုက်မှုတော့မရှိဘူး ဟု ပြောကြားသည်။

ထိုညောင်ပင်ကြီးလဲပြိုကျမှုကြောင့် ထိခိုက်ပျက်ဆီးမှုများနှင့် ညောင်ကိုင်းများအား ကျိုက်ထိုမြို့နယ် နှင့် အရန်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

Most Read

Most Recent