အီရတ်နိုင်ငံတွင် အီရန်လိုလားသည့် လက်နက်ကိုင်ညွန့်ပေါင်းအဖွဲ့ တပ်စွဲထားသည့် စစ်စခန်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရ

အီရတ်နိုင်ငံတွင် အီရန်လိုလားသည့် လက်နက်ကိုင်ညွန့်ပေါင်းအဖွဲ့ တပ်စွဲထားသည့် စစ်စခန်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံရ
အီရတ်နိုင်ငံရှိ အီရန်လိုလားသည့် လက်နက်ကိုင်များ တပ်စွဲထားသည့် စစ်စခန်းတွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများကို ဘေဘီလုံပြည်နယ် ဟီလာမြို့ရှိ ဆေးရုံတွင် တွေ့ရစဉ်(Photo: AFP)
အီရတ်နိုင်ငံရှိ အီရန်လိုလားသည့် လက်နက်ကိုင်များ တပ်စွဲထားသည့် စစ်စခန်းတွင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူများကို ဘေဘီလုံပြည်နယ် ဟီလာမြို့ရှိ ဆေးရုံတွင် တွေ့ရစဉ်(Photo: AFP)
Published 20 April 2024

အီရတ်နိုင်ငံတွင် အီရန်လိုလားသည့် လက်နက်ကိုင် ညွန့်ပေါင်းအဖွဲ့ တပ်စွဲထား သည့် စစ်စခန်းတစ်ခုသည် ဧပြီ ၁၉ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသဖြင့် လူအ ချို့ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်း ရင်းမြစ်နှစ်ခုက ဧပြီ ၂၀ ရက် အစောပိုင်းတွင် ပြောကြားခဲ့သည်။

အီရတ်၏ Popular Mobilization သို့ မဟုတ် Hashed al-Shaabi ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ဘဂ္ဂဒက်မြို့တော်တောင်ပိုင်း ဘေဘီလုံပြည်နယ်ရှိ ကယ်လ်ဆို စစ်စခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုနှင့် စစ်တပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဆိုပါ ဖြစ်စဉ်တွင် လူတစ်ဦးသေဆုံးကာ ရှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးက ပြောကြားခဲ့ပြီး စစ်တပ်၏သတင်းရင်းမြစ်တစ်ခုကမူ ထို တိုက်ခိုက်မှုတွင် အီရတ်စစ်မှုထမ်းသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

Hashed al-Shaabi အဖွဲ့က ထုတ်ပြန် သည့် အစီရင်ခံစာတွင် ပေါက်ကွဲမှုကြောင့် ပစ္စည်းများ ပျက်စီးခဲ့ပြီး ထိခိုက်၊သေဆုံးမှုများ ရှိခဲ့ကြောင်း ဖော်ပြထားသော်လည်း ထိခိုက်၊ သေဆုံးသူအရေအတွက်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

၎င်းင်းတို့၏ စစ်စခန်းဝင်းအတွင်း တိုက် ခိုက်ခံခဲ့ရကြောင်း Hashed al-Shaabi အဖွဲ့က အတည်ပြုခဲ့ပြီး စုုံစမ်းစစ်ဆေးသူများကို စေလွှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုကို မည်သူက လုပ်ဆောင်ခဲ့သည်ဆိုခြင်းနှင့် ထိုတိုက်ခိုက်မှုသည် ဒရုန်း ဖြင့် တိုက်ခိုက်ခံရခြင်းဟုတ် မဟုတ်ကို လုံခြုံရေးသတင်းရင်းမြစ်များက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။

Ref: AFP

Most Read

Most Recent