ညောင်ရွှေမြို့မှာ လည်ပတ်စရာ ၃၆ နေရာ

ညောင်ရွှေမြို့မှာ လည်ပတ်စရာ ၃၆ နေရာ
Published 28 April 2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်တွင် ပါဝင်သော ညောင်ရွှေမြို့နယ်သည် ထင်ရှား၍ အင်မတန် ရှေးကျသော မြို့တော်ဟောင်းဖြစ်သလို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားသော ခရီးသွားဒေသလည်း ဖြစ် သည်။

ညောင်ရွှေနယ်တွင် လည်ပတ်စရာနေရာများစွာ ပါဝင်ပြီး စိတ်ဝင်စားစရာ သမိုင်း နောက်ခံများလည်း ပါဝင်နေသဖြင့် ခရီးသွား ဧည့်သည်များ စိတ်ကျေနပ်မှုရစေမည့် ခရီး သွားဒေသလည်းဖြစ်သည်။

ထို့ပြင် ညောင်ရွှေနယ်တွင် ကမ္ဘာကျော် ထင်ရှားကျော်ကြားသော အင်းလေးကန်နှင့် ဖောင်တော်ဦး မြတ်စွာဘုရားများ တည်ရှိ သလို ရှုမငြီးလှပသော တောတောင်ရေမြေ သဘာဝများ၊ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ထုံးတမ်းများကိုလည်း လေ့လာနိုင်ပါသည်။

ယခု စာရေးသူ တင်ဆက်ပေးလိုသော အကြောင်းအရာမှာ ညောင်ရွှေမြို့ကို ရောက် လျှင် ဦးစားပေးလည်ပတ်သင့်သော နေရာ များကို အပိုင်းလေးပိုင်းခွဲ၍ တင်ပြမည်ဖြစ်ပါ သည်။ ညောင်ရွှေမြို့နယ်ရှိ ရှေးဟောင်းစေတီ တော်များ၊ သမိုင်းမှတ်တမ်းဝင် နေရာများနှင့် အများပြည်သူနှင့် သက်ဆိုင်သော နေရာများ ကိုသာ ဦးစားပေး တင်ပြသွားပါမည်။

အင်းလေးကန် ခြောက်နေရာ၊ ညောင်ရွှေ မြို့ပေါ် ၁၀ နေရာ၊ အင်းလေးကန် အရှေ့ပတ် လမ်း ၁၀ နေရာနှင့် အင်းလေးကန် အနောက် ပတ်လမ်း ၁၀ နေရာ ဟူ၍ အပိုင်းလေးပိုင်းတွင် လည်ပတ်စရာ နေရာများကို မငြီးငွေ့ရလေ အောင် ကဏ္ဍအလိုက် ခွဲခြားတင်ဆက်ပေး သွားပါမည်။ စာဖတ်သူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သော ခရီးစဉ်လမ်းကြောင်းများကို ရွေးချယ်နိုင်ရန်နှင့် လမ်းကြောင်းတစ်ခုတွင် အစဉ်လိုက် လည်ပတ်နိုင်ရန်စသော အကျိုး ကျေးဇူးများ ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ပါ သည်။

ညောင်ရွှေမြို့

တောင်ကြီးမြို့မှ ညောင်ရွှေမြို့ကို လမ်း နှစ်လမ်းဖြင့် သွားရောက်နိုင်သည်။ တောင်ကြီး -အေးသာယာ-ညောင်ရွှေလမ်းအတိုင်း သွား နိုင်သလို တောင်ကြီး-အောင်သပြေ- ရွှေ ညောင်-ညောင်ရွှေလမ်းအတိုင်းလည်း သွား နိုင်ပါသည်။

 

ကော့ဆမ်ပီ (ခေါ်) ကောသမ္ဘီမြို့ဟောင်း

ညောင်ရွှေမြို့ မူလအစ မြို့ဟောင်းတည် နေရာမှာ လက်ရှိ ရွှေညောင်လမ်းခွဲအတိုင်း ဝင်လာလျှင် ညောင်ရွှေရောက်ခါနီး ပေါရိ သတ် ဓာတ်တော်မွေတော်စေတီတော်တွင် ကောသမ္ဘီမြို့ဟောင်း တည်ရှိသည်။ ကျွန်တော် ပေါရိသတ်ဘုရားကိုရောက်တော့ ဘုရား ဂေါ ပကအဖွဲ့ဝင် တစ်ဦးက ပေါရိသတ် မြို့ဟောင်း တည်ရှိရာ နေရာများကို လိုက်လံ ပြသသည်။ မြို့ဟောင်းတည်နေရာ အုတ်ဖိုရွာအနီးဝန်း ကျင်တွင် ပအိုဝ်းတိုင်းရင်းသားများ ဘုရား တည်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ပေါရိသတ်ဘုရားသည် ညောင်ရွှေမြို့ မြောက်ဘက် လေးမိုင် အကွာတွင် တည်ရှိကာ ပေါရိသတ်ဘုရား၏ မြောက်ဘက်တွင်ရှိသော မြို့ကြီးကွင်းနေရာတွင် ကော့ဆမ်ပီဆိုသော အမည်ဖြင့် မြို့တည်ခဲ့ခြင်းဖြစ်ကာ ကောဇာ သက္ကရာဇ် ၄၇၅ ခုနှစ်တွင် တရုတ်လူမျိုးတို့ ဝင်ရောက်တိုက်ခိုက်သဖြင့် ပထမ ညောင်ရွှေ ပျက်စီးခဲ့ရသည်။

ဒုတိယညောင်ရွှေမြို့ကို ကောသမ္ဘီ၏ တောင်ဘက်အရပ် ရမ္မာဝတီမြို့ ထပ်မံတည် ခဲ့ကြသော်လည်း တောင်ပြိုကျရာမှ အစပြုပြီး ရေဘေးသင့်ခြင်းကြောင့် ဒုတိယညောင်ရွှေမြို့ သည်လည်း ပျက်စီးခဲ့ရသည်။ (အင်းလေးရွာ မှာ ရှမ်းအမည် မှည့်ခေါ်ထားသော ရှမ်းရွာ များဖြစ်၍ ယင်းရွာများကို ယခင်ကောသမ္ဘီမြို့ နှင့် ရမ္မာဝတီမြို့ များကို တည်ထောင်ခဲ့ကြသော မောရှမ်းမင်းမျိုးများက တည်ခဲ့ဟန်တူသည်ဟု အင်းလေး ဖောင်တော်ဦးဘုရားသမိုင်း စာအုပ် တွင် ဖော်ပြထားသည်)။

