တရုတ်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်ကာကွယ်သည့်အနေဖြင့် ထိုင်ဝမ်က ရေတပ်စစ်သင်္ဘောသစ်နှစ်စင်းကို တပ်တော်ဝင်

တရုတ်၏ ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်ကာကွယ်သည့်အနေဖြင့် ထိုင်ဝမ်က ရေတပ်စစ်သင်္ဘောသစ်နှစ်စင်းကို တပ်တော်ဝင်
■ ပုံစာ - မတ်လ ၂၆ ရက်က ထိုင်ဝမ်မြောက်ပိုင်း ဆူအော်ဆိပ်ကမ်း၌ ရေတပ်စစ်သင်္ဘောနှစ်စင်း တပ်တော်ဝင်အခမ်းအနားကို သမ္မတဆိုင်အင်းဝမ် ကြည့်ရှုစစ်ဆေးနေစဉ် - Photo: AP
■ ပုံစာ - မတ်လ ၂၆ ရက်က ထိုင်ဝမ်မြောက်ပိုင်း ဆူအော်ဆိပ်ကမ်း၌ ရေတပ်စစ်သင်္ဘောနှစ်စင်း တပ်တော်ဝင်အခမ်းအနားကို သမ္မတဆိုင်အင်းဝမ် ကြည့်ရှုစစ်ဆေးနေစဉ် - Photo: AP
Published 29 March 2024
Ref: AP

 ထိုင်ဝမ်ကျွန်း အနီးတစ်ဝိုက်တွင် တရုတ် ရေတပ်နှင့် လေတပ်က မစ်ရှင်များ တိုးမြှင့်လုပ် ဆောင်လျက်ရှိရာ ယင်းသို့ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို တန်ပြန်ကာကွယ်သည့် အနေဖြင့် ထိုင်ဝမ်က ရေတပ်သင်္ဘောသစ် နှစ်စင်းကို တပ်တော်ဝင်ခဲ့သည်။

ရေဒါရှောင်ကွင်းနိုင်သည့် ပြည်တွင်း ထုတ် စစ်သင်္ဘောခြောက်စင်းအနက် ပထမ အသုတ်ဖြစ်သည့် ‘ထော်ကျန်’ အတန်းစား  ကော်ဗက်စစ်ရေယာဉ် နှစ်စင်းကို အပြီးသတ် လွှဲပြောင်းရရှိခဲ့ခြင်းဖြစ်သည်။

ယင်းသင်္ဘောများသည် အရွယ်အစား အတော်အတန်သေးငယ်ပြီး ရေတပ်အမှုထမ်း နှင့် အရာရှိ ၄၁ ဦးကို တင်ဆောင်နိုင်ကာ ပေါ့ပါးမြန်ဆန်ပြီး လှုပ်ရှားစစ်ဆင်နိုင်စွမ်းမြင့် မားသကဲ့သို့ အရွယ်အစားပိုကြီးသော တရုတ် စစ်သင်္ဘောများနှင့် ဒုံးလက်နက်နည်းပညာ ကို တန်ပြန်ရန် ရည်ရွယ်လျက် ဒုံးကျည်အမျိုး မျိုးနှင့် သင်္ဘောကုန်းပတ်ပေါ်$ တပ်ဆင် ထားသည့် အမြောက်များပါဝင်သည်။

မတ်လ ၂၆ ရက်က ထိုင်ဝမ်အရှေ့ မြောက်ပိုင်း ရိလန်ဒေသရှိ ဆူအော် ဆိပ်ကမ်း $ အဆိုပါစစ်သင်္ဘောများအား တပ်တော်ဝင် သည့် အခမ်းအနားကို သမ္မတဆိုင်အင်းဝမ်က ကြီးကြပ်ခဲ့ပြီး အဓိကမဟာမိတ် အမေရိကန် ထံမှ စစ်လက်နက်များ ဝယ်ယူခြင်းနှင့် အ ထောက်အပံ့များ ရရှိခြင်းနှင့်အတူ ထိုင်ဝမ်၏ စစ်လက်နက်ထုတ်လုပ်သည့် လုပ်ငန်းများကို အားသစ်လောင်းရန် အရှိန်မြှင့်လုပ်ဆောင် နေပုံကို ဆိုင်က အလေးအနက်ပြောကြားခဲ့ သည်။

