အဝလွန်သူ များပြားလာသော ယနေ့ကမ္ဘာ

အဝလွန်သူ များပြားလာသော ယနေ့ကမ္ဘာ
Published 4 March 2024

ကမ္ဘာတစ်ဝန်းရှိ လူသန်းတစ်ထောင်ကျော်သည် အဝလွန်ခြင်းကို ယခုအခါ ကြုံတွေ့နေရသည်။၁၉၉၀ ပြည့်နှစ်ကတည်းက အဝလွန်သူအရေအတွက်သည် လေးဆကျော်မြင့်လာခြင်းဖြစ်သည်ဟု လန်း ဆက်ဆေးပညာဂျာနယ်တွင် ဖော်ပြထားသော လေ့လာချက်က ဆိုပါသည်။

ကူးစက်ရောဂါသည် ပိုဆင်းရဲသော နိုင်ငံများကို အထူးသဖြင့် ထိခိုက်ခဲ့သည်။ အဝလွန်နှုန်းသည် လူကြီးများထက် ကလေးများနှင့် မြီှးကောင်ပေါက်အရွယ်များတွင် ပိုမိုများပြားလာသည်ဟု ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့က လုပ်ဆောင်ခဲ့သော လေ့လာချက်အရ သိရသည်။

၁၉၉၀ ပြည့်နှစ်တွင် အဝလွန်သော လူကြီး၊မြီှးကောင်ပေါက်၊ ကလေးအရေအတွက်သည် ၂၂၆ သန်းရှိခဲ့သည်ဟု မတ် ၄ ရက် ကမ္ဘာ့အဝလွန်သူများ နေ့မတိုင်မီ ထုတ်ပြန်သော လေ့လာချက်၌  ခန့်မှန်း ထားသည်။ ထိုအရေအတွက်သည် ၂၀၂၂ ခုနှစ်တွင် ၁,၀၃၈ ဘီလျံအထိ မြင့်တက်လာသည်။ 

အဝလွန်သူ သန်းထောင်တစ်ကျော် မြင့်တက်လာခြင်းသည် မိမိတို့ခန့်မှန်းထားသည်ထက် ပိုမိုလွယ်ကူစွာ များပြားလာသော အရေအတွက်ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ကျန်းမာရေးအတွက် အာဟာရ ဒါရိုက်တာဖရန် ဆက်စကိုဘရန်ကာက ပြောကြားခဲ့သည်။

ဆရာဝန်များသည် အဝလွန်သူ အရေအတွက် လျင်မြန်စွာ တိုးလာနေသည်ကို သိနေကြသည်ဆိုသော်လည်း သန်းတစ်ထောင်ကျော်ဆိုသော်အရေအတွက်ကို ၂၀၃၀ ပြည့်နှစ်လောက်တွင် ရောက်လာမည်ဟု ယခင်တုန်းက ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။

သုတေသနပညာရှင်များသည် ခန့်မှန်းအရေအတွက်ကို သိရှိရန် နိုင်ငံ ၁၉၀ ကျော်၌ လူသန်း ၂၂၀ ကျော်၏ ကိုယ်အလေးချိန်နှင့် အရပ်အမြင့် တိုင်းတာမှုများကို လေ့လာဆန်းစစ်ခဲ့သည်ဟု လန်းဆက်ဂျာနယ်က ဆိုပါသည်။

 အရွယ်ရောက်အမျိုးသမီး ၅၀၄ သန်း နှင့် အရွယ်ရောက် အမျိုး သား ၃၇၄ သန်းတို့ရှိသည်၂၀၂၂ ခုနှစ်တွင် အဝလွန်နေကြသည်ဟု သုတေသီများက ခန့်မှန်းခဲ့သည်။  ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း အဝလွန်နှုန်းသည် အမျိုးသားများအတွက် သုံးဆနီးပါး(၁၄ ရာခိုင်နှုန်း) တိုးလာပြီး အမျိုးသမီးများအတွက် နှစ်ဆနီးပါး(၁၈  ဒသမ ၅ ရာခိုင်နှုန်း) တိုးလာသည်ဟု လေ့လာချက်တွင် ဖော်ပြထားသည်။