တတိယညောင်ရွှေမြို့ကို ရမ္မာဝတီ အရှေ့မြောက်ဒေသရှိ မန်ကျည်းစဉ်ပန်းဖယ် အရပ်သို့ ရွှေ့ပြောင်း၍ မြို့ပြ တည်ထောင် ခဲ့ပြန်သည်။ မိုင်းသောက်တွင် ပန်းဖယ်၊ မန် ကျည်းစင်ကျေးရွာ တည်ရှိပါသည်။

ညောင်ရွှေစော်ဘွား ဆီဆိုင်ဖသည် မန် ကျည်းစဉ်ပန်းဖယ်အရပ်တွင် စိုးစံနေစဉ်အ တွင်း အိပ်မက်အရ လက်ရှိ ညောင်ရွှေမြို့၊ ရွှေတောင်ဦးဘုရားနေရာတွင် စတုတ္ထ ညောင် ရွှေမြို့ကို ခရစ်နှစ် ၁၃၅၉ ခုနှစ် တွင် ယောင်ဝှေ ဆိုသော နာမည်ဖြင့် မြို့တည်ခဲ့ခြင်းဖြစ်သည်။ ရှေးအခါက မြို့၏အရှေ့ဘက် ဣဿယကုန်း တော်ပေါ်၌ ရွှေအဆင်းရှိသော ဗောဓိညောင် ပင်ပေါက်လျက်ရှိကာ မြို့တည်သောအခါ ညောင်ရွှေဟု ခေါ်တွင်ခဲ့သည်။

 

သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်သော ပေါရိသတ်ဘုရား

ပေါရိသတ်ဘုရား၊ မူလခေါင်းလောင်း တော်တွင် ရေးသားထားသော ခေါင်းလောင်း စာအရ သက္ကရာဇ်  ၁၅၃ ခု၊ တန်ခူးလဆန်း၊ ပေါရိသတ်ဆရာတော်က လှူဒါန်းခြင်းဖြစ် ကြောင်း ရေးထိုးထားသည်ကိုကြည့်ခြင်းအား ဖြင့် သက်တမ်းမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီ ဟု ခန့်မှန်းနိုင်သည်။ အဆိုပါခေါင်းလောင်း သည် ဒုတိယခေါင်းလောင်းဖြစ်ပြီး ပထမ ခေါင်းလောင်းမှာ ပျောက်ဆုံးခဲ့ရကြောင်း ဂေါ ပကအဖွဲ့က ဆိုသည်။

          ကောသမ္ဘီ မင်းကြီးပင် ပေါရိသတ်ဘုရား ကို ကြည်ညိုကန်တော့ရသည်ဟုဆိုသဖြင့် ပေါရိသတ်ဘုရားသည် ရှေးကျကြောင်း ဆို သည်။ ကောသမ္ဘီသည် ပုဂံထက် နှစ် ၆၀၀ စောသည်ဟုလည်း ဂေါပကအဖွဲ့က ဆိုသေး သည်။ ကောသမ္ဘီမြို့ကို ရှမ်းဘာသာအသံဖြင့် ကော့ဆံပီဟု အသံထွက်ပြီး အဓိပ္ပာယ်မှာ မောင်နှမနှစ်ယောက် သုံးနှစ်တစ်ကြိမ် တစ် လှည့်စီ အုပ်ချုပ်သည်ဟု ဆိုလိုသည်။

 

ညောင်ရွှေမြို့မှာ လည်ပတ်စရာ ၁၀ နေရာ

          ညောင်ရွှေမြို့ကို ရောက်လျှင် ပထမဦး စွာ ရောက်ရှိမည့်နေရာမှာ ပေါရိသတ်ဘုရား ဖြစ်သည် ။ ပေါရိသတ်ဘုရားအနီးရှိ ကောသမ္ဘီ မြို့ဟောင်းမြို့ရိုးများနှင့် အုတ်ဖိုရွာအနီး အ သစ်တည်ဆောက်ပြီးသော စေတီတော်များကို လည်ပတ်နိုင်သည်။ ပြီးနောက် ဆက်သွားလျှင် ရွှေရန်ပြေစေတီနှင့် ရွှေရန်ပြေ ရှေးဟောင်း ကျောင်းတော်ကို လည်ပတ်နိုင်သည်။

          ညောင်ရွှေမြို့ထဲ၌ လွတ်လပ်ရေး ကျောက် တိုင် တည်ရှိရာကွင်းကို လေ့လာနိုင်သည်။ အဆိုပါ လွတ်လပ်ရေးကျောက်တိုင်ကွင်းမှာ ညောင်ရွှေညစျေးလည်း လုပ်ထားပြီး ပန်းခြံ လေးလည်း လုပ်ထားသည်။ ထိုကျောက်တိုင် ကွင်းနံဘေးတွင် ညောင်ရွှေစော်ဘွားကြီး စဝ် ရွှေသိုက်ဗိမာန်ရှိသည်။ စော်ဘွားကြီးမိသားစု များဖြစ်သော စော်ဘွားကြီးစဝ်ရွှေသိုက်၊ စဝ် ရွှေသိုက် မဟာဒေဝီစဝ်နန်းရီနှင့် စဝ်ရွှေသိုက် နှင့် မဟာဒေဝီစဝ်ဟိန်ခမ်းတို့၏ သားတော် စဝ်ဆေဟုံဖ (စဝ်မြီ) တို့၏ ဂူဗိမာန် တည်ထား ခြင်းဖြစ်သည်။

          ပြီးနောက် ညောင်ရွှေမြို့ဝင်ဆိုင်းဘုတ်မှ ဘယ်ဘက်လမ်းအတိုင်း သွားရသော ညောင် ရွှေစော်ဘွား ဟော်နန်း (လက်ရှိ ပြတိုက်) ကို လည်း လေ့လာနိုင်သည်။

          ညောင်ရွှေမြို့ရောက်လျှင် အဓိက ဝင်ဖူး သင့်သော ဘုရားမှာ ဖောင်တော်ဦးဘုရားကျိန်း ကျောင်းဖြစ်သည်။ ၁၂၆၃ ခုနှစ် ၀ါဆိုလတွင် စတင်တည်ထောင်သော ညောင်ရွှေမြို့၊ အဋ္ဌဒိ သာ ဓမ္မဝိဟာရ ဒေသစာရီ ကျောင်းတော်ကြီး ဟု ဆိုင်းဘုတ်တင်ထားသည်။ ညောင်ရွှေမြို့ ၌ အင်းလေး ဖောင်တော်ဦးဘုရား ကြွရောက် ရက်တွင် သုံးရက်သုံးညတိုင်တိုင် အပူဇော်ခံ ထားရှိသော စံကျောင်းတော်နေရာဖြစ်သည်။

