■ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး Grand Hyatt ဟိုတယ်တွင် အလောင်း ခြောက်လောင်း တွေ့ရှိ

■ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး Grand Hyatt ဟိုတယ်တွင် အလောင်း ခြောက်လောင်း တွေ့ရှိ
Published 16 July 2024

■ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး Grand Hyatt ဟိုတယ်တွင် အလောင်း ခြောက်လောင်း တွေ့ရှိ

■ အဆိပ်မိခဲ့သဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု သံသယရှိကြောင်း ရဲတပ်ဖွဲ့ပြောကြား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး Grand Hyatt ဟိုတယ်တွင် ဇူလိုင် ၁၆ ရက် က အလောင်း ခြောက်လောင်း တွေ့ရှိခဲ့ပြီး  အဆိပ်မိခဲ့သဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု သံသယရှိကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောကြားသည်။

သေဆုံးသူများသည် ဗီယက်နမ်-အမေ ရိကန်နှစ်ဦး၊ ဗီယက်နမ်နိုင်ငံသားနှစ်ဦးတို့ ဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ၎င်းတို့သည် မည်သူမည်ဝါများ ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခြင်းမရှိဟု ဆိုသည်။

ဇူလိုင် ၁၆ ရက် မွန်းလွဲပိုင်းတွင် ဟိုတယ် ဝန်ထမ်းများက ခေါ်သဖြင့်  Grand Hyatt Erawan ဟိုတယ်ကိုရောက်လာသောရဲများ က စုံစမ်းစစ်ဆေးနေပုံကို ဓာတ်ပုံများတွင် တွေ့ရကြောင်း ထိုင်းသတင်းစာ မာတီချွန်က ဖော်ပြခဲ့သည်။ အလောင်းငါးလောင်းကို ဟို တယ်ခန်း၏အတွင်းထဲတွင်တွေရပြီး အ လောင်းတစ်လောင်းကို အခန်းအပြင်ဘက် တွင်တွေ့ရသည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးသူများက ပါးစပ်တွင် အမြုပ် များထွက်နေသောအလောင်းများကို တွေ့ရသည်ဟု လမ်ပီနီရဲစခန်းက ရဲကပြော ကြားခဲ့သည်။

ဝန်ကြီးချုပ်ဆရတ်သာထားဝီဆင်း သည် အခင်းဖြစ်ရာနေရာကို ညနေပိုင်းတွင် သွားခဲ့သည်ဆိုသော်လည်း ယင်းနေရာကို ရောက်နေသော သတင်းထောက်များကို နောက်ထပ် သတင်းအချက်အလက်များအား ပြောပြနိုင်ခြင်းမရှိဟုဆိုသည်။ 



 

Most Read

Most Recent