■ ရခိုင်ပြည်နယ် မဒေးကျွန်းတွင် လှေတိမ်းမှောက်ပြီး ပင်လယ်ထဲကျသွားသည့် ရွာသားများကို SEAOP -SEAGP ကုမ္ပဏီ ရေယာဉ်စုက ကယ်ဆယ်

■ ရခိုင်ပြည်နယ် မဒေးကျွန်းတွင် လှေတိမ်းမှောက်ပြီး ပင်လယ်ထဲကျသွားသည့် ရွာသားများကို SEAOP -SEAGP ကုမ္ပဏီ ရေယာဉ်စုက ကယ်ဆယ်
■ ပုံစာ - ပင်လယ်ရေထဲသို့ ကျသွားသော ဒေသခံရွာသားများကို ကယ်ဆယ်နေစဉ်
■ ပုံစာ - ပင်လယ်ရေထဲသို့ ကျသွားသော ဒေသခံရွာသားများကို ကယ်ဆယ်နေစဉ်
Published 3 July 2024

ရခိုင်ပြည်နယ်၊ မဒေးကျွန်းအနီး ပင်လယ်ပြင်တွင် ဇွန် ၂၉ ရက်က လှေငယ်တစ်စင်း တိမ်းမှောက်ခဲ့ပြီး လှေပေါ်တွင်ပါရှိသည့် ဒေသခံရွာသားလေးဦး ပင်လယ်ထဲသို့ ကျ သွားကြောင်း သိရသည်။  

ဇွန် ၂၉ ရက် နံနက် ၉ နာရီခန့်က မဒေး ကျွန်းဆိပ်ကမ်းမှ မီတာ ၅၀၀ ခန့်အကွာ ပင် လယ်ပြင်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လှေငယ်တစ်စင်း တိမ်းမှောက်ခဲ့ခြင်းကို ဆိပ် ကမ်းရှိ SEAOP -SEAGP ကုမ္ပဏီ မဒေးကျွန်းအော်ပရေးရှင်းစင်တာမှ တွေ့ရှိခဲ့သ ဖြင့်  စင်တာမှ အရေးပေါ်တွန်းသင်္ဘောတစ် စင်းဖြင့် အဆိုပါလှေဆီသို့ ချဉ်းကပ်ခဲ့ပြီး ပင်လယ်ရေထဲသို့ ကျရောက်နေသော ဒေသခံ ရွာသားလေးဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

“အဲဒီလှေက‌လေး မှောက်သွားတာကို မြင်တာနဲ့ ကျွန်တော်တို့ဆီက တွန်းသင်္ဘော ကပ္ပတိန်က သင်္ဘောကို ချက်ချင်း အသင့်ပြင် ဖို့ ညွှန်ကြားပြီး စင်တာကို ချက်ချင်းသတင်း ပို့ခဲ့ပါတယ်။ စင်တာက တာဝန်ရှိသူတွေက လည်း ဆိပ်ကမ်းမှာ လုပ်လက်စလုပ်ငန်းကို ချက်ချင်းရပ်ပြီး လှေမှောက်တဲ့ဆီကို ချက် ချင်း သွားရောက်ကယ်ဆယ်ဖို့ စီစဉ်ပေးခဲ့ပါ တယ်။ အားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒေသခံရွာသား လေးဦးကို ကယ်ဆယ်နိုင်ခဲ့ တာပါ။ ဒါဟာ ကျွန်တော်တို့ မဒေးကျွန်း အော်ပရေးရှင်းစင်တာရဲ့ အရေးပေါ်အခြေအနေတုံ့ပြန်နိုင်စွမ်းကိုလည်း ပြနေတာဖြစ်ပါ တယ်” ဟု ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

လှေမှောက်ရာတွင် ပါဝင်သည့် ဒေသခံ တစ်ဦးက “ကျွန်တော်တို့လှေလေးက သေးပါ တယ်။ လှေမှောက်သွားပြီး ရေထဲနစ်နေချိန်မှာ အချိန်မီလာကယ်ပေးကြတဲ့ မဒေးကျွန်း အော် ပရေးရှင်းစင်တာက ဝန်ထမ်းတွေကို အရမ်း ကျေးဇူးတင်ပါတယ်”ဟု ပြောကြားသည်။

SEAOP -SEAGP ကုမ္ပဏီသည် ဘေး အန္တရာယ်ကင်းရှင်းရေးကို အစဉ်အလေးထား ဆောင်ရွက်ပြီး လူမှုရေးတာဝန်ယူမှုများကို လည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။