          ထိုဘုရားကျိန်းကျောင်းနံဘေးတွင် ရွှေ တောင်ဦး စုမ့်မိန်းဓမ္မစေတီတော် တည်ရှိပါ သည်။ ရွှေတောင်ဦးသည်လည်း ရှေးဟောင်း စေတီတော် တစ်ဆူ ဖြစ်ပြီး ကြည်ညိုဖွယ်ရာ သပ္ပါယ်လှပါသည်။ ဆက်သွားလျှင် ရတနာ မာန်အောင်စေတီတော်ကို ရောက်ရှိနိုင်ပြီး ထို စေတီတော် ပရဝုဏ်အတွင်း ကမ္ဘောဇရဋ္ဌ သီရိပဝရ မဟာဝံသသုဓမ္မာရာဇာ စော်ဘွား ကြီး (ဆာ) စောမောင်နှင့် မဟာဒေဝီ စဝ်နန်း ယာတို့၏ ဂူဗိမာန်တည်ရှိသဖြင့် လေ့လာနိုင် ပေသည်။

          ထိုစေတီတော်သုံးဆူမှာ အတန်းလိုက် တည်ရှိသဖြင့် တစ်ဆက်တည်းဝင်ရောက်ဖူး မြော်နိုင်ပါသည်။

          ရှမ်းပြည်နယ်ဓလေ့ ငါးရက်တစ်စျေးကို လည်း ကြုံကြိုက်တုန်း လည်ပတ်နိုင်သလို  ဒေ သထွက် အစားအစာများ ရောင်းချသော မင်္ဂ လာစျေးကိုလည်း လည်ပတ်နိုင်သည်။ ဖောင် တော်ဦးတွင်လည်း ဒေသထွက် ရိုးရာလက်မှု ပစ္စည်းများကို ဝယ်ယူနိုင်သေးသည်။

          ညောင်ရွှေမြို့ပေါ်မှာပင် စက်လှေဆိပ်၊ မင်္ဂလာစျေးနှင့် ခရမ်းချဉ်သီးပွဲရုံများကို လေ့ လာနိုင်ပေသည်။

          ညောင်ရွှေနယ် အင်းလေးကန်သည် ထူး ခြားသောဓလေ့များစွာ ယနေ့တိုင်ဆက်လက် လက်ဆင့်ကမ်း ထိန်းသိမ်းလာသောဒေသ ဖြစ်သည်။ အင်းလေးကန်တွင် မြန်မာ့ရိုးရာလက်မှုပညာများဖြစ်သော ပန်းဆယ်မျိုးအ တတ်ပညာများကို တစ်နေရာတည်းတွင် စုံစုံ လင်လင် လေ့လာနိုင်သည်။ အင်းလေးကန် တွင် ပန်းဆယ်မျိုး အတတ်ပညာရှင်များ ယနေ့ တိုင် လက်ဆင့်ကမ်းအမွေ ထိန်းသိမ်းလာဆဲ ဖြစ်သည်။

          ကမ္ဘာ့စွယ်စုံကျမ်းတွင် ဖော်ပြထားသည် မှာ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်အသီး သီး၏ ဟော်စိုက်ရာ မြို့များတွင် အကောင်းဆုံး မြို့တစ်မြို့ဖြစ်၏။ ညောင်ရွှေမြို့မှ မောလိ သတ် (ပေါရိသတ်) မြို့သို့သွားသောလမ်းပေါ် တွင် စေတီတစ်ဆူရှိသည်။ ထိုစေတီကို တည် ရခြင်းအကြောင်းသည်ကား ဗြိတိသျှတို့ ရှမ်း ပြည်သို့ ချီတက်သိမ်းပိုက်လာသည့်အခါ စော် ဘွားကြီး စဝ်အုံးသည် မိမိနှင့် ဗြိတိသျှတို့ ပထမ တွေ့ဆုံရာ အရပ်ကို အထိမ်းအမှတ်ပြုလို သောကြောင့် ထိုစေတီကိုတည်ခဲ့သည်ဟုဆို ကြသည်။ ညောင်ရွှေမြို့ရှိ ရတနာမာရ်အောင် စေတီတော်မှာကား စော်ဘွားကြီးဆာစဝ် မောင်လက်ထက်၌ မင်းတုန်းမင်းတရားကြီးချီးမြှင့်တော်မူခဲ့သော သီဟိုဠ်မှ ဓာတ်တော် များကို ဌာပနာ၍ တည်ထားခြင်းဖြစ်သည် ဟူ၏။

          ညောင်ရွှေတွင် ရှင်ပြုအလှူပွဲတိုင်း ပူဇော် ပသလေ့ရှိသော ဘိုးဆင်တောင်၊ ဘွားဆင် တောင်နတ်နန်းလည်းရှိသည်။ ယခင်က ညောင် ရွှေမြို့ဆင်တောင်တွင် နေထိုင်သော အဘိုး နှင့် အဘွားတို့ကို ညောင်ရွှေမြို့တွင် နတ်စင် ဖြင့် ကိုးကွယ်ထား၍ အလှူအတန်းများ ၊ လုပ် ငန်းများဆောင်ရွက်သော အခါ ပူဇော်ပသကာ အမျှအတန်း ပေးဝေသော ဓလေ့ ဖြစ်ကြောင်း ဦးဝင်းမြင့်က ဆိုသည်။

          ထို့ကြောင့် ညောင်ရွှေမြို့ပေါ်တွင် (၁)ပေါရိသတ်ဘုရား၊ (၂) မြို့ဟောင်းအုတ်ရိုးနှင့် အုတ်ဖိုရွာဘုရား၊ (၃) ရွှေရန်ပြေဘုရားနှင့် ကျောင်းတော်၊ (၄) လွတ်လပ်ရေးကျောက်တိုင် နှင့် ညစျေး၊  (၅) စော်ဘွားဗိမာန်၊ (၆)စော်ဘွား ဟော်နန်း (ပြတိုက်)၊ (၇) ညောင်ရွှေမြို့၊ အဋ္ဌ ဒိသာဓမ္မဝိဟာရ ဒေသစာရီ ကျောင်းတော်ကြီး၊ (၈) ရွှေတောင်ဦးစုမ့်မိန်း ဓမ္မစေတီတော်၊ (၉) ရတနာမာန်အောင် စေတီတော်၊ (၁၀) လှေ ဆိပ်နှင့် မင်္ဂလာစျေး စသည်တို့ လည်ပတ်နိုင် သည်။

 

အင်းလေးကန် အရှေ့ပတ်လမ်းတွင် လည်ပတ်စရာ ၁၀ နေရာ

          အင်းလေးကန်အရှေ့ပတ်လမ်းဟူသည် မှာ အေးသာယာ-ညောင်ရွှေလမ်းမှလာလျှင် ရောက်သော မီးပွိုင့်၏ တောင်ဘက်လမ်း အတိုင်း သွားသောလမ်းကို အရှေ့ပတ်လမ်းဟု ခေါ်သည်။ အင်းလေးကန်၏ အရှေ့ဘက် တစ်ကြောတွင် တည်ရှိသော ကန်ပတ်လမ်း ဖြစ်သောကြောင့် အရှေ့ပတ်လမ်းဟုပင် ခေါ် ကြသည်။ အင်းလေးကန် အနောက်ပတ်လမ်း သည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပါ သည်။

