■ လာမည့်နွေရာသီ၌ တိုက်စစ်ပိုင်းကို အားဖြည့်ရန် အာဆင်နယ်အသင်း ပစ်မှတ်ထားနေသည့် ကစားသမား (၁၀)ဦးအထိ ရှိနေ     

■ လာမည့်နွေရာသီ၌ တိုက်စစ်ပိုင်းကို အားဖြည့်ရန် အာဆင်နယ်အသင်း ပစ်မှတ်ထားနေသည့် ကစားသမား (၁၀)ဦးအထိ ရှိနေ     
Photo: Daily Mail
Photo: Daily Mail
Published 29 March 2024

အာဆင်နယ်အသင်းသည် လာမည့်နွေရာသီ၌ တိုက်စစ်ပိုင်းကို အား ဖြည့်ရန် စီစဉ်နေရာ ပစ်မှတ်ထားနေသည့် ကစားသမား (၁၀)ဦးအထိ ရှိနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

    

အာဆင်နယ်အသင်းသည် လက်ရှိအချိန်၌ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဂိုး(၇၀)အထိ သွင်းယူကာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ် တည်နေသော်လည်း ထိပ်တန်းအဆင့် တိုက်စစ်မှူး မရှိသည့်အတွက် အားကစားဒါရိုက်တာ အီဒူးက တိုက်စစ်မှူးအသစ် ထပ်မံအားဖြည့်ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။ 

ယင်းအတွက် အာဆင်နယ်အသင်း ပစ်မှတ်ထားနေသည့် ကစားသမားများထဲတွင် လက်ရှိ ပရီးမီးယားလိဂ်မှ ကစားသမားများ ပါဝင်နေသည့်အပြင် ပြည်ပမှ ကစားသမားများလည်း ပါဝင်နေသည်။ 

တန်ဖိုးအားဖြင့်လည်း အတန်းအစားအမျိုးမျိုး ပါဝင်နေပြီး နာပိုလီတိုက်စစ်မှူး အိုဆင်မန်မှာ ပေါင်သန်း (၁၅၀)ဝန်းကျင် အသုံးပြုမှသာ ခေါ် ယူနိုင်ဖွယ်ရှိသည့်အတွက် တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် သတ်မှတ်ရဖွယ်ရှိနေကြောင်း သိရသည်။

    

အာဆင်နယ်အသင်း ခေါ်ယူရန် ပစ်မှတ်ထားနေသည့် တိုက်စစ်ကစားသမား (၁၀)ဦးမှာ အီဗန်တို နေး(ဘရန့်ဖို့ဒ်)၊ အီဆက်ခ်(နယူး ကာဆယ်)၊ ဂျော်ကာရက်စ်(စပို့တင်းလစ္စဘွန်း)၊ အိုဆင်မန်(နာပိုလီ)၊ အိုပန်ဒါ(လိုက်ပ်ဇစ်)၊ ဆက်စ်ကို (လိုက်ပ်ဇစ်)၊ အီဗန်နီလ်ဆင်(ပေါ် တို)၊ ဘရော့ဘ်ဘေ(အေဂျက်စ်)၊ ဟီမင်နက်ဇ်(ဖီယင်နု)၊ ဘိုနီဖေ့စ်(လေဗာကူဆင်)တို့ဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ် အတွေ့အကြုံရှိထားပြီးဖြစ်သည့် ကစားသမားများကို ပိုမိုအလိုရှိနေသည်။

Most Read

Most Recent