ဆီးရီးယားတွင် လူလေးဦး၌ တစ်ဦးသည် အလွန်အမင်းဆင်းရဲချို့တဲ့နေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

ဆီးရီးယားတွင် လူလေးဦး၌ တစ်ဦးသည် အလွန်အမင်းဆင်းရဲချို့တဲ့နေကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်
Published 2 June 2024

ဆီးရီးယားနိုင်ငံသားလေးပုံ တစ်ပုံကျော်သည် အလွန်ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

ဆီးရီးယားနိုင်ငံသည် ၁၃ နှစ် ကြာ ဖြစ်ပွားသော ပြည်တွင်းစစ်ကြောင့် စီးပွားရေးအထိနာလျက်ရှိကာ လူပေါင်းသန်းချီ ဆင်းရဲချို့တဲ့လျက်ရှိသည်။

ဆီးရီးယားနိုင်ငံသားများ၏ ၂၇ ရာခိုင်နှုန်း၊ လူဦးရေအားဖြင့် ၅ ဒသမ ၇ သန်းသည် အလွန်အမင်း ဆင်းရဲချို့တဲ့ စွာနေထိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

“ပဋိပက္ခ မဖြစ်ခင်တုန်းက မကြုံတွေ့ဖူးတဲ့ အလွန်အမင်းဆင်းရဲ ချို့တဲ့မှုဟာ ၂၀၂၂ ခုနှစ်မှာ ဆီးရီးယားနိုင်ငံ သားလေးဦးမှာ နှစ်ဦးအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်က အသေအပျောက်များခဲ့တဲ့ ငလျင်လှုပ်ခတ်မှုပြီးနောက် အခြေအနေက ပိုပြီးဆိုးရွားခဲ့ပါတယ်”ဟု ဆိုသည်။

ဆီးရီးယားတွင် ယင်းငလျင်ကြောင့် သေဆုံးသူ ၆၀၀၀ ခန့်ရှိ သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ ဆီးရီးယားတွင် ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီး နောက်နိုင်ငံ သားများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။ယခင်ကခန့် မှန်းထုတ်ပြန်ချက်အရ လူဦးရေနှစ်သန်းဝန်းကျင်သည် အလွန်အမင်း ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်ဟု ဆိုသည်။

ယင်းအစီရင်ခံစာသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း အိမ်နီးချင်းလက်ဘနွန်၏ စီးပွားရေးကျဆင်းမှု၊ ကိုဗစ် ကပ်ရောဂါနှင့် ယူကရိန်းတွင် ဖြစ်ပွားသောစစ်ပွဲတို့ကို ရည်ညွှန်း၍ ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယင်းအစီ ရင်ခံစာတွင် ဆီးရီးယားအကြောင်း ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

ဆီးရီးယားတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်သည် စီးပွားရေး၊ အခြေခံအဆောက်အအုံနှင့်စက်မှု လုပ်ငန်းတို့ကို ထိခိုက်မှုရှိစေပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့ မှုများသည် နိုင်ငံ၏ဆင်းရဲဒုက္ခကို ပိုမိုဖိစီးစေသည်။

“ရန်ပုံငွေပြတ်တောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အကန့်အသတ်နဲ့ ရရှိနေတာတွေဟာ ဆင်းရဲချို့တဲ့ တဲ့ ဆီးရီးယားနိုင်ငံသားတွေကို ပိုမိုခက်ခဲစေပြီး ကုန်စျေးနှုန်း မြင့်တက်တာ၊ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ရရှိမှု လျော့ကျလာတာနဲ့ အလုပ်လက်မဲ့ နှုန်းမြင့်တက်တာတွေကြောင့် နိုင်ငံသားတွေဟာ ပိုပြီး ချွတ်ခြုံကျလာခဲ့ပါတယ်” ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

၂၀၂၄ ခုနှစ်အတွက် ဆီးရီးယားနိုင်ငံဆိုင်ရာ ၎င်း၏ လူသားချင်း စာနာထောက်ထားမှုတုံ့ပြန်ရေး အစီအစဉ် သည် ဒေါ်လာလေးဘီလျံကျော် လိုအပ်နေပြီး ခြောက်ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိခဲ့သည်ဟု ကုလသမဂ္ဂက အေအက်ဖ်ပီသတင်းကို ယခင်က ပြောကြားခဲ့သည်။

အခွင့်အလမ်းမရှိခြင်းနှင့်အကူ အညီများမရရှိခြင်းသည် ဆီးရီးယားနိုင်ငံသားများအား အသက်ရှင်ရပ် တည်နိုင်ရန် ပြည်ပရှိ ဆွေမျိုးများမှ ပေးပို့လာသော ငွေကြေးများကို မှီခိုနေထိုင်နေရသည်ဟု ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ်တွင် ထုတ်ပြန်ထားသည်။ ဆီးရီးယားမိသားစုဝင်များရရှိခဲ့သည့် ပြည်ပမှ ပေးပို့ငွေ စုစု ပေါင်းပမာဏ သည် ဒေါ်လာ ၁ ဒသ မ ၀၅ ဘီလျံဖြစ်သည်ဟု ဆိုသည်။

၂၀၂၃ ခုနှစ်တွင် ဆီးရီးယား၏ ပျမ်းမျှ GDP သည် ဒေါ်လာ ၆ ဒသမ ၂ ဘီလျံဝန်းကျင်ရှိသည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ်တွင် ဆီးရီးယား၏ အစစ်အမှန် GDP သည် ၁ ဒသမ၅ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟု မျှော်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

“၂၀၂၄ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုတွေ ဆက်လက်ဖြစ်နေမယ်လို့ ခန့်မှန်းထားပါတယ်။ ဘာကြောင့် လဲဆိုတော့ ငွေကြေးတန်ဖိုး လျော့ကျလာတဲ့ သက်ရောက်မှုတွေ၊ ပြတ်လပ်မှုတွေနဲ့ နောက်ထပ်အစား အစာနဲ့ လောင်စာဆီများကို နောက်ထပ်ဖြတ်တောက်မှုတွေ ဖြစ်လာနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆီးရီးယားအစိုးရသည် အစိုးရဆန့်ကျင်သည့် ဆန္ဒပြမှုများကိုဖြို ခွင်းခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ကတည်းက စတင်ဖြစ်ပွားသည့် ပြည်တွင်းစစ်အတွင်း လူငါးသိန်းကျော် သေဆုံးခဲ့ကာ လူပေါင်းသန်းချီ ဘေးလွတ်ရာ ရွေ့ပြောင်း နေထိုင်ခဲ့ကြရသည်ဟု သိရသည်။          Ref:AFP

Most Read

Most Recent