ရှမ်းပြည်နယ်တောင်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် မေလတွင် စစ်ဘေးရှောင် ငါးသောင်းကျော်ရှိရာမှ ဇွန်လ၌ စစ်ဘေးရှောင် ၇၀၀၀၀ နီးပါး ရှိလာသဖြင့် အနည်းငယ်မြင့်တက်လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်

ရှမ်းပြည်နယ်တောင်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် မေလတွင် စစ်ဘေးရှောင် ငါးသောင်းကျော်ရှိရာမှ ဇွန်လ၌ စစ်ဘေးရှောင် ၇၀၀၀၀ နီးပါး ရှိလာသဖြင့် အနည်းငယ်မြင့်တက်လာကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ထုတ်ပြန်
ကချင်စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- Kachin Youth Movement)
ကချင်စစ်ဘေးရှောင်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- Kachin Youth Movement)
Published 16 July 2024

ရှမ်းပြည်နယ်တောင်ပိုင်း၌ လက်နက်ကိုင်ပဋိပက္ခများကြောင့် မေလတွင် စစ်ဘေး ရှောင်ဦးရေ ငါးသောင်းကျော်ရှိရာမှ ဇွန်လ တွင် စစ်ဘေးရှောင်ဦးရေ ၇၀၀၀၀ နီးပါး ရှိလာ သဖြင့် အနည်းငယ်မြင့်တက်လာကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က သ တင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှ ဇွန် ၂၂ ရက်အထိ ငါးလကျော်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်၊ ညောင်ရွှေမြို့ နယ်၊ ဟိုပုံးမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ တွင် တိုက်ပွဲများဖြစ်ပွားသည့်အခြေအနေ များကို စစ်တမ်းကောက်ယူပြီး ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းဖော်ပြထား ခြင်းလည်း ဖြစ်သည်။ 

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့ နယ်တွင် စစ်ဘေးရှောင်ဦးရေ ၃၅၀၀၀၊ ညောင်ရွှေမြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ၂၈၀၀ နှင့် ပင်လောင်းမြို့နယ်တွင် စစ်ဘေး ရှောင်ဦးရေ ၃၀၀၀၀ ရှိကြောင်း ပအိုဝ်းလူ ငယ် အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဆီဆိုင် မြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့ နယ်တို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ကတည်းက ကယားပြည်နယ်မှ ရှမ်းပြည်နယ် တောင် ပိုင်းသို့ စစ်ရှောင်လာသူဦးရေ ငါးသောင်းခန့် ရှိနိုင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆိုသည်။

နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေသူများအနေဖြင့် အချိန်ကြာလာသည်နှင့် အမျှ အရေးပေါ်စားနပ်ရိက္ခာနှင့် သောက်သုံး ရေ လိုအပ်ချက်များစွာရှိနေသည့်အပြင် အ ခြေခံကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ် နေသကဲ့သို့ ဆေးများ အကူအညီများလည်း လိုအပ်လျက်ရှိကြောင်း ပအိုဝ်းလူငယ်အ စည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ရှမ်းပြည်တောင်ပိုင်းတွင် တပ်မတော်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ် မတော် (PNLA) မဟာမိတ်တပ်တို့အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ဇန်နဝါရီ ၂၁ ရက်မှ ဇွန် ၂၂ ရက်အထိ ငါးလကျော်အ တွင်း အရပ်သား ၉၆ ဦး သေဆုံးပြီး ၁၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်း အရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ 

အရပ်သားများ ထိခိုက်သေဆုံးဒဏ်ရာ ရသည့် အကြောင်းရင်းများထဲတွင် လေ ကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု နှင့် ဒရုန်းနှင့် ဗုံးကြဲမှုများ ပါဝင်ကြောင်း ပအိုဝ်း လူငယ် အစည်းအရုံး (PYO) က ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း လက်နက် ကိုင်ပဋိပက္ခအတွင်း လေကြောင်းတိုက်ခိုက် မှု ၄၆၉ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၄၂၀၂ ကြိမ်၊ အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၁၀၈၈ ခု ရှိကြောင်း ပအိုဝ်းလူငယ် အစည်း အရုံး (PYO) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

အဆောက်အအုံ ထိခိုက်ပျက်စီးမှု၏ ၉၀ ရာခိုင်နှုန်းသည် လေကြောင်းတိုက်ခိုက် မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းနှင့် ဗုံး ကြဲမှုများကြောင်းဖြစ်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ပြောကြားသည်။ 

ပအိုဝ်းလူငယ် အစည်းအရုံး (PYO) အနေဖြင့် လက်လှမ်းမှီရရှိသည့် မြေပြင်သ တင်းအချက်အလက်များနှင့် အွန်လိုင်းသတင်းအချက်အလက်များအပေါ်တွင် အခြေ ခံ၍ ထုတ်ပြန်ခြင်းဖြစ်ပြီး မြေပြင်တွင် ယင်း ကိန်းဂဏန်းများထက် ပိုမိုများပြားနိုင်ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး (PYO) က ဆို သည်။ 

 

Most Read

Most Recent