နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာ ၈ ရက် ညပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၁၅၀ ဝန်းကျင်အထိ ကျဆင်း

နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာ ၈ ရက် ညပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၁၅၀ ဝန်းကျင်အထိ ကျဆင်း
Published 8 September 2024

နိုင်ငံခြား ငွေကြေးစျေးကွက်အတွင်း ဒေါ်လာစျေး ဆက်တိုက်ကျဆင်းလာပြီး စက်တင်ဘာ ၈ ရက် ညပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၅၁၅၀ ဝန်းကျင်အထိ ကျဆင်းလာကြောင်း  စျေးကွက်အ တွင်းမှ စုံစမ်းသိရှိရ သည်။

စျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း   အမြင့်ဆုံး မြင့်တက်ခဲ့မှုအနေဖြင့် သြဂုတ် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၇၂၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ရာမှ သြဂုတ်  ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ဒေါ်လာစျေး အကျဘက်ကို ဦးတည်လာခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၄ ရက် နံနက်ပိုင်းတွင် တစ်ဒေါ် လာလျှင် ကျပ် ၇၁၀၀ ဝန်းကျင်၊ နေ့လည်ပိုင်း တွင် ကျပ်  ရဝဝဝနှင့် ညနေပိုင်းတွင် ကျပ် ၆၅၀၀ ဝန်းကျင်အထိ တစ်ရက်အတွင်း တစ် ဒေါ်လာလျှင် ကျပ် ၆၀၀ ဝန်းကျင်ကျ ဆင်း ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် ကျပ် ၆၂၀၀- ၆၅၀၀ ဝန်းကျင်ရှိနေခဲ့ပြီး ညနေပိုင်း တွင် ကျပ် ၅၉၀၀ ဝန်းကျင်သို့  ဆက်လက်ကျဆင်းခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ  သုံးရက်အတွင်း တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ဝန်းကျင်အထိ ကျဆင်းခဲ့ခြင်းဖြစ် သည်။

သြဂုတ် ၁၅ ရက် ညပိုင်းတွင်မူ တစ် ဒေါ်လာ ကျပ် ၅၄၀၀-၅၆၀၀ ဝန်းကျင်သ်ု့  ထပ်မံကျဆင်းခဲ့သည်။

  သြဂုတ်လအတွင်း နိုင်ငံခြားငွေလဲနှုန်း  အနေဖြင့် သြဂုတ် ၆ ရက်က တစ်ဒေါ်လာ လျှင် ကျပ် ၅၄၀၀ ဝန်းကျင်းအထိ မြင့်တက်ခဲ့ သည်။ သြဂုတ် ၇ ရက်တွင် ၅၅၀၀ ဝန်းကျင်၊  သြဂုတ် ၈ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၇၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ယင်း နေ့တွင် ယူရို ၆၀၀၀ ကျော်၊ စင်ကာပူဒေါ် လာ ၄၀၀၀ ကျော်နှင့်ထိုင်းဘတ် ၁၆၀ ဝန်း ကျင်အထိ မြင့်တက်ခဲ့သည်။

သြဂုတ် ၁၃ ရက်က ရွှေငွေစျေးကွက် အတွင်း ငွေလဲနှုန်း အတက်ကြမ်းခဲ့ပြီး စံချိန် တင်စျေးနှုန်းမြင့်တက်သည်အထိ ဖြစ်ပေါ်ခဲ့ သည်။ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ လျှင် ကျပ် ၇၀၀၀ ကျော်၊ စင်ကာပူတစ်ဒေါ် လာလျှင် ကျပ် ၅၀၀၀ ဝန်းကျင်နှင့်ထိုင်းဘတ် ကျပ် ၂၀၀ ကျော်၊ တရုတ်ယွမ်အနေဖြင့် ကျပ် ၁၀၀၀ ဝန်းကျင်၊ မလေးရှားငွေ ၁၄၀၀- ၁၅၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။

သြဂုတ်လနောက်ဆုံးပတ်အတွင်းက တစ်ဒေါ်လာ ကျပ် ၅၅၅၀ ဝန်းကျင်ရှိခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၆၅၀ ဝန်းကျင်ရှိခဲ့သည်။စက်တင်ဘာ ၄ ရက် တွင် တစ်ဒေါ်လာ ကျပ် ၅၇၀၀ အထိ မြင့်တက်ခဲ့ပြီးနောက် ဒေါ်လာစျေး ဆက်တိုက် ပြန်လည်ကျဆင်းလာခဲ့သည်။

 စက်တင်ဘာ ၅ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၆၀၀၊ စက်တင်ဘာ ၆ ရက်တွင် တစ်ဒေါ်လာ ကျပ် ၅၄၅၀၊ စက်တင်ဘာ ၇ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၅၃၀၀၊ စက်တင်ဘာ ၈ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၅၁၅၀ အထိ ပြန်လည်ကျဆင်းခဲ့သည်။

Most Read

Most Recent