ချယ်ရီပန်းများ လှိုင်လှိုင်ပွင့်နေသော တိုကျို

ချယ်ရီပန်းများ လှိုင်လှိုင်ပွင့်နေသော တိုကျို
Photo - AFP
Photo - AFP
Published 7 April 2024

ကမ္ဘာလှည့်ခရီးသွားများနှင့်မြို့ ခံများသည် အေးသော မိုးလေဝသ အခြေအနေကြောင့် ယခုနှစ်တွင် ဂျပန်မြို့တော်တိုကျို၌ ခါတိုင်းထက် နောက်ကျမှ ပွင့်သော ချယ်ရီပန်းများကို ကြည့်ရန် ဧပြီ ၄ ရက်တွင် ချယ်ရီ ပန်း လှိုင်လှိုင်ပွင့်သည့်နေရာများကို ရောက်လာကြသည်။ ထို့ကြောင့် တိုကျိုမြို့၌ ချယ်ရီပန်းပွင့်သော နေရာများသည် လူများပြည့်ကျပ်နေသော နေရာများဖြစ်သည်။

ဂျပန်တွင် ဆာကူရာဟုခေါ်   သောပန်းရောင်နှင့်အဖြူရောင် ချယ်ရီပန်းများပြည့်နေသည့် လှပသော သစ်ကိုင်းမည်းမည်းများသည် ဧကရာဇ်နန်းတော်၏ကျုံးများပေါ် ဖြာကျနေသည်။ လူများသည် ထိုနေရာတွင် ဓာတ်ပုံရိုက်ကြသည်။ လှပသောမြင်ကွင်းကို ခံစားကြသည်။

“ချယ်ရီပွင့်တွေဟာ သင်္ကေတ ဆန်လွန်းပါတယ်။ ဘေးပတ်ပတ်လည်က အရာအားလုံးကို လှပစေ ပါတယ်။ကြည်နူးစေပါတယ်”ဟု အ သက် ၆၈ နှစ်အရွယ်ရှိ မီချီတာကာဆိုင်တိုက အေအက်ဖ်ပီကို ပြော ကြားခဲ့သည်။

“ဒီနှစ်မှာ ရှေ့လျှောက် ကျွန်တော်ဟာ အစကောင်းမယ်လို့ ခံစားရပါတယ်”ဟု ဆိုင်တိုက ပြောသည်။ ဆိုင်တိုသည် တိုကျိုမြို့လယ်ရှိ ကျုံးဘေးက ချီဒိုရီဂါဖူချီ ပန်းခြံသို့ နှစ်စဉ် လာရောက်ခဲ့သူဖြစ်သည်။

ဆာကူရာ ပန်းများပွင့်သော ရာသီသည် ထုံးစံအားဖြင့် ဂျပန်နိုင်ငံတွင် ဘဏ္ဍာရေးနှစ်သစ် အစနှင့် တွဲစပ်လျက်ရှိရာ ယင်းသည် လတ်ဆတ်သော အစပြုမှုလည်းဖြစ်ပြီး ဘဝ၏ တဒင်္ဂ မမြဲမှုကိုလည်းကိုယ် စားပြုလျက်ရှိသည်။

ခင်ပွန်းသည် ဆာဒါအိုနှင့်အတူ ချယ်ရီပန်းများကို ကြည့်ရခြင်းသည် ကျန်းမာစေပြီး အတိတ်နိမိတ် ကောင်းသော အချိန်ကာလကို ဖြစ်ပေါ်စေသည်ဟု အသက် ၇၅ နှစ်အရွယ် အီကိုဟီရိုဆီက ပြောသည်။

“ကျွန်မတို့ကတော့ နောက်နှစ်မှာလည်း ချယ်ရီပန်းတွေကို မြင်ရဦးမယ်လို့ ယူဆပါတယ်။ ဒါပေမဲ့ အဲဒါကို ဘယ်လိုအတတ်သိနိုင်မှာလဲ။ တစ်ခုခု ဖြစ်သွားနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ဂျပန်၏ အတွေ့ရအများဆုံး နှင့် လူသိအများဆုံးသော “ဆိုမေးယို ရှီနို”ချယ်ရီပင်မျိုးစုံသည် တိုကျိုတွင် ပွင့်နေကျအချိန်ထက် လေးရက်နောက်ကျပြီး ဝေဝေဆာဆာပွင့်နေသည်ဟု ဧပြီ ၄ ရက်တွင် ဂျပန်မိုးလေ ဝသအေဂျင်စီက ကြေညာခဲ့သည်။

