■ မန်ချက်စတာဒါဘီ ကွန်မြူနတီဒိုင်း

■ မန်ချက်စတာဒါဘီ ကွန်မြူနတီဒိုင်း
Photo: AFP
Photo: AFP
Published 9 August 2024
Wai Yan Aung

၂၀၁၈ ခုနှစ်တုန်းက မန်စီးတီးနည်းပြဘဝ ပထမဆုံးကွန်မြူနတီဒိုင်းပွဲဆင်နွှဲခါနီးမှာ ဂွါဒီယိုလာ ပြောခဲ့ဖူးတာရှိပါတယ်။ ကွန်မြူနတီဒိုင်းဆိုတာ ရာသီသစ်ရဲ့ ပထမဆုံးဗိုလ်လုပွဲပါပဲတဲ့။ အဲဒီနှစ် ကွန်မြူနတီဒိုင်းမှာ မန်စီးတီးက ချယ်လ်ဆီးကို အနိုင်ယူပြီး ဂွါဒီယိုလာ ပထမဆုံးကွန်မြူနတီဒိုင်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုရော ဂွါဒီယိုလာရဲ့ သဘောထားက အဲဒီအတိုင်းရှိနေသေးရဲ့လားဆိုတာ မသေချာတော့ပါဘူး။ ကွန်မြူနတီဒိုင်းဆိုတာ ဘောလုံးရာသီသစ်ကို ကန့်လန့်ကာဖွင့်လှစ်တဲ့ပွဲ၊ ယေဘုယျအားဖြင့် အမှတ်ပေးချန်ပီယံနဲ့ ရှုံးထွက်ချန်ပီယံ အားပြိုင်တဲ့ပွဲဖြစ်တာကြောင့် အရေးကြီးတဲ့ ပွဲတစ်ပွဲလို့ သတ်မှတ်နိုင်ပေမဲ့ တချို့နည်းပြတွေကတော့ ခြေစမ်းပွဲအဆင့်အဖြစ်သာ သဘောထားတာလည်း ရှိနေတာကြောင့်ပါ။