ဂျပန် Dragon Ball ရုပ်ပြကာတွန်းနှင့် ကမ္ဘာတစ်ဝန်း အောင်မြင်မှုများ

ဂျပန် Dragon Ball ရုပ်ပြကာတွန်းနှင့် ကမ္ဘာတစ်ဝန်း အောင်မြင်မှုများ
Photo - AFP
Photo - AFP
Published 17 March 2024

ကွန်ဖူးစတိုင် တိုက်ခိုက်မှုများ၊ မျောက်အမြီးနှင့် လူငယ်လေးအပြင် မှော်နဂါးဘောလုံးခုနစ်လုံးကိုရှာ ဖွေမှုဇာတ်လမ်းဖြစ်သည့် ဂျပန်နိုင်ငံ၏ “Dragon Ball ”ကာတွန်းသည် ၁၉၈၄ ခုနှစ်တွင် စတင်ထွက်ရှိပြီး နောက်ပိုင်း ကမ္ဘာတစ်ဝန်းလုံးတွင် လူကြိုက်များခဲ့သည်။

ယင်းသည် အဖြူ၊အမည်းပုံစံ ရုပ်ပြကာတွန်းများမှ မျိုးဆက်သစ် ပရိသတ်များ ချစ်ခင်နှစ်သက်သည့် အအောင်မြင်ဆုံး ရုပ်ပြကာတွန်းနှင့် anime ဇာတ်လမ်းတွဲများအဖြစ် ပြောင်းလဲလာခဲ့ကာ ဂျပန်၏ရုပ်ပြ ကာတွန်းလောက၏ ပုံရိပ်ကို မြှင့်တင်ပေးခဲ့သည်။

ယင်းကာတွန်းကို ဖန်တီးသူ အကီရာတိုရီယာမာသည် အသက် ၆၈ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ် ကြောင်း ၎င်း၏ထုတ်လုပ်ရေးအဖွဲ့က မတ် ၈ ရက်တွင် ထုတ်ပြန်ကြေညာချက်သည် လူအများကို တုန် လှုပ်စေခဲ့သည်။ Dragon Ball နှင့် ပတ်သက်၍ အချက်အလက်အချို့ကို ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

စောင်ရေ သန်း ၂၆၀

မူရင်း Dragon Ball ရုပ်ပြကို ဆယ်ကျော်သက်လူငယ်များအား ရည်ရွယ်၍ ဂျပန်၏အပတ်စဉ်ထုတ် Shonen Jump မဂ္ဂဇင်းတွင်ဆယ်စု နှစ်တစ်စုကျော်ကြာ ထုတ်ဝေခဲ့သည်။

ဟာသနှင့် ဖြစ်နိုင်ခြေမရှိသော စွန့်စားခန်းများကို ဖော်ပြထားသည့် ယင်းကာတွန်းဇာတ်လမ်းတွဲများသည် ဂန္တဝင်တရုတ်ပုံပြင်ဖြစ်သည့် “အနောက်အရပ်သို့ခရီးသွားခြင်း” ဇာတ်လမ်းကို စိတ်ကူးယူကာ ကိုယ် ခံပညာအက်ရှင်ကို ရောနှောပေါင်းစပ်ထားခြင်းဖြစ်သည်။

ယင်းကာတွန်းတွင် သူရဲကောင်းမှာ မျောက်အမြီးနှင့် ထိုးထောင်နေသော ဆံပင်အနက်ရောင်ရှိသည့် ဆွန်းဂိုကူအမည်ရှိ လူငယ်ဖြစ်ကာ ယင်းလူငယ်အား အံ့ဖွယ်မှော်နဂါး ဘောလုံးခုနစ်လုံးကို ရှာဖွေရန်အတွက် လိပ်ပညာရှိတစ်ဦးက လေ့ကျင့်သင်ကြားပေးခဲ့သည်။

ဇာတ်လမ်းတွဲ အခန်းပေါင်း ၅၁၉ ခန်းကျော်နှင့်အတူ ဂိုကူသည် ပိုမိုကြောက်စရာကောင်းသော ရန်သူများကို အနိုင်ယူကာ ၎င်း၏ဆံပင်သည် ရွှေရောင်ပြောင်းလဲလာသည့်အထိ စွမ်းအားများ ပိုမိုမြင့်တက်လာခဲ့သည်။

