ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့်စနစ်အား အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံလိုသူများကို တင်ဒါခေါ်ယူမည်

ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့်စနစ်အား အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံလိုသူများကို တင်ဒါခေါ်ယူမည်
Published 22 July 2024

ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့်စနစ်အား အကောင်အထည်ဖော်ရန် ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံလိုသူများကို တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရထားလက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်သည့် Online Ticketing and Payment System ရေးဆွဲတည်ဆောက်လုပ်ကိုင်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် ပြည်တွင်း/ပြည်ပရင်းနှီး မြှုပ်နှံလုပ်ကိုင်လိုသူများကို တင်ဒါခေါ်ယူခြင်းဖြစ်ကြောင်း၊ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများတွင် ကနဦးလုပ်ငန်းအကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသူမှာ နိုင်ငံသားပိုင်ကုမ္ပဏီဖြစ်စေ၊ နိုင်ငံခြားသားပိုင်ကုမ္ပဏီဖြစ်စေ၊ Joint Venture (သို့မဟုတ်) Consortium ဖွဲ့စည်းပြီးဖြစ်စေ တင်ဒါတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ တင်ဒါစိစစ် ရွေးချယ်မှုကို စိတ်ဝင်စားမှုဖော်ပြချက် (EOI) အဆိုပြုလွှာတင်သွင်းခြင်း၊ EOI အောင်မြင်သူကို Request for Proposal (RFP) တင်သွင်းခြင်း အစရှိသည့် အဆင့်နှစ်ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမအဆင့်အနေနှင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသည့် ပြည်တွင်း/ပြည်ပကုမ္ပဏီအဖွဲ့အစည်းများထံ EOI အဆိုပြုလွှာတင်သွင်းရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်ကြေညာထားခြင်းဖြစ်သည်။

စိတ်ဝင်စားသူများအနေဖြင့် EOI အဆိုပြုလွှာ စာရွက်စာတမ်းများကို တစ်စုံလျှင် ကျပ်သုံးသိန်းနှင့် ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထား၊ ထောက်ပံ့ရေးဌာနတွင် ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၂ ရက်အတွင်း ဝယ်ယူနိုင်ကြောင်း၊ အဆိုပြုလွှာများကို စက်တင်ဘာ ၁၆ ရက်၊ နေ့လည် ၂နာရီခွဲ နောက်ဆုံးထားပြီး မြန်မာ့မီးရထား၊ ထောက်ပံ့ရေးဌာန၊ ကုန်သည်လမ်းနှင့် ၅၁ လမ်းထောင့်၊ ဗိုလ်တထောင်မြို့ နယ်သို့ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent