အမေရိကန်အသင်း နည်းပြသစ် ပိုချက်တီနို တစ်နှစ်လစာ ဒေါ်လာခြောက်သန်း ရရှိမည်

အမေရိကန်အသင်း နည်းပြသစ် ပိုချက်တီနို တစ်နှစ်လစာ ဒေါ်လာခြောက်သန်း ရရှိမည်
Photo: USMNT
Photo: USMNT
Published 12 September 2024

အမေရိကန်အသင်း နည်းပြသစ်အဖြစ် ခန့်အပ်ခံရသည့် မော်ရီစီယိုပိုချက်တီနိုအနေဖြင့် တစ်နှစ်လစာ ဒေါ်လာခြောက်သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ပိုချက်တီနိုသည် ချယ်လ်ဆီးအသင်းအား တစ်ရာသီသာ ကိုင်တွယ်ခွင့်ရပြီးနောက် ယခုနွေရာသီတွင် လမ်းခွဲထားသူဖြစ်သည်။

၎င်းသည် အမေရိကန်အသင်းအား အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ တာဝန်ယူကိုင်တွယ်ရမည်ဖြစ်ပြီး တစ်နှစ်လစာ ဒေါ်လာခြောက်သန်းရရှိမည်ဖြစ်သည်။

ယင်းပမာဏမှာ အမေရိကန်အသင်း သမိုင်းတစ်လျှောက် လစာအများဆုံးအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ပြီး နောက်ဆုံးကိုင်တွယ်ခဲ့သည့် ဂရက်ဘယ်ဟာတာမှာ ဒေါ်လာ ၂ ဒသမ ၃ သန်းသာ ရရှိခဲ့သည်။

ပိုချက်တီနိုသည် ယခင်က အက်စ်ပန်ညို၊ ဆောက်သမ်တန်၊ စပါး၊ PSG၊ ချယ်လ်ဆီး စသည့်ကလပ်အသင်းများကို ကိုင်တွယ်ခဲ့ဖူးသည်။

Most Read

Most Recent