ပီရူးနိုင်ငံတွင် ရောဂါသည်အမျိုးသမီးတစ်ဦး တရားရုံးခွင့်ပြုချက်ဖြင့် ဆေးဝါးအကူအညီယူကာ ညင်သာစွာသေဆုံးခွင့်ရ

ပီရူးနိုင်ငံတွင် ရောဂါသည်အမျိုးသမီးတစ်ဦး တရားရုံးခွင့်ပြုချက်ဖြင့် ဆေးဝါးအကူအညီယူကာ ညင်သာစွာသေဆုံးခွင့်ရ
Photo: AFP
Photo: AFP
Published 23 April 2024

ပီရူးနိုင်ငံတွင် ရောဂါဝေဒနာခံစားနေရသည့် အမျိုးသမီးတစ်ဦးကို တရားရုံးတော်၏ ခွင့်ပြုချက်ဖြင့် ဆေးဝါးအကူအညီယူကာ ညင်သာစွာဇီဝိန်ခြွေပေးလိုက်ပြီဟု ၎င်းအမျိုးသမီး၏ရှေ့နေက ဧပြီ ၂၂ ရက်တွင်ပြောသည်။

အသက် ၄၇ နှစ်အရွယ် အန်နာအက်စ်ထရာဒါသည် ကြွက်သားအားနည်းစေသည့် (ကုသမရသည့်) ရှားပါးရောဂါတစ်မျိုးကို ဆယ်စုနှစ်သုံးစုကြာ ခံစားလာခဲ့ရသည်။ ၎င်းသည်အိပ်ရာမှ မထနိုင်ဘဲ အသက်ရှူစက်ဖြင့်နေရသည်။ ဧပြီ ၂၁ ရက်တွင် ၎င်းကွယ်လွန်သွားသည်။

စိတ်ပညာရှင်တစ်ဦးဖြစ်သည့် အက်စ်ထရာဒါက ၎င်းကိုဇီဝိန်ခြွေပေးရန် ၂၀၁၆ ခုနှစ်တွင်  တရားရုံးသို့ လျှောက်ထားခဲ့သည်။ ထိုနည်းက ပီရူးတွင် တရားမဝင်သော်လည်း၂၀၂၂ ခုနှစ်တွင် နိုင်ငံ၏တရားရုံးချုပ်က အက်စ်ထရာဒါကို ဘဝကူးစေရန် ခြွင်းချက်အနေဖြင့်ခွင့်ပြုခဲ့သည်။ပီရူးအပါအဝင် နိုင်ငံအများစုတွင် ထိုနည်းက တရားမဝင်ဘဲ ကိုလံဘီယာ၊ အီကွေဒေါနှင့်ကျူးဘားကဲ့သို့ လက်တင်အမေရိကနိုင်ငံအချို့တွင်မူ ထိုနည်းကိုခွင့်ပြုထားသည်။

ရုံးတော်ခွင့်ပြုချက်ရပြီးနောက် ရိုက်တာသတင်းဌာနနှင့်အင်တာဗျူးတွင် အက်စ်ထရာဒါက ဆေးအကူအညီဖြင့်သေဆုံးလိုသူများအတွက် ၎င်း၏အမှုက ရှေ့ဆောင်သာဓကဖြစ်ရန် မျှော်လင့်သည်ဟု ပြောခဲ့သည်။

Ref: Reuters

 

 

Most Read

Most Recent