          အင်းလေးကန် အရှေ့ပတ်လမ်းအတိုင်း သွားလျှင် တောင်ခြေမြင်းစခွန့်၊ မိုင်းသောက်၊ သလဲဦး၊ နန်းပန်ကို ရောက်ရှိနိုင်သည်။ ကန် ပတ်လမ်းအတိုင်းဆက်သွားလျှင် မှော် ဘီတံတားသို့ ရောက်ရှိပေမည်။ ဤသည်မှာ အရှေ့ပတ်လမ်းဖြစ်သည်။

          အရှေ့ပတ်လမ်း၌တောင်ခြေမြင်း စခွန့်၊ မိုင်းသောက် နှင့် သလဲဦးကျေးရွာအုပ်စု သုံးစု ပါဝင်သည်။ တောင်ခြေ မြင်းစခွန့်ကျေးရွာ အုပ်စု၊ ကန်တော်ကျေးရွာတွင် တည်ရှိသော ှုညူန ံသမျန ဃူကဘ မှာ စိတ်ဝင်စားစရာကောင်း သဖြင့် သွားရောက်လည်ပတ်သင့်ကြောင်း အကြံပြုလိုသည်။

          အင်းလေး မြင်းစီးကွင်းသွားရန် မိုင်း သောက်သွားလမ်း သကြားစက်ဟောင်းနံဘေး၊ သာသနာ့ရောင်ခြည်ဆိုင်းဘုတ်ရှိသော လွယ် ခေါ့သွားလမ်းအတိုင်း တောင်ပေါ်အနည်း ငယ်တက်ရပါသည်။

          ှုညူန ံသမျန ဃူကဘ မြင်းစီးကွင်းကို ၂၀၁၆ ခုနှစ်တွင် မြင်းနှစ်ကောင်ဖြင့် စတင် ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ကာ တဖြည်းဖြည်းများလာကာ လက် ရှိတွင် မြင်းကောင်ရေ ၁၃ ကောင်ရှိကြောင်း သိရသည်။ လာမည့် ၂၀၂၅ ခုနှစ်တွင် ရှစ်နှစ် ပြည့်မြောက်တော့မည်ဖြစ်ကြောင်း သိရသည်။

          ခရီးစဉ်လမ်းကြောင်းမှာ တောင်ပေါ် မြင်းစီးခရီးစဉ်ဖြစ်ပြီး မိနစ် ၃၀ အင်းလေးဗျူး ပွိုင့်ရှုခင်းနှင့် နှစ်နာရီခရီးစဉ်တို့ ရှိကြသည်။ ထိုသို့ နှစ်နာရီခရီးစဉ်တွင် ၀ိုင်ခြံလမ်းကြောင်း နှင့် လွယ်ကင်လမ်းကြောင်းဟူ၍ နှစ်မျိုး ရွေး ချယ်နိုင်ကြောင်း သိရသည်။

          မြင်းစီးကွင်းတောင်ပေါ်မှ တောင်တက် လမ်းအတိုင်း စတင်ထွက်ခွာ၍  ျွနိ သြကည-အငေည ျွှငညန ခြံ၊ ဃသ််နန ှ့သစ စသော တောင် ထိပ်သုံးနေရာကို စွန့်စားခန်းမြင်းစီးသော ခရီး စဉ်မှာ ၀ိုင်ခြံခရီးစဉ်ဖြစ်သည်။ ထို့ပြင် လွယ် ကင်လမ်းကြောင်း၌လည်း ပရဟိတကျောင်း နှင့် ထပ်အိမ်ဂူတို့ကိုလည်း လေ့လာနိုင်သဖြင့် နှစ်သက်ရာ ရွေးချယ်နိုင်ကြောင်း သိရသည်။

 

ထပ်အိမ်ဂူ

          ပြီးနောက် ထပ်အိမ်ဂူကိုလည်း အစောဆုံး လည်နိုင်သည်။ သို့တည်းမဟုတ် အပြန်ခရီး နောက်ဆုံးထား၍ လည်းသွားရောက်လည် ပတ်နိုင်ပါသည်။ ညောင်ရွှေမြို့နယ်၊ ထပ်အိမ် ဂူဟုဆိုရာတွင် အများပြည်သူတို့သည် ကြားဖူး နားဝသာရှိပြီး ရောက်ဖူးသူ နည်းပေလိမ့်မည်။

          ထပ်အိမ်ဂူသွားရန် အေးသာယာ- စက်မှု ဇုန်-ညောင်ရွှေ-မိုင်းသောက်လမ်းအတိုင်း လာ ရမည်။ ထိုလမ်းအတိုင်း ညောင်ရွှေမီးပွိုင့် မရောက်မီ လမ်းထိပ်တွင် ဆည်ဘက်သွား သောလမ်းအတိုင်း ဆိုင်းဘုတ်ပြထားသည်။ မင်းပုန်းတောင်၊ ထပ်အိမ်ဂူဟုလည်း ဆိုင်း ဘုတ်များ ရေးထားသည်။ ထပ်အိမ်ဂူသည် ညောင်ရွှေမြို့ အရှေ့ဘက် တစ်မိုင်အကွာတွင် တည်ရှိသော သဘာဝထုံးကျောက်လိုဏ်ဂူ ဖြစ်သည်။ ထပ်အိမ်ဂူတွင် မြောက်ဘက်ဂူ၊ အလယ်ဂူနှင့် တောင်ဘက်ဂူဟူ၍ သုံးဂူရှိ သည်။ မြောက်ဘက်ဂူမှာ ကျန်နှစ်ဂူထက် အရွယ်အစားကြီးမား၍ ရှေးယခင်စော်ဘွား များ တည်ထားကိုးကွယ်ခဲ့သော ရုပ်ပွားတော် များကို ဖူးမြင်နိုင်သည်။

          ထပ်အိမ်ဂူရောက်လျှင် ဝင်ဝင်ချင်း ထပ် အိမ်ဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကို မြင်တွေ့နိုင်သည်။ ထိုမှ မြောက်ဘက်လမ်း ဘယ်ဘက်အတိုင်း ဆက်တက်သွားလျှင် မြောက်ဘက်ထပ်အိမ်ဂူ ဘုန်းကြီးကျောင်းကို ရောက်မည်။ ထိုကျောင်းမှ လှေကားအတိုင်း ဂူသွားရာလမ်းအတိုင်း တက်ရောက်ရပါမည်။ ဝင်ဝင်ချင်းဂူအသေးတစ်ဂူ တွေ့ရပြီး အပေါ် ဘက်တွင် ဂူအကြီးတစ်ဂူ (မြောက်ဘက်ဂူ) ကို လေ့လာနိုင်သည်။

