ဟေတီအကျပ်အတည်း ပြီးဆုံးသွားစေရေးအတွက် ကာရီဘီယံဒေသဆိုင်ရာအဖွဲ့၏ တွန်းအားပေးမှုကြောင့် ရာထူးမှနုတ်ထွက်ရန် ဟေတီဝန်ကြီးချုပ် သဘောတူ

ဟေတီအကျပ်အတည်း ပြီးဆုံးသွားစေရေးအတွက် ကာရီဘီယံဒေသဆိုင်ရာအဖွဲ့၏ တွန်းအားပေးမှုကြောင့် ရာထူးမှနုတ်ထွက်ရန် ဟေတီဝန်ကြီးချုပ် သဘောတူ
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ပို့အော်ပရင့်မြို့၌ ဟေတီအစိုးရအဖွဲ့သစ်အကြောင်း အေရီရယ်ဟင်နရီ ရှင်းလင်းပြောကြားနေပုံကို တွေ့ရစဉ်(Photo: AFP)
၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၄ ရက်က ပို့အော်ပရင့်မြို့၌ ဟေတီအစိုးရအဖွဲ့သစ်အကြောင်း အေရီရယ်ဟင်နရီ ရှင်းလင်းပြောကြားနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 12 March 2024

အပြည်ပြည်ဆိုင်ရာ ကြားဝင်လာစေရေးအတွက် အပြောင်းအလဲလုပ်ဆောင်ရန် ဒေသတွင်းနိုင်ငံများ၏တွန်းအားပေးမှုကို လက်ခံခဲ့သော ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီသည် ရာထူးမှ နုတ်ထွက်ရန် မတ် ၁၁ ရက်ညပိုင်းတွင် သဘောတူခဲ့သည်။

ကာရီဘီယံနိုင်ငံများသည် ဂျာမေကာနိုင်ငံတွင် ကျင်းပခဲ့သော အရေးပေါ်အစည်းအဝေးတွင် အေရီရယ်ဟင်နရီ နုတ်ထွက်ရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကင်တက်ရောက်ခဲ့ပြီး ကင်ညာက ဦးဆောင်မည့် လုံခြုံရေးတပ်ဖွဲ့အတွက် နောက်ထပ်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။

ပို့အော်ပရင့်၏ နေရာအများအပြားကိုလည်းကောင်း၊ ဟေတီ၏အခြားဒေသများသို့ သွားသော ကားလမ်းများကိုလည်းကောင်း ထိန်းချုပ်ထားသော ပြစ်မှုကျူးလွန်နေသည့် အုပ်စုများသည် ဟေတီဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖယ်ရှားရန် လွန်ခဲ့သော ရက်ပိုင်းတွင် အကြမ်းဖက်မှုများကျူးလွန်ခဲ့ကြသည်။

ဆင်းရဲသော ကျွန်းနိုင်ငံ ဟေတီ၏မြို့ တော်ပို့အော်ပရင့်တွင် လူဆိုးဂိုဏ်းအကြမ်း ဖက်မှုများဖြစ်ပွားလျက်ရှိပြီးလွန်ခဲ့သော သီတင်းပတ်ကုန်နှစ်ရက်တွင် ပြည်ပသံတမန်များ ထွက်ပြေးခဲ့ရသောကြောင့်နိုင်ငံကြီးများက သံတမန်များသည် ဟေတီ၌ ဆိုးရွားလာနေသော အခြေအနေကို ကိုင်တွယ်ဖြေ ရှင်းရန်မတ် ၁၁ ရက်တွင် ဂျာမေကာနိုင်ငံ၌ တွေ့ဆုံခဲ့ကြသည်။

ကာရီဘီယံ နိုင်ငံများ၏ မဟာမိတ်အဖွဲ့ဖြစ်သော ကာရီကွန်းသည် ဟေတီ၌ဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ ဟေတီကို အကူအညီများပေးမည့်နည်းလမ်းများကို ဆွေးနွေးရန် အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ကနေဒါ၊ ကုလသမဂ္ဂတို့က သံတမန်များကို ဂျာမေကာနိုင်ငံတွင် ပြုလုပ်သည့် အစည်းအဝေးကို တက်ရောက်ခဲ့ကြသည်။

“ကျွန်တော် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ ဒီအခြေအနေကို အလေးမထားဘဲနေလို့ မရပါဘူး။ ကျွန်တော် အမြဲတမ်းပြောနေကျအတိုင်း စွန့်လွှတ်အနစ်နာခံမှုမရှိတာဟာ ကျွန်တော်တို့ရဲ့အမိနိုင်ငံဟေတီအတွက် သိပ်ကောင်းလွန်းပါတယ်”ဟု အွန်လိုင်းတွင် တင်ခဲ့သည့် နုတ်ထွက်မိန့်ခွန်းတွင် ဟင်နရီက ဖော်ပြခဲ့သည်။

လူဆိုးဂိုဏ်းခေါင်းဆောင်များက ဟင်နရီ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ အသွင်ကူးပြောင်းရေးဆိုင်ရာ ပုဂ္ဂိုလ်ဟု မိမိကိုယ်ကိုယ် ပြောကြားနေသော အေရီရယ် ဟင်နရီသည် ၂၀၂၁ ခုနှစ်တွင် ဟေတီသမ္မတ လုပ်ကြံခံရကတည်းက အာဏာရလာသူဖြစ်သည်။ ဟေတီသည် ၂၀၁၆ ခုနှစ်ကတည်းက ရွေးကောက်ပွဲ ကျင်းပခြင်းမရှိခဲ့ပေ။

အသွင်ကူးပြောင်းရေးဆိုင်ရာ အာဏာပိုင်အဖွဲ့အသစ် အစားဝင်လာသည်နှင့်တစ်ပြိုင်တည်း ဟင်နရီသည် ရာထူးမှ ထွက်ခွာလိမ့်မည်ဟု ကာရီဘီယံဒေသဆိုင်ရာအဖွဲ့ ကာရီကွန်ကို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော ဂိုုင်ယာနာသမ္မတ အားဖန်အလီက ကြေညာခဲ့သည်။ သံတမန်ကိစ္စများကို တစ်ပတ်ကြာ လုပ်ဆောင်ခဲ့ပြီးနောက် ဂိုင်ယာနာ သမ္မတက အထက်ပါအတိုင်းကြေညာလိုက်ခြင်းဖြစ်သည်။

အလီက ဟင်နရီကို ချီးကျူးဂုဏ်ပြုခဲ့ပြီး  ဟင်နရီ၏ဆောင်ရွက်မှုများ၊ စကားများ၊ တစ်ကိုယ်ကောင်းမဆန်သော ရည်ရွယ်ချက်တို့ကို အာမခံသည်ဟု ပြောကြားခဲ့သည်။ ဟင်နရီသည် ပွာတိုရီကိုတွင် သောင်တင်လျက် ရှိသည်။                                     

Ref: AFP

Most Read

Most Recent