ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖိုရမ် တက်ရောက်ရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံသို့ သွားရောက်

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင် ဖွံ့ဖြိုးရေးတိုးတက်ရေး ဖိုရမ် တက်ရောက်ရန် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရုတ်နိုင်ငံသို့ သွားရောက်
■ Photo - တရုတ်သံရုံး We Chat
■ Photo - တရုတ်သံရုံး We Chat
Published 6 July 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင် ဖွံ့ဖြိုးရေးတိုးတက်ရေးဖိုရမ်တက်ရောက်ရန်  အတွက် တရုတ်နိုင်ငံသို့ ဇူလိုင် ၆ ရက်တွင် ထွက်ခွာသွားကြောင်းသိရသည်။

ထိုသို့တရုတ်နိုင်ငံသို့သွားရောက်မည့် နစကဒုတိယဥက္ကဋ္ဌအား နေပြည်တော် လေဆိပ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင် စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးလွင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်တို့  ပို့ဆောင်နှုတ်ဆက်ခဲ့ကြောင်းသိရသည်။

နစကဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တာဝန် ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် တို့သည် ဇူလိုင် ၅ ရက် တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန် ဆောင် ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။                   

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုတိုးတက် ကောင်းမွန်လျက်ရှိမှုနှင့် အေးအတူပူအမျှ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍအပါအဝင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်ရေး၊ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်တွင်းငြိမ်းချမ်းမှုရရှိရေးနှင့် နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက်   ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုနှင့် တရုတ်နိုင်ငံ မှလည်း ထောက်ခံအားပေးနေမှုအခြေအနေ များနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ် ခဲ့ကြောင်းသိရသည်။ 

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ များဖြစ်ပေါ်ပြီးနောက် တရုတ်နိုင်ငံသို့မြန်မာနိုင်ငံမှ အစိုးရတာဝန်ထမ်းဆောင်သူများ ခရီးစဉ်များသွားရောက်ရာတွင် ၎င်းတို့ထဲတွင် အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တစ်ဦးသာ ပါဝင်ထားသည်။

ဇွန် ၂၇ ရက်မှ ဇွန် ၃၀ ရက် အထိ နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် သည် တရုတ်နိုင်ငံသို့  လေးရက်ကြာခရီးစဉ် သွားရောက်ခဲ့ပြီး တစ်ပတ်ခန့်အကြာတွင် မြန်မာနိုင်ငံမှ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တစ်ဦး တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခြင်း ဖြစ် သည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်သည် တရုတ် နိုင်ငံတွင်ကျင်းပသည့် ငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်ရေးမူကြီးငါးရပ်ထုတ်ပြန်ခြင်း နှစ် (၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိတွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့သည်။