          ထပ်အိမ်ဂူအတွင်းပိုင်းတွင် အေးစိမ့်၍ ချမ်းအေးသောအရသာကို နွေရာသီမှာပင် သိသာစွာ ခံစားရသည်။ ဂူ၏အပေါ်ပိုင်း တောင်ပေါ်လမ်းကိုလည်း သွားလာနိုင်ကာ ဘုရားတည်ထားသည်ကို တွေ့ရသည်။ ရှုခင်း များမှာလည်း ထူးခြားလှပသည်။

 

၀ိုင်ခြံ

          မြင်းကလပ်မှ ထွက်လာလျှင် ရောက်ရှိ နိုင်သော နေရာတစ်ခုမှာ ျွနိ သြကညအငေည ျွှငညန ၀ိုင်ခြံ ဖြစ်သည်။ အင်းလေးရှုခင်းကြည့် နိုင်သလို စပျစ်စိုက်ခင်းကိုလည်း သာယာဖွယ် မြင်တွေ့နိုင်သည်။

 

မိုင်းသောက်တံတားနှင့် တောင်ပေါ်စေတီ

          အရှေ့ဘက် ကန်ပတ်လမ်းအတိုင်း ဆက် သွားလျှင် မိုင်းသောက်ကို ရောက်မည်။ မိုင်း သောက်တံတားသည် သံယောဇဉ်တံတားဟု နာမည် ထင်ရှားကာ အင်းလေးကန် ဦးပိန် တံတားအဖြစ် တင်စားခေါ်ဝေါ်ကြသည်။ နေ ထွက်ချိန် ၊ နေဝင်ချိန်ဆည်းဆာချိန်များကို အလှဓာတ်ပုံရိုက်ကူးသူနှင့် လည်ပတ်ကြသူ များသည်။

          မိုင်းသောက်တံတားမှ အရှေ့ဘက်လမ်း အတိုင်းတက်သွားလျှင် မိုင်းသောက်တောင် ပေါ်စေတီတော်ကို သွားရောက်နိုင်သည်။ ဧည့် သည်များ မိုင်းသောက်တံတားရောက်ဖူး သော်လည်း တောင်ပေါ်စေတီ ရောက်ဖူးသူ ရှားပေလိမ့်မည်။ ဆိုင်ကယ်ဖြင့် ၁၅ မိနစ်ခန့် တောင်ပေါ်တက်ရပြီး အင်းလေးကန်အပေါ် စီးမြင်ကွင်းကို တွေ့ရသည်။ အင်းလေးဘုရား ပွဲရောက်ချိန် မိုင်းသောက်အဝင် စက်လှေများ ငြိမ့်ပြီး မျောဝင်ချိန် ရွာထိပ်မှလှမ်းကြည့်လျှင် တောင်ပေါ်စေတီကို လှမ်းမြင်နိုင်သလို တောင် ပေါ်မှ မြင်ရသောရှုခင်းမှာလည်း သာယာလှပ ပေသည်။

          ရွှေမုဋ္ဌော ဆုတောင်းပြည့်ဘုရားကြီးနှင့် ဖောင်တော်ဦးဘုရားကျိန်းကျောင်းတို့ကို လည်း လမ်းဆုံနေရာတွင် လည်ပတ်နိုင်ပါ သေးသည်။ ဘုရား<ကချီရက်တွင် ရေပေါ်မှ မိုင်းသောက်ကျေးရွာအဝင် ချောင်းဝအတိုင်း စက်လှေကရဝိက် ဖောင်တော်ပေါ်မှတစ်ဆင့် ကုန်းပေါ်ကရဝိက်ယာဉ်ငယ်ပေါ် ပြောင်းလဲ

ပင့်တင်၍ ဒေသခံများ ကြိုးဆွဲ၍ ပင့်ဆောင် ပူဇော်ကြသည်။

နန်းပန်လှေဆိပ်နှင့် နန်းပန်ရွာမ စံကျောင်းတော်

          မိုင်းသောက်မှဆက်သွားလျှင် နန်းပန် လှေဆိပ်ကို ရောက်ရှိမည်။ နန်းပန်လှေဆိပ် စျေးတွင် နံနက်ပိုင်းစျေးနေ့ကို လည်ပတ်နိုင် သည်။ လှေဆိပ်မှ စက်လှေဖြင့် အနည်းငယ် သွားလိုက်လျှင် အလိုတော်ပေါက်ဘုရားနှင့် နန်းပန်ရွာမစံကျောင်းတော်တို့ကိုလည်း သွား ရောက် ဖူးမြော်နိုင်ပါသည်။

          နန်းပန်မှဆက်သွားလျှင် စံကားမြို့ ဟောင်းကို ရောက်ရှိလည်ပတ်နိုင်သည်။ စံကားမြို့ဟောင်းတွင် ရှေးဟောင်းဘုရားများ ကိုလည်း ဖူးမြော်နိုင်ပါသည်။

 

တာရိုး

          အင်းလေးကန်၏ တောင်ဘက်ပိုင်း စကား အနီး ကုန်းသာရွာမှ သန္တာကျောက်တန်း ကို သွားရောက်နိုင်သည်။ အင်းသားအခေါ် တာရိုးခေါ်သည်။  သန္တာကျောက်တန်း စတင် ဖြစ်တည်ရာနေရာပင်ဖြစ်သည်။

          စံကားမြို့ကို ကျိုင်းဟိုင်းစော်ဘွား “စဝ် ပြားစဲ” ညီတော် “စဝ်ပြားလဲ” မှ နောက်ပါ ယွန်းရှမ်းလူမျိုးများဖြင့် မြန်မာသက္ကရာဇ်  ၈၄၁ ခု၊ ခရစ်နှစ် ၁၄၇၆ ခုက လွယ်နွဲ့ဘုရားကုန်း အရှေ့မြောက်အရပ်တွင် (ပန်လုံမြို့)ဟုသတ် မှတ်ပြီး မြို့တည်ကာ အုပ်ချုပ်စိုးစံခဲ့ကြောင်း သိရသည်။ ကျိုင်းဟိုင်းကလာသည့် ယွန်းမင်း က စံကားကို စတင်အုပ်ချုပ်ချိန်မှာ မြို့၏အနောက်ဘက်ခြမ်းတွင်ရှိသည့် လယ်ကွင်း များကို ရေပေးဝေရန် တာရိုး (ခေါ်) ရေသွယ် မြောင်းဆောက်လုပ်ပြီး “လိန်လမ်”ရေထွက် ကနေ ရေသွယ်တန်းပေးခဲ့ခြင်းဖြစ်ကြောင်း စံကားစော်ဘွား၏ အဆက်အနွယ်များ ပြောပြ ချက်အရ သိရသည်။

