အယ်လီဂရီ၏နေရာတွင် ကွန်တီအား အစားထိုးခန့်ရန် ဂျူဗင်တပ်စ်အသင်းကို အသင်းတိုက်စစ်မှူးဟောင်း ရာဗင်နယ်လီ တောင်းဆို

အယ်လီဂရီ၏နေရာတွင် ကွန်တီအား အစားထိုးခန့်ရန် ဂျူဗင်တပ်စ်အသင်းကို အသင်းတိုက်စစ်မှူးဟောင်း ရာဗင်နယ်လီ တောင်းဆို
Photo: X
Photo: X
Published 9 May 2024

ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်း ရာဗင်နယ်လီက အသင်းဟောင်းအား  လက်ရှိနည်းပြ အယ်လီဂရီ၏နေရာတွင် အသင်းနည်းပြဟောင်းတစ်ဦးဖြစ်သူ ကွန်တီအား အစားထိုးခန့်အပ်ရန် တောင်းဆိုခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့်ရာသီက အမှတ်လျှော့ပြစ်ဒဏ်ကြောင့် ဥရောပပြိုင်ပွဲဝင်ခွင့်နှင့်လွဲချော်ခဲ့သော်လည်း လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် အခြေအနေကောင်းနေသည်။

ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေပွဲစဉ် (၃၅) အပြီးတွင် ရမှတ် (၆၆)မှတ်ဖြင့် အဆင့် (၃) နေရာ ရပ်တည်နေပြီး အဆင့် (၅) နေရာမှ အတ္တလန်တာအသင်း(၆၀ မှတ်)ကို (၆) မှတ်အထိ ဖြတ်ထားသည်။

သို့သော် ဂျူဗင်တပ်စ်အသင်းသည် စီးရီးအေချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသည့်အတွက် အယ်လီဂရီမှာ ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့် ရာဗင်နယ်လီက အသင်းနည်းပြဟောင်း ကွန်တီကို ပြန်လည်ခန့်အပ်ရန် ဂျူဗင်တပ်စ်အသင်းအား တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ရာဗင်နယ်လီက ''ကွန်တီက ဂျူဗင်တပ်စ်ကို ကောင်းကောင်းနားလည်သူပါ။ သူလာရင် အသင်းရဲ့စည်းကမ်းပိုင်းလည်း ကောင်းသွားမယ်''ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး စီးရီးအေချန်ပီယံဆု (၃)ကြိ်မ်အပါအဝင် ဆုဖလား (၇)လုံး ရယူပေးခဲ့သည်။ 

Most Read

Most Recent