မန္တလေးမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်အား ဓားရှည်များ ကိုင်ဆောင်ပြီး လုယက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိ

မန္တလေးမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်အား ဓားရှည်များ ကိုင်ဆောင်ပြီး လုယက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိ
Published 13 June 2024

မန္တလေးမြို့တွင် ဖုန်းအရောင်းဆိုင်တစ်ဆိုင်အား ဓားရှည်များကိုင်ဆောင်ပြီး လုယက်ခဲ့သူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်၊ ၆၉ လမ်းနှင့် ၃၈ လမ်းထောင့်တွင် ဖွင့်လှစ်ထားသည့် Paradise ဖုန်းဆိုင်သို့ ဓားရှည်ကိုင်ဆောင်ထားသူနှစ်ဦး ဇွန် ၁၂ ရက် ညနေ ၆ နာရီခွဲခန့်တွင် ရောက်ရှိလာပြီး ဆိုင်ရှင်နှင့် ဝန်ထမ်းများကို ခြိမ်း‌ခြောက်ကာ ဖုန်းများလုယက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

" ဓားပြတွေကိုတော့ မိပါပြီ ဖုန်းတွေတော့ ပြန်မရသေးပါဘူး "ဟု အဆိုပါဖုန်းဆိုင်ပိုင်ရှင်က ‌လူမှုကွန်ရက်တွင် ရေးသားထားသည်။

လုယက်ခဲ့သူများက ယူဆောင်သွားသည့် ဖုန်းများမှာ Redmi A3 4/128Gb အပြာနှင့် အနက်ရောင်များဖြစ်သည်ဟု သိရသည်။

 အခင်းဖြစ်သည့်နေရာမှာ မန္တလေးမြို့တွင် လူစည်ကားသည့်နေရာ တစ်ခုတွင်အပါအဝင်ဖြစ်ကြောင်း မန္တလေးမြို့ခံများက ‌ပြောကြား သည်။

ပြီးခဲ့သည့် ဇွန် ၁၂ ရက်ကလည်း မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်‌ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Most Read

Most Recent