ဝန်ကြီးဌာနများမှ လုပ်ငန်းခွင်စွန့်ခွာသွားသည့် နိုင်ငံ့ဝန်ထမ်းများကို အမည်မည်းစာရင်းမှ ပယ်ဖျက် ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ဌာနသို့ ပြန်လည်သတင်းပို့ရန် ကြေညာ

ဝန်ကြီးဌာနများမှ လုပ်ငန်းခွင်စွန့်ခွာသွားသည့် နိုင်ငံ့ဝန်ထမ်းများကို အမည်မည်းစာရင်းမှ ပယ်ဖျက် ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ဌာနသို့ ပြန်လည်သတင်းပို့ရန် ကြေညာ
Published 13 July 2024

ဝန်ကြီးဌာနများမှ လုပ်ငန်းခွင်စွန့်ခွာသွားသည့် နိုင်ငံ့ဝန်ထမ်းများကို အမည်မည်းစာရင်းမှ ပယ်ဖျယ်ဖြေလျှော့ပေးမည်ဖြစ်သဖြင့် သက်ဆိုင်ဌာနသို့ ပြန်လည်သတင်းပို့ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်း အချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက် မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့် အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း(Black Lists)တွင် ပါဝင်လျက်ရှိနေခြင်းကြောင့် နိုင်ငံတော်အတွက် လူသားအရင်းအမြစ်ဆုံးရှုံးမှုများ ဖြစ်ပေါ်သည့်အပြင် ကာယကံရှင်များ၏ လူမှုဘဝ များလည်း နစ်နာလျက်ရှိကြောင်း နစက၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါနစ်နာမှုများအား ကုစားပေးနိုင်ရန်အလို့ငှာ ယင်း ဝန်ထမ်းများကို လုပ်ငန်းခွင်စွန့်ခွာရသည့် အကြောင်းခြင်းရာအပေါ်မူတည်၍ အမည်မည်းစာရင်း (Black Lists)မှ ပယ်ဖျက် ဖြေလျှော့ပေးပြီး ဥပဒေဘောင်အတွင်း နေထိုင်သွားလာနိုင်ရန် ဆောင်ရွက် ပေးမည်ဖြစ်ပါသဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ အဆိုပါဝန်ထမ်းများသည် မိမိတို့ တာဝန်ထမ်းဆောင်ခဲ့သည့် သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ကြရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

Most Read

Most Recent