အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၌ကျင်းပမည့် UFC 304 ပြိုင်ပွဲတွင် အိမ်ရှင်ကစားသမားနှစ်ဦး၏ ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ပါဝင်မည်

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၌ကျင်းပမည့် UFC 304 ပြိုင်ပွဲတွင် အိမ်ရှင်ကစားသမားနှစ်ဦး၏ ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ပါဝင်မည်
Photo: X
Photo: X
Published 18 May 2024

 

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့၌ကျင်းပမည့် UFC 304 ပြိုင်ပွဲတွင် အိမ်ရှင်ကစားသမားနှစ်ဦးဖြစ်သည့် ဝယ်လ်တာဝိတ်တန်းချန်ပီယံ လီယွန်အက်ဒဝပ်နှင့် ဟဲဗီးဝိတ်တန်း ကြားဖြတ်ချန်ပီယံ တွမ်အက်စ်ပင်နယ်လ်တို့၏ ချန်ပီယံကာကွယ်ပွဲနှစ်ပွဲ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

UFC ပြိုင်ပွဲကို ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်း အင်္ဂလန်နိုင်ငံ၌ ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ပြီး ဇူလိုင် ၂၇ ရက်တွင် မန်ချက်စတာမြို့ရှိ Co-op Live အား ကစားရုံ၌ ကျင်းပမည်ဖြစ်သည်။ 

ယင်းပြိုင်ပွဲတွင် ခေါင်တွဲဆိုင်းအဖြစ် ဝယ်လ်တာဝိတ်တန်းချန်ပီယံ အင်္ဂလန်ကစားသမား လီယွန်အက်ဒဝပ်နှင့် အမေရိကန်ကစားသမား ဘီလဲလ်မူဟမ်မက်၊ ဒုခေါင်တွဲဆိုင်းအဖြစ် ဟဲဗီးဝိတ်တန်းကြားဖြတ်ချန်ပီယံ အင်္ဂလန်ကစားသမား တွမ်အက်စ်ပင်နယ်လ်နှင့် အမေရိကန်ကစားသမား ကာတစ်ဘလေဒက်စ်တို့ ထိုးသတ်မည်ဖြစ်ပြီး တွဲဆိုင်းနှစ်ခုစလုံး မကျေပွဲပြန်လည်ထိုးသတ်ခြင်းဖြစ်သည်။

ထို့ပြင် အခြားတွဲဆိုင်းများတွင်လည်း အင်္ဂလန်ကစား သမားများ၏ပွဲစဉ်များကို ထည့်သွင်းထားပြီး လိုက်ဝိတ်တန်း အဖြစ် ဘော်ဘီဂရင်း (အမေရိကန်) နှင့် ပက်ဒီပင်ဘလက် (အင်္ဂလန်)၊ ဖယ်သာဝိတ်တန်းအဖြစ် အာနိုးလ်အယ်လန် (အင်္ဂလန်) နှင့် ဂီဂါချီကာဇေ (ဂျော်ဂျီယာ)၊ ဖလိုင်းဝိတ်တန်း အဖြစ် မူဟမ်မက်မိုခါယက်ဗ် (အင်္ဂလန်) နှင့် မာနယ်လ်ကာပီ (ပေါ်တူဂီ) တို့ ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent