ယူကရိန်း၏ခါကိဗ်ဒေသမှ ရွာလေးရွာကို ရုရှားတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဒေသမှ အရပ်သား ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရ

ယူကရိန်း၏ခါကိဗ်ဒေသမှ ရွာလေးရွာကို ရုရှားတပ်များက သိမ်းပိုက်ခဲ့ပြီးနောက် ယင်းဒေသမှ အရပ်သား ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရ
ခါကိဗ်ရှိ ကယ်ဆယ်ရေးစခန်းသို့ နေရပ်စွန့်ခွာသူများ ဘက်စ်ကားဖြင့် ရောက်လာပုံကို မေ ၁၂ ရက်တွင်တွေ့ရစဉ်(Photo:AFP)
ခါကိဗ်ရှိ ကယ်ဆယ်ရေးစခန်းသို့ နေရပ်စွန့်ခွာသူများ ဘက်စ်ကားဖြင့် ရောက်လာပုံကို မေ ၁၂ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 14 May 2024

၂၀၂၂ ခုနှစ်တွင် ရုရှားစစ်သားများ တွန်းလှန်ခြင်းခံခဲ့ရသောနေရာ၌ ရုရှားက စစ်ဆင်ရေးလုပ်ဆောင်ခဲ့ ခြင်းကြောင့် ယင်းနေရာရှိပြည်သူ ထောင်ပေါင်းများစွာ နေရပ်စွန့်ခွာနေရချိန်တွင် ရုရှားတပ်များသည် ယူ ကရိန်း၏ခါကိဗ်ဒေသရှိ နောက်ထပ် ရွာလေးရွာကို သိမ်းပိုက်ခဲ့သည်ဟု သိရသည်။

ပြင်းထန်သော တိုက်ပွဲဖြစ်ပွားနေသည်ဟု ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ပြောကြားခဲ့သည်။ ရုရှားနှင့်နယ်ချင်းထိစပ်နေသော နယ်စပ်ဒေသရှိနေရာအားလုံးသည် ရန်သူ၏ အချိန်မလပ် ပစ်ခတ်မှုကို ခံနေရ သည်ဟု အုပ်ချုပ်ရေးမှူး အိုလက်ဆိုင်နီဂူဘော့က ပြောကြားခဲ့သည်။

အခြေအနေသည် ရှုပ်ထွေးနေသည်ဆိုသော်လည်း ယူကရိန်းတပ်ဖွဲ့များသည် ရုရှားတပ်များ နောက်ထပ် ရှေ့တက်မလာအောင် တားဆီးထားသည်ဟု ယူကရိန်းစစ်တပ်အကြီးအကဲတစ်ဦးက ပြောကြားခဲ့သည်။

ရုရှားတပ်များသည် ခါကိဗ်ဒေသရှိ ကျေးရွာငါးရွာကို သိမ်းပိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရန်သူ၏ခံစစ်စည်းထဲသို့ နက်ရှိုင်းစွာ ချီတက်သွားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ခါကိဗ်ဒေသရှိ ရှေ့တန်းစစ်မျက်နှာအနီးက ပြည်သူ့ကယ်ဆယ်ရေးစခန်းတစ်ခုတွင် နယ်စပ်မြို့ဗော့ချန်ဆစ်မှ ထွက်ခွာလာသော လူစုကိုတွေ့ရသည်ဟု မေ ၁၂ ရက်တွင် အေအက်ဖ်ပီသတင်းထောက်များက ပြောကြား သည်။ ၎င်းတို့ထဲက အများစုမှာ အသက်ကြီးသူများနှင့် မည်သည့်နေရာသို့ သွားရမှန်းမသိသူများ ဖြစ်သည်ဟု ဆိုသည်။

လုပ်အားပေးများက နေရပ်စွန့်ခွာလာသူများကို သစ်သားခုံတန်းများတွင် နေရာချထားပေးသည်။ ၎င်းတို့သည်ထိုနေရာတွင် မှတ်ပုံတင်ကြပြီး အစားအစာများကို လက်ခံရယူကြကာ ဒေသဆိုင်ရာမြို့တော် ခါကိဗ်သို့ သွားကြမည်ဟု ဆိုသည်။

လွန်ခဲ့သောရက်ပိုင်းတွင် ဗော့ချန်ဆစ်မြို့နှင့်ယင်းမြို့အနီးဝန်းကျင်မှ နယ်ခံ ၆,၀၀၀ နီးပါးကို ရွှေ့ပြောင်းပေးခဲ့သည်ဟု ခါကဗ်အုပ်ချုပ်ရေးမှူး အိုလက်ဆိုင်နီဂူဘော့က ပြောကြားခဲ့သည်။

“မီးခိုးရောင်နယ်မြေကနေ တိုက်ပွဲနယ်မြေအဖြစ် အမှန်တကယ်ပြောင်းလဲသွားတဲ့ ရွာတွေရှိနေပါတယ်။ ကျူးကျော်လာသူတွေဟာ အဲဒီရွာအချို့မှာ ခြေကုပ်ယူဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။ ရှေ့ကို ချီလာဖို့ အဲဒီခြေ ကုပ်နေရာတွေ အသုံးပြုနေတာဖြစ်ပါတယ်”ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

မီးခိုးရောင် နယ်မြေသည် ှနှစ်ဖက်စလုံးက အပြည့်အဝ ထိန်းချုပ်နိုင်ခြင်းမရှိသော နယ်မြေဖြစ်သည်။

ဗော့ချန်ဆစ်တစ်ဝိုက်တွင် အခြေအနေသည် အလွန့်အလွန် ခက်ခဲနေသည်ဟု ယူက ရိန်းသမ္မတဇယ်လန်းစကီးက ပြောကြားခဲ့သည်။

ကယ်ဆယ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်ပေးနေသော အကြီ်းတန်းရဲအရှိ အိုလက်စီခါကစ်စကီးက ဗော့ချန်ဆစ်သည် အဆက်မပြတ် ပစ်ခတ်ခံနေရသည်ဟု ပြောကြားခဲ့သည်။

“မြို့မှာရှိတာတွေ အားလုံးဟာ ပျက်စီးသွားပါတယ်။ အဆက်မပြတ်ပေါက်ကွဲသံတွေ၊ လက်နက်ကြီး ပစ်သံတွေ၊ မော်တာသံတွေကို ကြားနေရပါတယ်။ ရန်သူဟာမြို့ကို သူတို့မှာရှိတဲ့အရာတွေနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းမြို့မှ အရပ်သား ၅,၀၀၀ ထွက်ခွာသွားသည်ဟု ဆိုသည်။                        

Ref:AFP

Most Read

Most Recent