အဝလွန် ကလေးများနှင့် မြီှးကောင်ပေါက် ၁၅၉ သန်းခန့်သည် ၂၀၂၂ ခုနှစ်တွင် အဝလွန်သူများ အဖြစ်နေထိုင်လျက်ရှိကြပြီး ထိုအရေအတွက်သည် ၁၉၉၀ ပြည့်နှစ်တွင်ရှိခဲ့သည့် ၃၁ သန်းခန့်မှ မြင့် တက်လာခြင်းဖြစ်သည်။

နာတာရှည်ရောဂါများနှင့်ဆင့်ပွားရောဂါများသည် နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါတစ်မျိုးမျိုးတို့ဖြင့် သေဆုံးမှု အန္တရာယ် မြင့်တက်စေခြင်းနှင့် ဆက်စပ်လျက်ရှိသည်။ အဝလွန်ခြင်းသည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါဖြစ်ပွားနေသော ကာလတွင် သေဆုံးမှု အန္တရာယ်ကို မြင့်တက်စေခဲ့သည်။

ပိုလီနီးရှား၊ မိုက်ခရိုနီးရှား၊ ကာရီဘီယံ၊အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကတို့က နိုင်ငံများသည် အဝလွန်သူ အရေအတွက် ပိုများလာကြသည်။

“အဲဒီနိုင်ငံတွေဟာ ဝင်ငွေမြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေ အထူးသဖြင့် ဥရောပနိုင်ငံတွေထက် အဝလွန်နှုန်း ပိုမြင့်နေပါတယ်”ဟု လေ့လာချက်တွင် ဆက်လက်ဖော်ပြထားသည်။

“အရင်တုန်းကတော့ အဝလွန်တာဟာ ချမ်းသာသူတွေရဲ့ပြဿနာလို့ ကျွန်တော်တို့ ထင်ထားတာပါ။ အခုတော့ အဝလွန်တာဟာ ကမ္ဘာ့ပြဿနာဖြစ်နေပါပြီ”ဟု ဘရန်ကာက ပြောကြားခဲ့သည်။ ဝင်ငွေနည်း နိုင်ငံများနှင့်ဝင်ငွေ အလယ်အလတ်နိုင်ငံများတွင် လူနေမှုပုံစံ လျင်လျင်မြန်မြန်ပြောင်းလဲနေခြင်းများကြောင့် ယင်းနိုင်ငံများတွင် အဝလွန် သူတိုးလာခြင်းဖြစ်သည်ဟု ဘရန်ကာက ပြောကြားခဲ့သည်။

“အစားအသောက်စနစ်တွေ အလွန်မြန်ဆန်စွာ ပြောင်းလဲနေတာဟာ ပိုကောင်းဖို့အတွက်မဟုတ်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

အဝလွန်ခြင်းသည် ပြင်သစ်နှင့် စပိန်တို့လို ဥရောပတောင်ပိုင်းနိုင်ငံ အချို့တွင် အထူးသဖြင့် အမျိုးသမီး များအတွက် အတက်အကျမရှိဟူသော လက္ခဏာများရှိနေကြောင်း လေ့လာချက်ကို ဦးဆောင်ပြုစုသည့်  မာဂျစ်အက်ဇာတီက ပြောသည်။ သူသည် အင်ပါယာကောလိပ် လန်ဒန်က သုတေသီတစ်ဦးဖြစ်သည်။

ကိုယ်အလေးချိန် လျော့ကျခြင်း ဆိုသည်ထက် နိုင်ငံအများအပြားတွင် လူများသည် အဝလွန်ခြင်းကို ခံစားနေရသည်ဟု ၎င်းက ပြောကြားသည်။  ကိုယ်အလေးချိန်ပိုနည်းသူ အရေအတွက်သည် ၁၉၉၀ ပြည့် နှစ်ကလည်းကျဆင်းသွားခဲ့သည်ဟု ဆိုသည်။အစားအစာကို အလုံအလောက်မစားခြင်းသည် ကိုယ်အ လေးချိန် လျော့ကျရခြင်း၏အဓိက အကြောင်းရင်းဖြစ်ပြီး အစားအသောက်သောင်းကျန်းခြင်းသည် အ ဝလွန်ခြင်း၏ အကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။                 Ref:AFP

Most Read

Most Recent