          ၁၉၇၃ ခုနှစ်က မိုးဗြဲဆည်တည်ဆောက် လိုက်ခြင်းကြောင့် ရှမ်းစော်ဘွားများအုပ်ချုပ် လာခဲ့သည့် စံကားမြို့သည် ရေမြုပ်သွားကာ ယခုအချိန်တွင် ကျေးရွာအဖြစ်သာ ကျန်ရှိ တော့ကြောင်း သိရသည်။ တာရိုး (ခေါ်)ရေ သွယ်မြောင်းအုတ်တံတိုင်းလည်း ရေမြုပ်သွား ပြီး ပျက်စီးသွားကြောင်း သိရသည်။

          ကျောက်တိုင်ရွာမှ အိုးလုပ်ငန်းကိုလည်း သွားရောက်လေ့လာနိုင်သည်။ ညောင်ရွှေမြို့ နယ် ကျောက်တိုင်ကျေးရွာတွင် ရှမ်းတိုင်းရင်း သားအများစု နေထိုင်ကြပြီး ရှမ်းတိုင်းရင်းသား ရိုးရာအိုးလုပ်ငန်းကို ရှေးနှစ်ပေါင်းများစွာက ပင် လုပ်ကိုင်လာကြခြင်းဖြစ်သည်။

          အင်းအရှေ့ဘက်ပတ်လမ်းမှာပင် ဝက် သားကင်ကျောင်း၊ အင်းလေးဟိုတယ်ဇုန် ၊ သ လဲဦးရှေးဟောင်းဘုရားတို့လည်း ရှိကြပါ သည်။

          ှုညူန ံသမျန ဃူကဘ၊ ထပ်အိမ်ဂူ၊ ၀ိုင်ခြံ၊ မိုင်းသောက်တံတား၊ တောင်ပေါ်စေတီ၊ နန်း ပန် လှေဆိပ်၊ နန်းပန်ရွာမစံကျောင်းတော်၊ စံကားမြို့ဟောင်း၊ တာရိုးနှင့် ကျောက်တိုင် ရွာမှ အိုးလုပ်ငန်းတို့ဟူ၍ အရှေ့ဘက် ကန် ပတ်လမ်းတွင် လည်ပတ်စရာ ၁၀ နေရာကို ဖော်ပြလိုက်ပါသည်။

 

အင်းလေးကန် အနောက်ပတ်လမ်းတွင် လည်ပတ်စရာ ၁၀ နေရာ

          အင်းလေးကန် အနောက်ဘက်ခြမ်းတွင် များသောအားဖြင့် ဒေသမျိုးရင်းပန်းများဖြစ် သော ဂန္ဓမာပန်း၊ ပိန်းပန်းများ စသောပန်းပင် အများအပြား စိုက်ပျိုးထားသည်ကို မြင်တွေ့ရ သည်။ ဂန္ဓမာပန်းများကို မီးလုံးများထွန်း၍ စိုက်ပျိုးကြကာ မီးလင်းပန်းဟု ဒေသခံလမ်းပြ က ဆိုသည်။ မီးထွန်းသဖြင့် ပန်းပင်ရှင်သန်မှု ကြီးထွားနှုန်းမြန်ကြောင်း အခင်းရှင်က ဆို သည်။

           ပထမဆုံးလည်ပတ်ရမည့် နေရာတစ်ခု မှာ နန်းသဲကျောက်တော်ကြီးဖြစ်သည်။

          ကျောက်တော်ကြီးရုပ်ပွားတော် ရန် အောင် မာန်အောင် ဘုရားမှာ ညောင်ရွှေနယ် ၏ အထင်ကရ ရှေးဟောင်းအမွေအနှစ် တစ်ခု ဆိုလျှင်လည်း မမှားချေ။ ထိုကျောက်တော်ကြီး ဘုရားသွားရန် ညောင်ရွှေလှေဆိပ် ၊ ကမ်းနား လမ်းအတိုင်း တည့်တည့်သွားလိုက်လျှင် လမ်း မှားစရာ မရှိချေ။

          ထိုလမ်းအတိုင်းသွားလျှင် နန်းသဲကို ရောက်ရှိမည်။ အင်းလေးအစ နန်းသဲရွာကဟု ပင်ဆိုနိုင်သည်။ ထားဝယ်သား ငထောင်နှင့် ငနောင် ညီနောင်တို့သည် အလောင်းစည်သူ မင်းထံ ခွင့်တောင်း၍ ထားဝယ်နှင့်တူသော အင်းလေးကန်တွင် နေခဲ့ခြင်းဖြစ်သည်။ အိမ် ထောင်စု ၃၆ စု ဖြင့် နန်းသဲရွာ စတင်တည် ထောင်ရာမှ အင်းသူအင်းသားများ စတင်ဖြစ် ပေါ်လာသည်ဟူသော ဆိုရိုးရှိသည်။ ၎င်းင်းတို့ ထားဝယ်မှ ပင့်ဆောင်ပူဇော်လာသော နှစ် ကျိပ်ရှစ်ဆူဘုရားကို နန်းသဲပြင်သာကျောင်း တွင် ယနေ့တိုင် ဖူးမြော်နိုင်ပါသည်။ ထိုနန်းသဲ ပြင်သာကျောင်းသည် ကျောက်တော်ကြီးဘု ရား အနီးမှာပင်တည်ရှိသည်။ ကျောက်တော် င်းသည် ဒုတိယမြောက် ပြောင်းရွှေ့လာခြင်းဖြစ်ကာ မူလက အရှေ့ဘက်တွင် တည်ရှိကြောင်း ကျောင်းထိုင်ဆရာတော်က မိန့်သည်။

          ဖောင်တော်ဦး ဘုရားသမိုင်းစာအုပ်တွင် ဖော်ပြထားသည်မှာ သက္ကရာဇ်  ၇၂၁ ခုနှစ် ညောင်ရွှေစော်ဘွားကြီး စဝ်ဆိုင်ဖ (ဆီဆိုင် ဘွား) လက်ထက်တွင် လာရောက်အမှုထမ်း သော ထားဝယ်သား ငထောင်နှင့် ငနောင်တို့ ညီအစ်ကိုသည် နမ့်သဲရွာတွင် အစပြု၍ နေထိုင် ကြသည်ဟုဆိုသည်။ ၎င်းင်းတို့မှ အင်းသားလူ မျိုးများ ပေါက်ဖွားလာသည်ဟု ဖော်ပြထား သည်။

          ယင်းရွာတွင် မုတ်ထုတ်ကျောင်း၊ ပြင်သာ ကျောင်း၊ လယ်ပြင်ကျောင်းဟူ၍ ဘုန်းကြီး ကျောင်း သုံးကျောင်းရှိသည်။

          ထိုမှ အနောက်ဘက်ပတ်လမ်းအတိုင်း ဆက်သွားလျှင် ပေါင်းပိုင်းကို ရောက်ရှိမည်။ ပေါင်းပိုင်း တောင်ပေါ်ဘုရား နှင့် ပေါင်းပိုင်း ရွာအနီးရှိ ရေပယ်ရွာ (အင်းလေးရေတံခွန်) ကို လည်ပတ်နိုင်သည်။

          ပေါင်းပိုင်းတောင်ပေါ်ဘုရား ရှုခင်းသည် သာယာကာ တောင်ပေါ်ဘုရားသည် သီရိဓမ္မာ သောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် ပြည်လုံးချမ်းသာဘုရားဖြစ်သည်။ တောင်ပေါ်တွင် ဘုရားနှင့် ဘုန်းတော်ကြီး ကျောင်းတည်ရှိသည်။ ဘုရားအတွင်း ရှေး ဟောင်း ရုပ်ပွားတော်ကို ဖူးမြင်နိုင်သည်။

          ထိုမှတစ်ဆင့် တောင်လေးလုံးလမ်းဆုံ ဘက်အထွက်လမ်းအတိုင်း ဆက်သွားလျှင် ရေပယ်ရွာတွင် အင်းလေးရေတံခွန်ဟု ဆိုင်း ဘုတ်ပြထားသည်။ ကျေးရွာလမ်းအတိုင်း အ တော်လေး ဝင်ရပါသည်။ အင်းလေးရေတံခွန် ကို သွားရောက်လည်ပတ်ရန် လူတစ်ယောက် ၁၀၀၀ ကျပ် ဝင်ကြေးပေးရသည်။

          သို့သော် တောင်ပေါ်ရှုခင်းနှင့် တောင် ပေါ်မှ မတ်စောက်သော ရေတံခွန်တောင်ခြေ အထိ တက်ရောက်ပြီးလျှင်တော့ အမောအ ပန်း ပြေပျောက်စေနိုင်မည်ဟု ညွှန်းဆိုနိုင်ပါ သည်။ တောတောင်များကို ကျော်ဖြတ်၍ စမ်း ချောင်းရေတံခွန်လေးများဖြင့် သာယာလှပစွာ သဘာဝတရား ခံစားနိုင်ပါသည်။ အင်းလေး ရေတံခွန်တောင်ခြေရင်းတွင် မတ်စောက်စွာ စီးကျနေသော ရေတံခွန်တောင်ခြေကိုလည်း ခံစားနိုင်သည်။

          ထိုမှ အနောက်လမ်းအတိုင်း ဆက်သွား လျှင် ရေပူရွာရောက်ပါမည်။ လမ်းညာဘက် (အနောက်ဘက်) တွင် မီးငြိမ်းတောင်နှင့် လမ်း ဘယ်ဘက် (အရှေ့ဘက်) တွင် အများပြည်သူ သုံးသော ရေပူရေထွက်ကန် ရှိပါသည်။

          အင်းလေးတွင် ရေပွက်ပွက်ဆူနေသော သဘာဝရေထွက်တစ်ခု ရှိသည်ဟုဆိုလျှင် အံ့ သြသွားကြမည်ဖြစ်သည်။ ထိုမီးငြိမ်းတောင် ခြေမှ ပွက်ပွက်ဆူနေသော ရေများထွက်ရှိကာ ရေထွက်မှရေများ ရေစုကန်အတွင်း သွယ် တန်းထားခြင်းဖြစ်သည်။ ထိုရေကန်ကို အများ ပြည်သူ လွတ်လပ်စွာအသုံးပြုနိုင်ပြီး မလှမ်းမ ကမ်းတွင် အခကြေးငွေဖြင့် ရေချိုးနိုင်သော ရေပူရေချိုးခန်းများလည်းရှိသည်။ အင်းလေး ဒေသ၏ ထူးခြားသော ရေပူရေထွက် ရေကန် များဖြစ်ပါသည်။ မီးငြိမ်းတောင်ပေါ်မှ လှမ်း မျှော်ကြည့်လျှင် လှပသောအင်းလေးကန် ရှုခင်းနှင့် တရုတ်စံကားပန်းများ၏ ရနံ့တို့ကို ရှူရှိုက်မိသည်မှာ နွေနေပူပူထဲတွင် ရွှေရင် အေးမြစေပါသည်။

          အင်းလေးရောက်လျှင် လည်ပတ်လေ့ လာသင့်သော နေရာတစ်ခုမှာ မုန့်ရွာဖြစ် သည်။  အင်းလေးကန်အနောက်ဘက်လမ်း ခေါင်တိုင်စံပြကျေးရွာလမ်းအတိုင်း ဝင် ရောက်၍ မုန့်ရွာတွင် လည်ပတ်စားသောက် နိုင်သည်။ မုန့်ရွာတွင် နေအိမ်များမှ မုန့်ဖိုများ သည် ရိုးရာမုန့်လုပ်ငန်းများကို လုပ်ကိုင်ကြ ကာ ထိုမှထွက်ရှိလာသော ရိုးရာမုန့်လေးများ ကို စျေးနေ့များတွင် နေ့စဉ်လှည့်ပတ်ရောင်းချ ကြောင်း မုန့်ဖိုမှ ပိုင်ရှင်တစ်ဦးက ဆိုသည်။ အင်းသားရိုးရာ မုန့်အချိုများမှာ စားလို့ အင် မတန်ကောင်းပြီး နှစ်ခြိုက်မိပါသည်။

          ထိုမှတစ်ဆင့် မူလသက္ကရာဇ် ၁၅၉ ခုနှစ် တည်ထားသော အင်းဦးရှေးဟောင်းစေတီ တော်များကို ဝင်ရောက်ဖူးမြော်လေ့လာနိုင် သည်။ နှစ်ပေါင်း ၁၂၀၀ ကျော် သက်တမ်း ရှိသော ရှေးဟောင်းစေတီတော်များဖြစ်ကာ ရွှေရောင်တဝင်းဝင်း ဖူးမြော်နိုင်သည်။