ယင်းကာတွန်းများသည် ဂျပန် နှင့်ကမ္ဘာတစ်ဝန်းတွင် စောင်ရေ သန်း၂၆၀ ကျော် ရောင်းချနိုင်ခဲ့သည် ဟု ထုတ်ဝေသူက ဆိုသည်။

Dragon Ball Z

ရုပ်ပြကာတွန်း၏ပထမပိုင်းကို anime ကာတွန်းအဖြစ်သို့ ပြောင်းလဲခဲ့ကာ ယင်းကာတွန်းကို“Dragon Ball ” ဟု အမည်ပေးထားပြီး ဆွန်းဂိုကူ၏ အသံဇာတ်ကောင်ကို မင်းသမီး မာဆာကိုနိုဇာဝါက သရုပ်ဆောင်ထားသည်။

မာဆာကိုက တိုရီရာမာ၏ ကွယ်လွန်မှုနှင့်ပတ်သက်၍ စိတ်မကောင်းဖြစ်မိသည်ဟု ၎င်း၏အေဂျင်စီက ပြောကြားခဲ့သည်။

အခြားဘာသာစကားများဖြင့်  ထွက်ရှိလာသော ယင်း anime ဇာတ်လမ်းတွဲများသည် ကမ္ဘာတစ်ဝန်း၌ လူကြိုက်များခဲ့ကာ ကလေးများ၏ ငယ်ဘဝအဖော်မွန်ဖြစ်လာခဲ့သည်။

ယင်းနောက် ရုပ်ပြကာတွန်း၏ နောက်ဆုံးအပိုင်းကို “Dragon Ball Z” ဟု အမည်ပေးထားကာ ယင်း ဇာတ်လမ်းတွဲများတွင် ဂြိုဟ်ဖျက်စီးမှု တိုက်ပွဲများနှင့်အတူ အဆင့်အသစ်များကြောင့် လူအများကြားပိုမို ရေပန်းစားလာခဲ့သည်။ယင်းဇာတ်လမ်းတွဲသည် ၁၉၈၉ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း ပြသခဲ့သည်။

ရုပ်ရှင်များနှင့် ဂိမ်းများ

“ Dragon Ball ”၏ကမ္ဘာနှင့် တစ်ဝန်းကြီးမားသော အောင်မြင်မှုသည် ရုပ်ရှင်များ၊ ဗီဒီယိုဂိမ်းများ၊ လဲလှယ်ရေးကဒ်များနှင့်စုဆောင်းနိုင်သည့် အရုပ်များအဖြစ် ထပ်မံထွက်ပေါ်လာခဲ့သည်။

“ Dragon Ball ”သည်ဆက် လက်အောင်မြင်လျက်ရှိကာ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ“ Dragon Ball  Super ”anime ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသခဲ့သည်။

ဝေဖန်မှုများ

ကမ္ဘာတစ်ဝန်း လူကြိုက်များခဲ့သော်လည်း “ Dragon Ball ”သည် ၎င်း၏အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ သွယ်ဝိုက်ဖော်ပြမှုတို့ကြောင့်  အငြင်းပွားဖွယ်ဖြစ်ခဲ့သည်။

အမေရိကန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအများအပြားက ယင်း anime ဇာတ်လမ်းတွဲကို ဆင်ဆာ တည်းဖြတ်မှုများ ပြုလုပ်ခဲ့ပြီးအဖော်အချွတ်၊ သွေးထွက်သံယိုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အပါအဝင် ဇာတ်ဝင်ခန်းအချို့ကို ဖယ်ရှားခြင်း သို့မဟုတ် တည်းဖြတ်ခြင်း လုပ်ဆောင်ခဲ့သည်။

ဝေဖန်သူများက “ Dragon Ball ”၏ ပုံသေသဘောသဘာဝကို မီးမောင်းထိုးပြသခဲ့ပြီး New York Times  က ယင်းဇာတ်လမ်း တွဲများသည် “ထပ်တလဲလဲငြီးငွေ့ ဖွယ်ကောင်းပြီး ခန့်မှန်းနိုင်သော ဇာတ်ကြောင်းများ”ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။“ဒါပေမဲ့ သူ့ရဲ့ဖော်မြူ လာကတော့ ထုတ်ဖော်ပြောစရာစ ကားလုံးမရှိအောင် ကျေနပ်ဖို့ ကောင်းပါတယ်”ဟု ဆိုသည်။

Most Read

Most Recent