ထိုင်းနိုင်ငံတွင် ကာလတို သင်တန်းများ တက်ရောက်နေသူများအား ဗီဇာသက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း မြန်မာသံရုံး ကြေညာ

ထိုင်းနိုင်ငံတွင် ကာလတို သင်တန်းများ တက်ရောက်နေသူများအား ဗီဇာသက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း မြန်မာသံရုံး ကြေညာ
ဗီဇာပြုလုပ်ရန် လာရောက်သူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ်  ။ ဓာတ်ပုံ - မြန်မာသံရုံး
ဗီဇာပြုလုပ်ရန် လာရောက်သူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် ။ ဓာတ်ပုံ - မြန်မာသံရုံး
Published 12 September 2024

ထိုင်း နိုင်ငံတွင် ကာလတိုသင်တန်းများ လာရောက်တက်ရောက်နေသူများအတွက် ဗီဇာသက်တမ်း တိုးပေးတော့မည် မဟုတ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ကြေညာသည်။

ထိုင်းနိုင်ငံတွင် ထိုင်းဘာသာစကားသင်တန်း(ကာလတို)၊ ဆရာများ အတွက် အင်္ဂလိပ်စာ သင်တန်း(ကာလတို) စသည့်သင်တန်းများ အတွက် Non-ED ဗီဇာရယူပြီး virtual format ပုံစံဖြင့် တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများ ရှိသည်။

လက်ရှိတွင် ယင်းသို့တက်ရောက်သူ များပြားလာသဖြင့် စက်တင် ဘာ ၁၆ ရက်မှ စတင်ပြီး ကာလတိုသင်တန်းတတ်ရောက်သူများကို PE Type နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းအား မြန်မာ သံရုံး ဘန်ကောက်မြို့နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချင်းမိုင်မြို့ တို့၌ ဆောင်ရွက်ပေးတော့မည်မဟုတ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန် ၊ ဘွဲ့ကြို ၊ မူလတန်းနှင့် အလယ်တန်း တတ်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် PE နိုင်ငံကူးလက်မှတ်လဲလှယ်ခြင်းကို ယခင်အတိုင်း ဆောင်ရွက်ပေးမည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent