မြင်းခြံမြို့နယ် ဆုံကျေးရွာရှိ ပြည်သူ့စစ်စခန်းကို PDF များက တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲသဖြင့် ကလေးများအပါအဝင် ဒေသခံ ၃၂ ဦးသေဆုံးကာ   နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီး

မြင်းခြံမြို့နယ် ဆုံကျေးရွာရှိ ပြည်သူ့စစ်စခန်းကို PDF များက တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာအတွင်းကျရောက်ပေါက်ကွဲသဖြင့် ကလေးများအပါအဝင် ဒေသခံ ၃၂ ဦးသေဆုံးကာ   နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီး
Published 9 May 2024

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံကျေးရွာရှိ ပြည်သူ့ စစ်စခန်းကို မေလ ၉ ရက် နံနက်ပိုင်းတွင် PDF များက တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီးများ ကျေးရွာ အတွင်းကျရောက်ပေါက်ကွဲသဖြင့် ကလေးများ အပါအဝင် ဒေသခံ ၃၂ ဦးသေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်၍ နေအိမ်အလုံး ၅၀ ခန့် မီးလောင်ပျက်စီးခဲ့ ကြောင်း  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ ဘက် မီတာ ၄၀၀၀ ခန့်အကွာရှိ ဆုံကျေးရွာ ပြည်သူ့စစ်စခန်းအား မေ ၉ ရက် နံနက်ပိုင်းတွင် ကျေးရွာ၏ တောင်ဘက်နှင့် အရှေ့  တောင်ဘက်မှနေ၍ PDF များက လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လက်နက်ကိုင်များသည် ကျေးရွာ ပြည်သူ့စစ်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အရှေ့ဘက်သို့ ဆုတ် ခွာသွားခဲ့ပြီး ဆုတ်ခွာစဉ် နီးစပ်ရာ နေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် သည်။

PDF များက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် များပေါ်သို့ လက်နက်ကြီးကျည်များ ကျ ရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေ ထိုင်လျက်ရှိသည့် ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသားငါးဦး၊ အမျိုးသမီး ကိုးဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန် ဒဏ်ရာ များရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေး ရွာအတွင်းရှိ နေအိမ် ၅၀ လုံးခန့်မီးလောင် ပျက်စီးခဲ့သဖြင့် ကျေးရွာနှင့်အနီးဆုံး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ် သည့် မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးကာ ထိခိုက်ဒဏ်ရာရရှိ သူများအား မန္တလေးမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှုများ ခံယူစေလျက်  ရှိကြောင်း သိရသည်။

Most Read

Most Recent