ယခုနှစ်၏ အေးသော မိုးလေဝသကြောင့် ချယ်ရီပန်းများ ပွင့်ချိန်နောက်ကျသည်ဟု မိုးလေဝသအေ ဂျင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ရာသီဥတုပြောင်းလဲမှုက ရေရှည်တွင် ချယ်ရီပန်းများကို စောစော ပွင့်လာစေလိမ့်မည်ဟု ဆိုသည်။

လွန်ခဲ့သောနှစ်တွင် ချယ်ရီပန်းများသည် မတ် ၁၄ ရက်တွင်ပွင့်ခဲ့ သည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်သည် ၂၀၂၀ ပြည့်နှစ်၊ ၂၀၂၁ ခုနှစ်တို့နှင့်အတူ ချယ်ရီပန်းအစောဆုံးပွင့်သော နှစ်တွင် ပူးတွဲပါဝင်ခဲ့သည်။ ၂၀၂ ၄ ခုနှစ်တွင် ချယ်ရီပန်းများသည် မတ် ၂၂ ရက်တွင် ပွင့်သည်။

“၁၉၅၃ ကတည်းက ဂျပန်မှာ ချယ်ရီပန်းတွေ ပျမ်းမျှ စပွင့်တဲ့ရက်ဟာ ၁၀ နှစ်ကိုခန့်မှန်းခြေအားဖြင့် ၁ ဒသမ ၂ ရက်နှုန်း စောနေပါတယ်”ဟု ဂျပန်မိုးလေဝသအေဂျင်စီက ဖော်ပြခဲ့သည်။

“အပူချိန်တွေ ရေရှည်မြင့်တက်လာတာဟာ စဉ်းစားစရာ အချက်တစ်ချက်ဖြစ်ရုံသာမ မြို့ပြအပူရှိန် က ကျွန်းကိုသက်ရောက်တဲ့ အခြားဟာတွေဟာလည်း စဉ်းစားရမယ့် အချက်တွေဖြစ်ပါတယ်”ဟု ထုတ် ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ဂျပန်နိုင်ငံတွင် ခရီးသွားလုပ်ငန်းသည် ကပ်ရောဂါကျရောက်ချိန်၌ နယ်စပ်များပိတ်ထားခဲ့ပြီး နောက်ပိုင်း ပိုမိုအားကောင်းလာခဲ့ပြီး နိုင်ငံတကာခရီးသွားများသည် ဧပြီ ၄ ရက်တွင် ချယ်ရီပန်းများ ပွင့်နေပုံကို ကြည့်ရှုခဲ့ကြသည်။

နယူးယောက်မြို့မှလာသည့် အသက် ၃၅ နှစ်အရွယ် ကာမီလာကီ ဘိုးစကီးသည် ချယ်ရီပန်းပွင့်ချိန် ဂျပန်နိုင်ငံကို တတိယအကြိမ်လာရန် စီစဉ်ထားခဲ့သည်။

“ကျွန်မတို့ မတ် ၂၃ ရက်က ဒီကို ရောက်ခဲ့ပြီးပါပြီ။ ကျွန်မပျော်နေ ပါတယ်။ ကျွန်မတို့ဟာ လေဆိပ်က နေ ဒီပန်းခြံကို တန်းပြီးလာခဲ့တာဖြစ်ပါတယ်။ ကျွန်မဟာ ဆာကူရာပန်းတွေကို မကြည့်ဘဲမနေနိုင်ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

“ဒါပေမဲ့ တော်တော် အေးနေပါတယ်။ အပင်တိုင်း ပွင့်နေတာမဟုတ်ပါဘူး။ နည်းနည်းတော့ စိတ် မကောင်းပါဘူး။ ကျွန်မ မပြန်မီ ချယ်ရီတွေ လှိုင်လှိုင်ပွင့်တာကို မြင်ရမယ်လို့ မျှော်လင့်ပါတယ်”ဟု ကာမီ လာကီဘိုးစကီးက ပြောသည်။

“မျှော်မှန်းထားတဲ့အတိုင်း သေသေချာချာ ဖြစ်လာခဲ့ပါတယ်။ မြင်ကွင်းက အလွန်လှပါတယ်။ အလွန်  ကြည်နူးစရာကောင်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ကန်ဆိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ ကတ်ဆူဟီရို မီယာမိုတိုက ဂျပန်တွင် ချယ်ရီပွင့် သောရာသီ၏စီးပွားရေးအပေါ် သက်ရောက်မှုကိုခန့်မှန်းခဲ့သည်။ ယခုနှစ်တွင် ချယ်ရီပန်းလာကြည့် သူများကြောင့် ဂျပန်သည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလျံရမည်ဟု မှန်းထားသည်။                   Ref:AFP

Most Read

Most Recent