ထို့အတူ ဆိုင်သည် အမောင်းသင်ဂျက် လေယာဉ်များနှင့် ပထမဆုံးပြည်တွင်းထုတ် ရေငုပ်သင်္ဘောများ တည်ဆောက်ရေးအ တွက် အရှိန်မြှင့်လုပ်ဆောင်ခဲ့ပြီး တစ်ခါတစ် ရံတွင် အတိုက်အခံ အမျိုးသားရေးပါတီ (ကူမင်တန်)မှ လွှတ်တော်အမတ်များ ကန့် ကွက်နေသည့်ကြားမှပင် စစ်လက်နက်ပစ္စည်း များ ဝယ်ယူရန် ဘတ်ဂျက်ရေးဆွဲအတည်ပြု ခြင်းကို မရမကလုပ်ဆောင်ခဲ့သည်။ ကူမင် တန်ပါတီသည် တစ်ချိန်တွင် တရုတ်ပြည်မနှင့် ပေါင်းစည်းရေးကို လိုလားသည်။

ကူမင်တန်ပါတီမှ နောက်ဆုံးထိုင်ဝမ်သ မ္မတဖြစ်သည့် မာရင်ကျိုးသည် လာမည့်ဧပြီလ တွင် တရုတ်သို့သွားရောက်ရန် စီစဉ်နေပြီး တရုတ်သမ္မတနှင့် ကွန်မြူနစ်ပါတီခေါင်း ဆောင် ရှီကျင်းပင်နှင့် တွေ့ဆုံရန် စီစဉ်ထား သည်ဟု သတင်းထွက်ပေါ်နေသည်။

ထိုင်ဝမ်ကျွန်းကို ၁၆၀၀ ပြည့်လွန်နှစ်များ တွင် တရုတ်က ကိုလိုနီပြုသိမ်းယူခဲ့ပြီး နောက် ပိုင်းတွင် ဂျပန်က ထိန်းချုပ်ထားခဲ့ကာ ဒုတိယ ကမ္ဘာစစ်အပြီးတွင် တရုတ်လက်အောက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ် ပြီးဆုံးပြီးနောက် တ ရုတ်နှင့် ထိုင်ဝမ်တို့ သီးခြားစီပြန်ကွဲထွက်သွား ခဲ့သည်။

လက်ရှိသမ္မတ ရှီကျင်းပင်လက်ထက် တွင် ပစိဖိတ်ဒေသ၊ တောင်တရုတ်ပင်လယ် နှင့် အိန္ဒိယနှင့် နယ်စပ်တစ်လျှောက်ရှိ ပိုင် နက်အငြင်းပွား ဒေသများတွင် တရုတ်က၎င်းင်း  တို့ ပိုင်ဆိုင်သည်ဟု အတိအလင်း ကြေညာ ထားမှုများကို ပိုမိုခိုင်မာစေရန် ရည်ရွယ်လျက် စစ်အင်အား တိုးချဲ့တည်ဆောက်နေသည်။

ကမ္ဘာ့အင်အားအကြီးဆုံး အမြဲတမ်းစစ် တပ်နှင့် အကြီးဆုံးရေတပ်ကို ပိုင်ဆိုင်သည်ဟု ဂုဏ်ယူဝင့်ကြွားလေ့ရှိသည့် တရုတ်သည် အမေရိကန်ပြည်ထောင်စုပြီးလျှင် ကမ္ဘာပေါ်၌  စစ်ရေးအသုံးစရိတ် ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်သည်။

 

 

 

Most Recent