ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ သုံးပတ်အတွင်း ၅၀၀ ကျော် တွေ့ရှိခဲ့ပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ သုံးပတ်အတွင်း ၅၀၀ ကျော် တွေ့ရှိခဲ့ပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိ
Published 16 July 2024

ရန်ကုန်တိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ သုံးပတ်အတွင်း ၅၀၀ ကျော် တွေ့ရှိခဲ့ပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဇွန် ၂၅ ရက်မှစတင်၍ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလက္ခဏာများဖြင့် လူနာအချို့ ဆေးရုံတက်ရောက်မှုများရှိခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၁၃ ရက် ည ၆ နာရီမှ ဇူလိုင် ၁၄ ရက် ည ၆ နာရီအထိ ၂၄ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၇၇ ဦးရှိခဲ့ပြီး  ၎င်းတို့အနက် ၁၉ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့်    လူနာအားလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ပါရှိသည်။

ဇူလိုင် ၁၄ ရက်တွင် ရောဂါသက်သာပျောက်ကင်းသည့်လူနာ ၆၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သဖြင့် ဇူလိုင် ၁၄ ရက် ညနေ ၆ နာရီအထိ ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း ၅၂၁  ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

ဇူလိုင် ၁၀ ရက် ည ၆ နာရီမှ ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီအထိ ၂၄ နာရီအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၈၄ ဦးရှိခဲ့ပြီး ၎င်းတို့အနက် ၁၁ ဦးသည်  ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ကြောင်း၊ လူနာအားလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း တွေ့ရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ပြင် ဇူလိုင် ၁၁ ရက်တွင် ရောဂါသက်သာပျောက်ကင်းသည့် လူနာ ၃၃ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့သဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ခဲ့သော လူနာစုစုပေါင်း ၂၅၀ ကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၉ ရက် ည ၆ နာရီမှ ဇူလိုင် ၁၀ ရက် ည ၆ နာရီအထိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာ သစ် ၁၁၅ ဦးရှိခဲ့ပြီး ၎င်းင်းတို့အနက် ၂၂ ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ လူနာများဖြစ်ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်သည်။

ဇူလိုင် ၉ ရက် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ လူနာသစ် ၆၄ ဦးရှိခဲ့ပြီး ၎င်းင်းတို့အနက် ခုနစ်ဦးမှာ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများ ဖြစ် ကြောင်းနှင့် လူနာအားလုံး၏အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၈ ရက်နံနက် ၆ နာရီမှ ည ၆ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် ၆၀ ရှိခဲ့ပြီး ၎င်းင်းတို့အနက် ခြောက်ဦးမှာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားသူ လူနာများဖြစ် ကြောင်းနှင့် လူနာအားလုံး၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၇ ရက် နံနက် ၈ နာရီမှ ည ၈ နာရီ အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံ များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ လူနာသစ် ၄၄ ဦးရှိခဲ့ပြီး ၎င်းင်းတို့အနက် နှစ်ဦးမှာ ပြင်းထန်ဝမ်းပျက်ဝမ်း လျှောရောဂါဖြစ်ပွားသူ လူနာများဖြစ်ပြီး ကျန် ၄၂  ဦးမှာ သာမန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ် ပွားသူ လူနာများဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၆ ရက်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါလူနာသစ် ၆၃ ဦးရှိခဲ့သည်ဟု ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့ကြောင့် တစ်ပတ်နီးပါးအတွင်း ဝမ်း ပျက်ဝမ်းလျှောလူနာ ၄၂၃ ဦးရှိခဲ့ပြီး ယင်းတို့ အနက် ဦးရေ ၂၅၀ ကို ရောဂါသက်သာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Most Read

Most Recent