          သန်းတောင်စျေးနှင့် သန်းတောင်ဘုရား များကိုလည်း လေ့လာနိုင်သည်။ အလောင်း စည်သူမင်းကြီးသည် အင်းလေးကန် အနောက် ကမ်း သန်းတောင်အရပ်တွင် စေတီလိုဏ်မုခ် အရပ်၌ဆင်းတုတော်ငါးဆူကို လိုဏ်သွင်း ဌာပနာခဲ့ပြီး မြတ်ပေါင်းမဥ္ဇူတစ်ဆူကို မဟာ ဂါမရွာကျောင်းဆရာတော် အရှင်အရိယ ဓဇ ဓမ္မရာသီထံ အပ်နှံခဲ့သည်ဟုဆိုသည်။ သန်း တောင်အရပ်တွင် တည်ထားသော ရတနာ ဖောင်တော်ဦးဘုရားစေတီသည် အလောင်း စည်သူ (ခ) နရပတိစည်သူမင်းကြီး နေပြည် တော်မှ ထွက်တော်မူပြီး မည်သည့်နေရာတွင်မှ ဘုရားစေတီမတည်မီ ပထမရှေးဦးစွာတည် သော ဘုရားစေတီ ဖြစ်လေသည်။

          ထို့ပြင် အနောက်ဘက်ကန်ပတ်လမ်း အဆုံးတွင် ရွှေအင်းတိန်ဘုရားစေတီတော်များ တည်ရှိသည်။ အင်းလေး ဖောင်တော်ဦး ရုပ် ရှင်တော်မြတ်များ ဒေသစာရီ<ကချီအပူဇော် ခံခြင်းပွဲတော် ပထမရက်၌  အင်းတိန်စံကျောင်း တော်သို့<ကချီခြင်းဖြစ်သည်။ အင်းတိန်ဘုရား များသည် မွေတော်ကက္ကူဘုရားများပြီးလျှင် အများဆုံးတည်ရှိသော ရှေးဟောင်းစေတီ တော်များလည်းဖြစ်သည်။

          နန်းသဲကျောက်တော်ကြီးဘုရား၊ ပေါင်း ပိုင်းတောင်ပေါ်ဘုရားနှင့် အင်းလေးရေတံ ခွန်၊ ခေါင်တိုင်မုန့်ရွာ၊ ရေပူရွာမှ မီးငြိမ်းတောင် နှင့် ရေပူရေချိုးကန်၊ အင်းဦးရှေးဟောင်းစေ တီတော်များ၊ သန်းတောင်စျေးနှင့် သန်း တောင်ဘုရား၊ အင်းတိန်ဘုရားများဟူ၍ အနောက်ဘက်ပတ်လမ်းတွင် လည်ပတ်စရာ ၁၀ နေရာကို ဖော်ပြလိုက်ပါသည်။

 

အင်းလေးကန် လည်ပတ်စရာ

          အင်းလေးကန်ရောက်တိုင်း အဓိက မသွား မဖြစ်နေရာမှာ အင်းလေးနမ့်ဟူး ဖောင်တော် ဦး ရတနာစံကျောင်းတော်ဖြစ်ပါသည်။

          ပြီးနောက် ဆုတောင်းပြည့်တန်ခိုးကြီး သော အင်းလေး အလိုတော်ပေါက်ဘုရားကို လည်ပတ်ဖူးမြင်နိုင်သည်။

          ငါးဖယ်ချောင်း ရှေးဟောင်းကျောင်း တော်ကြီးမှာ မန္တလေးနန်းတော် မတည်မီကပင် တည်ဆောက်ထားသော ကျောင်းတော်ကြီး ဖြစ်ကြောင်း မှတ်တမ်းအရ သိရသည်။ ယခင် က ကြောင်လေးများ မွေးထားသဖြင့် ကြောင် ခုန်ကျောင်းဟုလည်း လူသိများပါသည်။ ထို ကျောင်းတွင် ရှေးဟောင်းအမွေအနှစ်လက် ရာများ ဖြစ်သော သစ်သားကျောင်းဆောင်များ နှင့် ဆင်းတုတော်၊ ရုပ်ပွားတော်များကို တစ် နေရာတည်း လေ့လာနိုင်ပါသည်။

          ဟဲယာရွာမတွင် အင်းသားလူမျိုးတို့၏ ရိုးရာလက်မှုလုပ်ငန်းများကို လေ့လာနိုင်ပါ သည်။ ထို့ပြင် ရွာမတွင် ရေပေါ်စျေးလည်း ရှိသဖြင့် အင်းလေးရေပေါ်စျေးကို လည်ပတ် နိုင်သည်။

          အင်းပေါခုံရွာတွင် ရက်ကန်းရုံများကို လည်ပတ်လေ့လာနိုင်သည်။ အင်းပေါခုံရွာ သည် လွတ်လပ်ရေးမရမီကပင် ရက်ကန်းလုပ် ကိုင်သူများရှိပြီး ပိုးထည်လုပ်ငန်းဖြင့် နာမည် ကျော်ကြားသည်။

          ဟဲယာရွာမဆိုသည်မှာ ဟိုင်း = ဖြတ်သည်၊ ယ=ကိုင်းတော၊ အဓိပ္ပာယ်မှာ ကိုင်းတောကြီး များကို ကိုက်ဖြတ်ရှင်းလင်း၍ ရွာတည်ယူ ရသည်ဟု ဆိုသည်။ အချို့က ဟိုင်း-စခန်း၊ ယ-ဆေး၊ အဓိပ္ပာယ်မှာ ဆေးစခန်းဟုဆို သည်။ ဟဲယာရွာမ ရွာတည်သည့်ခုနှစ်မှာ သက္ကရာဇ် ၈၇၂ ဖြစ်သည်။

          အင်းလေးကန်တွင် အင်းလေးနမ့်ဟူး ဖောင်တောဦးရတနာစံကျောင်းတော်၊ အလို တော်ပေါက်ကျောင်း၊ နန်းပန်ဘုရားကျိန်း ကျောင်း၊ ငါးဖယ်ချောင်း၊ အင်းပေါခုံနှင့် ဟဲ ယာရွာမစသော ခြောက်နေရာတို့ကို လည် ပတ်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

          အင်းလေးကန် ရေပေါ်ကျေးရွာ ခြောက် နေရာ၊ ညောင်ရွှေမြို့ပေါ် ၁၀ နေရာ၊ အင်း လေးကန် အရှေ့ပတ်လမ်း ၁၀ နေရာနှင့် အင်း လေးကန် အနောက်ပတ်လမ်း ၁၀ နေရာဟူ၍ စုစုပေါင်း ၃၆ နေရာကို မှတ်တမ်းတင်ဖော်ပြ လိုက်ပါသည်။

          ညောင်ရွှေကိုရောက်လျှင် မဖြစ်မနေ လည်ပတ်သင့်သော အထက်ဖော်ပြပါ လည် ပတ်စရာ နေရာများကို ယခုခရီးသွားဆောင်း ပါးဖြင့် မှတ်တမ်းတင်လိုက်ပါသည်။

 

 

 

 

 

   

Most Read

Most Recent