ဂါဇာ စစ်ပွဲမတိုင်မီ အနောက်ဘက်ကမ်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်သည်ဟု စွပ်စွဲခံရသော အစ္စရေး စစ်တပ်ကို အမေရိကန်က အရေးယူခြင်းမရှိ

ဂါဇာ စစ်ပွဲမတိုင်မီ အနောက်ဘက်ကမ်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများ လုပ်ဆောင်သည်ဟု စွပ်စွဲခံရသော အစ္စရေး စစ်တပ်ကို အမေရိကန်က အရေးယူခြင်းမရှိ
Published 1 May 2024

ဂါဇာစစ်ပွဲမတိုင်မီ အနောက်ဘက်ကမ်း၌ လူ့အခွင့်အရေးချိုးဖောက်မှုများလုပ်ဆောင်သည်ဟု စွပ်စွဲခံရသော အစ္စရေးစစ်တပ်ကို အမေရိကန်က အရေးယူခြင်းမရှိဟု အေဘီစီသတင်းဌာနက ဖော်ပြခဲ့သည်။

အစ္စရေးကာကွယ်ရေးတပ်နှင့်အတူတပ်ရင်းသုံးခုသည် အနောက်ဘက်ကမ်းတွင် ပါလက်စတိုင်းအရပ်သားများကိုဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခဲ့သည် ဆိုသော်လည်း ယင်းတို့သည် ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်နေသော အဆင့်များဖြစ်သည်ဟု အစ္စရေးက ပြောကြားသောကြောင့် အစ္စရေးသည် အမေရိကန်စစ်ရေးအကူ အညီများနှင့် သင့်လျော်ဆဲဖြစ်သည်ဟု ဘိုင်ဒင်အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

အများပြည်သူများ သိရအောင် ထုတ်ပြန်ပေးခြင်းမပြုသေးသည့်အပြင် အစ္စရေးအစိုးရက တိကျသော အဆင့်များကို အကောင်အထည်ဖော်ခြင်းမရှိပါက အပြောင်း

အလဲဖြစ်လာနိုင်သော အမေရိကန်အစိုးရ စိစစ်ချက်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က အောက်လွှတ်တော်ဥက္ကဌ မိုက်ဂျွန်ဆင်ထံပေးပို့သော ပေးစာတွင် ဖော်ပြထားသော အ‌ကြောင်းအရာဖြစ်ပြီး အဆိုပါပေးစာကို အေဘီစီသတင်းဌာနက ရရှိထားသည်။

အမေရိကန်အစိုးရ၏စိစစ်သတ်မှတ်ချက်အရအမေရိကန်အကူအညီများပေးပို့ခြင်းကို အချိန်ဆိုင်းထားလိမ့်မည်မဟုတ်ကြောင်း၊ အစ္စရေးသည် ကွန်ဂရက်က လျာထားသော ပမာဏ အပြည့်အဝကို လက်ခံရရှိနိုင်လိမ့်မည်ဟု ဘလင်ကင်က‌ ရေးထားသည်။

တပ်ရင်းတစ်ရင်းစီပါဝင်ပတ်သက်နေသော လု့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များ သည် ဟားမာ့စ်က အစ္စရေးကို တိုက်ခိုက်သည့်အခါ စတင်ခဲ့သည့် အောက်တိုဘာ ၇ ရက် စစ်ပွဲ မတိုင်မီ ဖြစ်ပွားခဲ့ခြင်ဖြစ်သည်။ အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများ

သည် ဂါဇာ၌ လုပ်ဆောင်နေသော ဟားမာ့စ် စစ်ဆင်ရေး သို့မဟုတ် အီရန်နှင့်အီရန်၏လက်ဝေခံအဖွဲ့များကို လုပ်ဆောင်နေသော စစ်ဆင်ရေးများတွင် ပါဝင်ခြင်းမရှိပေ။

သို့တိုင် ဘလင်ကင်၏စိစစ်ချက်သည် ဘိုင်ဒင်အစိုးရကို ဝေဖန်နေသူများအား လှည့်စားသည့် အနေအထားဖြစ်နေသည်။

 ဂါဇာ၌လုပ်ဆောင်နေသောစစ်ဆင်ရေးကအရပ်သားပြည်သူများကို အငတ်ဘေးသို့တွန်းပို့နေသည့်အတွက် အဆိုပါစစ်ဆင်‌ရေးနှင့်ပတ်သက်၍ အစ္စရေးကို တာဝန်ခံစေရာတွင် အမေရိကန်အစိုးရ၏ လုပ်ဆောင်မှုများသည်မလုံလောက်ဟု ဝေဖန်သူများက ပြောကြားသည်။

အနောက်ဘက်ကမ်းတွင်နေထိုင်သော အထင်ကရ ပါလက်စတိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အစ်ဆာအမ်ရိုကမူ အမေရိကန်ဆုံးဖြတ်ချက်ကို ၎င်း စိတ်ပျက်မိသည်ဟုပြောကြားခဲ့သော်လည်း ယင်းဆုံးဖြတ်ချက်ကိုအံ့အားသင့်ခြင်းမရှိဟုဆိုသည်။

အမေရိကန်သည် အကြမ်းဖက်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချရာတွင်လည်းကောင်း၊ ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးပြည်သူတို့ ငြိမ်းချမ်းရေးရအောင် လုပ်ဆောင်ရာတွင်လည်းကောင်း ခိုင်မာသော ဆောင်ရွက်ချက်များကို လုပ်ဆောင်ခြင်းမရှိဟု ၎င်းက အေဘီစီသတင်းဌာနကို ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန်းစစ်ရာတွင် အမေရိကန်အစိုးရ၏လုပ်ငန်းစဉ်သည် မျှတမှုရှိပြီး အစ္စရေးကို ဦးစားပေး ဆက်ဆံခြင်းမျိုးမရှိဟု အမေရိကန်အစိုးရ တာဝန်ရှိသူများက တုံ့ပြန်ခဲ့သည်။

ပြည်ပနိုင်ငံများအနေဖြင့် ၎င်းတို့၏စစ်တပ်များတွင် အကျင့်မကောင်းသူများကို ရှင်းလင်းဖယ်ရှားခြင်းအားတွန်းအားပေးနိုင်သော ပြန်လည်ကုစားရေးဟူသော လုပ်ငန်းစဉ်မှတစ်ဆင့် အမေရိကန်အခြား

နိုင်ငံများနှင့်အတူ ဆောင်ရွက်သည်အခါ အဆိုပါကိစ္စများသည် ထူးခြားသည်ဟု မပြောနိုင်ကြောင်း အမေရိကန်အစိုးဝာာဝန်ရှိသူများက ပြောကြားသည်။

"အဲဒီ အခြေအနေ တစ်ခုချင်းစီဟာ ကွဲပြားပါတယ်။ အချက်အလက်တွေကိုစုဆောင်းဖို့နဲ့ အချက်အလက်တွေအတိုင်း ဆောင်ရွက်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ဆောင်ရွက်သွားပါမယ်"ဟု ဧပြီ ၂၇ ရက် သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်အစိုးရ၏စိစစ်ချက်အကြောင်းမေးမြန်းရာတွင် ဘလင်ကင်ကဖြေကြားခဲ့သည်။

Ref:ABC News

Photo :AFP

Most Read

Most Recent